ဂျူ ။ ။ မျိုးဝင်း၊ သန်းဇော်တို့က တပ်ဖွဲ့ဝင်တွေကို နှိပ်ကွပ်ချင်နေသလို၊ သံချောင်းတို့၊ ရော်နယ်အောင်နိုင်တို့က ရော ကိုထွန်းအောင်ကျော်အပေါ် ဘယ်လိုတွေကြောင့် စိတ်ကွက်တယ်ထင်လဲ။
ဖိုးစန်း ။ ။ ကျွန်တော်အထင်ကတော့ ကိုထွန်းအောင်ကျော်တို့ မရောက်ခင်က သံချောင်းက နာမည်ကြီး ကိုထွန်းအောင်ကျော်ရောက်လာတော့ သူထက် နာမည်လွှမ်းမိုးတဲ့သူ ရောက်လာတယ်ပေါ့။ ကိုထွန်းအောင်ကျော် ဆိုတာက မြေပေါ်မှာကတည်းက ဗကသ ခေါင်းဆောင်လေ၊ တော်လည်း တအားတော်တော့ နိုင်ငံရေးအမြင်က လည်း ပြည့်တော့ ကမ္ဘာကတောင် စိတ်ဝင်စားရတယ်။ နောက် ကိုထွန်းအောင်ကျော် ဥက္ကဋ္ဌဖြစ်လာတော့ မူးယစ်ဆေးဝါးတွေ ဘာတွေကို ဆန့်ကျင်တိုက်ဖျက်တယ်။ အဲဒီလို မူးယစ်ကိစ္စကို ပြတ်သားမှုကြောင့် ကေအိုင် အေ လူကြီးတွေကတောင် ကိုထွန်းအောင်ကျော်ကို လေးစားလာရတယ်။ အဲဒါတွေကြောင့် ဖြစ်နိုင်တယ်။
ကျော်ဇင်ထွန်း ။ ။ ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မြောက်ပိုင်းလုပ်မယ်ဆိုတော့ သံချောင်းက ပြောတယ်။ ဒါဆို ကျုပ်က စစ်ရေးခေါင်းဆောင် မလုပ်ရတော့ဘူးလားလို့ မေးတာကို ကျွန်တော်ကိုယ်တိုင်ကြားဖူးတယ်။ နောက် ရော်နယ်အောင်နိုင်လည်း ဒီစိတ်တွေရှိနိုင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရော်နယ်အောင်နိုင်နဲ့ ကိုထွန်းအောင်ကျော်က တစ်မြို့တည်းသားတွေ၊ မြေအောက်ရောက်တဲ့အထိ အတူတူလာကြတာ။ ဒီ တော့ ကိုထွန်းအောင်ကျော် ထောက်လှမ်းရေး မဟုတ်မှန်း သူသိနေတာပဲ။ ကိုထွန်းအောင်ကျော်ကို ထောက်လှမ်း ရေးပါဆိုပြီး ဖမ်းဆီးစစ်ဆေးနေချိန်မှာ ရော်နယ်အောင်နိုင်က အတွင်းရေးမှူးလေ။ ဒါကို ဘာကြောင့် သူက မတားခဲ့တာလဲ။ ထောက်လှမ်းရေး မဟုတ်မှန်း ဘာကြောင့် အာမ မခံနိုင်ရတာလဲ။ ဒါတွေဟာ ရော်နယ်အောင်နိုင်ရဲ့ မရိုးသားမှုတွေပဲ၊ မျိုးဝင်းက တော့ အဓိက ဖြိုခွဲသူပဲ။ သူ့ရဲ့ အငြိုးအတေးဟာ သိပ်ကြီးမားတယ်။
ဂျူ ။ ။ ဘယ်လိုကြီးမားတာလဲ။
ကျော်ဇင်ထွန်း ။ ။ ကြုံဖူးတာလေး ပြောပြချင်တယ်။ တစ်ရက် ကျွန်တော်ရယ် ၊ ကိုညီ (ကိုညီညီကျော်) ရယ်၊ မျိုးဝင်း ရယ်၊ ကျားလေးရယ် ဗဟိုကနေ ကားနဲ့ဆင်းလာတော့ ယင်ကျမ်းရွာအကျော်က ဓားလုပ်တဲ့ရွာမှာ ကားရပ်တယ်။ မျိုးဝင်းနဲ့ ကျားလေးက ဓားဆင်းဝယ်တယ်။ ဓားဆိုင်မှာ မျိုးဝင်းဓားရွေးနေပုံကိုကြည့်ပြီး ကြက်သီးထမိတယ်။ သူက ဓားတစ်ချောင်းကို ကိုင်ကြည့်လိုက်၊ လူတစ်ယောက်ကို ခုတ်တဲ့ပိုင်းတဲ့ပုံစံမျိုးနဲ့ဆိုတော့ ကျွန်တော်တို့ အူကျိန်းမိတာ ပေါ့။ အဲဒီမှာ တစ်ခုပြောစရာရှိတယ်။ အပတ်စဉ် (၅) ဒါဘာပွဲမှာ စကားပြောကြတော့ မျိုးဝင်းအကြောင်းကို သင်တန်းဆင်းတဲ့သူတွေက မျိုးဝင်းရှေ့မှာတင် ဝေဖန်ကြတယ်။ မျိုးဝင်းဟာ တရုတ်နိုင်ငံထဲ ရောက်သွားရင် ဘယ်လောက်ဈေးကြီးတဲ့ အမျိုးသမီးကို ဆက်ဆံတယ်ကအစ ၀ိုင်းဝေဖန်ကြတယ်။ နောက် ထောက်လှမ်းရေးတွေပါဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းတော့ သူ့ကို ဝေဖန်တဲ့သူတွေ အကုန်လုံး အဖမ်းခံရတယ်။ သူတို့ကို သတ်တော့ "မင်း ဟိုတုန်းကလို ငါ့ကိုပြောသလို ပြောဦးလေကွာ" ဆိုပြီး သတ်တာ။
ဂျူ ။ ။ အပ်စိုက်ကိုသတ်တာရော ဘာကြောင့်လို့ထင်လဲ။
ကျော်ဇင်ထွန်း ။ ။ ကျွန်တော်ထင်တာတော့ ကိုအပ်စိုက်က မြောက်ပိုင်းမပြောင်းခင်က ပြန်ကြားရေးတာဝန်ခံ လုပ်တယ်။ မြောက်ပိုင်းဖြစ်ဖို့လုပ်တဲ့အခါ တက်ကြွတယ်။ ဒါကြောင့် အငြိုးထားတယ်လို့ ထင်တယ်။ ကိုအပ်စိုက်က ဗဟိုကော်မတီ လူကြီးလေ။ သူ့ကိုဖမ်းတာက နည်းနည်းစောတယ်။ ကသာအုပ်စုထဲမှာ သူက အနာဆုံးပဲ။ သူ့စအိုကို ၀ါးလုံးထိုးသွင်းပြီးမွေ့တယ်။ ပြီးတော့မှ စအိုဝကို ကျဉ်စက်နဲ့ တို့တယ်။ သူတို့ကျဉ်စက်နဲ့တို့တော့ စခန်းကိုမီးပေးတဲ့ အင်ဂျင်စက်တောင် ထိုးရပ်သွားတဲ့အထိ ပက်ပက်စက်စက် လုပ်တာ၊ သူဟာ အလွန်ပျော်တတ် တဲ့ သူပါ။ စခန်းမှာ လူချစ်လူခင်ပေါတယ်။
ထက်ထက် ။ ။ ဟုတ်တယ်။ ကျွန်မတို့ ရဲမေတွေကိုဆို တအားစတာ၊ စတယ်ဆိုတာ လူပျိုအပျို စနည်းမျိုး မဟုတ်ဘူး။ ဥပမာ ရဲမေတွေ သူ့ရှေ့ကဖြတ်သွားရင် "ဟွန့်..ကောင်မလေးတွေ ငါ့ရှေ့ကလည်းဖြတ်သွားတာ ကောင်းကောင်းမဖြတ်ကြဘူး လေကလည်း လည်သွားသေးတယ်၊ နံလိုက်တာ" ဆိုတာမျိုး စတာ။
ကျော်ဇင်ထွန်း ။ ။ သူ့ကို နောက်ဆုံးတွေ့လိုက်ရတာက လိုင်စင်မှာ ကျွန်တော် ဘောလုံးပွဲသွားကြည့်တဲ့နေ့ ဘောလုံးကွင်းနဘေးကနေ ထမ်းစင်နဲ့ ခေါ်သွားတာတွေ့တယ်။ အစက ဘယ်သူမှန်း မသိဘူးပေါ့။ နောက်မှ တိုးတိုးတိတ်တိတ်မေးကြည့်တော့ ကိုအပ်စိုက်ပေါ့။ နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေကြောင့် ဆေးရုံသွားတင်တာလို့ ပြောတယ်။
ထက်ထက် ။ ။ ဟုတ်တယ်။ အဲဒီအချိန်က ကျွန်မတို့ ဆေးသင်တန်းတက်နေတဲ့ဆီ ကိုအပ်စိုက်ကို ပို့လာတယ်။ ကျွန်မတို့နဲ့ သင်တန်းအတူတူတက်နေတဲ့ ကေအိုင်အေက သူနာပြုတွေကိုပဲ သွားပြုစုစေတယ်။ အဲဒီသူနာပြုတွေ ပြုစုပေးရာကနေ ပြန်လာတဲ့အခါတွေမှာတော့ ကျွန်မက မေးတာပေါ့။ အခြေအနေ ဘယ်လိုလဲလို့ သူတို့ပြောတာ က ဒဏ်ရာတွေက တစ်ကိုယ်လုံး ရစရာမရှိဘူးတဲ့၊ တစ်ရက်တစ်ရက် ပြည်(ပြီ) တွေက ဆေးရုံ သုံးခွက်နဲ့ တစ်ခွက် စာလောက် ထွက်တယ်တဲ့ ပုပ်စော်လည်းနံနေပြီပေါ့။ နောက်တော့လည်း ဆုံးသွားတာပါပဲ။
ဂျူ ။ ။ နောက်တော့ ကျော်ဇင်တို့ ဖိုးစန်းတို့ ဖမ်းခံရတယ်နော်။ ပြောပါဦး၊ ဖမ်းခံရပုံလေးတွေကို။
ကျော်ဇင်ထွန်း ။ ။ ကျွန်တော့်ကို အရင်ဖမ်းတာ။ အဲဒီနေ့က ကင်တင်းမှာ အရက်သောက်ဖို့ အရက်သွားဝယ်ပြီး အပြန်မှာ သန်းဇော်နဲ့တန်ဂွန်းက လမ်းမှာတင် သေနတ်နဲ့ ချိန်ပြီးဖမ်းတာ။ ဟိုရောက်တာနဲ့ စစ်တော့တာပေါ့ ။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်တော်တို့က သိနေပြီ။ မင်းတို့ ထောက်လှမ်းရေးလားမေးရင် ဟုတ်ပါတယ်လို့ ပြောရမယ် ဆိုတာ။ ဘာဖြစ်လို့လဲဆိုတော့….
ဖိုးစန်း ။ ။ ဘာဖြစ်လို့လည်းဆိုတော့..တစ်ညမှာ ခင်မောင်စိုးကို ဖမ်းပြီးစစ်တယ်။ ကျွန်တော်တို့တဲနဲ့က ပေ ၅၀၊ ၁၀၀ လောက်ပဲ ဝေးတော့ ကျွန်တော်တို့ ကြားနေရတယ်။ အစစ်ခံရတဲ့ သူက မဟုတ်ဘူးငြင်းတယ်။ နောက်ကျတော့ သေတာပဲ။ အလောင်းကို ဆွဲထုတ်သွားတယ်။ ဒီတော့ ကျွန်တော်တို့အားလုံးရဲ့ အသိမှာ AB ထောက်လှမ်းရေးက မင်းတို့ဟာ စစ်တပ်ကလွှတ်တဲ့ ထောက်လှမ်းရေးတွေမဟုတ်လားလို့ စစ်ပြီဆိုရင် ဟုတ်တယ်ဖြေရမယ်ဆိုတာ၊ ရဲဘော်အားလုံး သိပြီးသားလေ။
ကျော်ဇင်ထွန်း ။ ။ ဟုတ်တယ်။ ကျွန်တော့်ကိုဖမ်းပြီး တိုင်မှာ ကြိုးတုတ်ထားတဲ့အချိန်ကို မွေ့ယာတွေဘာတွေနဲ့ ထားတာတွေ့လို့မေးကြည့်တော့ သူက SB က ဗိုလ်ကြီးဆိုတာ ၀န်ခံပြီးပြီပေါ့။ ဒါနဲ့ ကျွန်တော့်ကို စစ်တယ်။ ပထမ တော့ ဓားဦးချွန်နဲ့ ပေါင်ထိုးဆွတယ်။ နောက် ဗိုက်ကိုလှန်ပြီး ဓားသွားနဲ့မွှမ်းတယ်။ အခုထိ ဗိုက်မှာ ဓားမွှမ်းရာတွေ ရှိတယ်။ ဒါတွေကို ကျွန်တော်ကြိတ်ခံတယ်။ နောက်တော့ ကြွပ်ကြွပ်အိတ်ကို ရေဆွတ်ပြီး ခေါင်းကိုစွတ်ချတယ်။ အဲဒါမှာ ကျွန်တော် ဘယ်လိုမှ မခံနိုင်တော့ဘူး။ ၂ ခါ စွတ်တယ်။ ကျွန်တော် အသက်ရူလို့မရတော့ဘူး ဖြစ်သွားတယ်။ ကျွန်တော်က ရဲကအတင်းအကျပ် သတင်းပေးလုပ်ခိုင်းလို့ လုပ်ရပါတယ်ဆိုပြီး ထွက်ဆိုလိုက်တယ်။ ကျွန်တော့်လို ၀န်မခံတဲ့သူတွေကို လက်ဖြတ်ခြေဖြတ်လုပ်ပစ်တယ်။
ဂျူ ။ ။ ဖိုးစန်းနဲ့ ပန်းချီထိန်လင်းက တစ်တဲထဲမှာ အတူနေခဲ့တာဆိုတော့ မင်းတို့အဖမ်းခံရပုံလေး ပြောပါဦး။
ဖိုးစန်း ။ ။ ကျွန်တော်နဲ့ ကိုထိန်နဲ့က တစ်တဲထဲမှာ အတူနေရတာ ဟုတ်တယ်။ ကိုထိန်ရော ကျွန်တော်ပါ စခန်း တစ်ခုလုံး ထောက်လှမ်းရေးကြမ္မာဆိုးဝင်ကတည်းက အပြင်ကို သိပ်မထွက်တော့ဘူး တဲထဲမှာပဲ နေကြတာ။ ဘာဖြစ်လို့လည်းဆိုတော့ AB ထောက်လှမ်းရေးတွေဟာ အဲဒီအချိန်မှာ ခွေးရူးလိုဖြစ်နေပြီ။ မဲမဲမြင်ရင် ကိုက်ချင် နေတယ်။ စခန်းထဲမှာ ဘယ်သူ့ကိုမဆို သူတို့ ဖမ်းဆီးနှိပ်စက်စစ်ဆေးပိုင်ခွင့် အာဏာတွေရှိနေတယ်လေ။ ကျွန် တော်တို့ဆို ညရောက်မှာကို ကြောက်နေတယ်။ ညဆိုရင် ငရဲခန်းလို "အမယ်လေး၊ အဘလေး" အော်ဟစ်သံတွေ မျိုးဝင်းရဲ့ ၀မ်းခေါင်းသံနဲ့ ဟားတိုက်ရယ်မောသံတွေကို မကြားရက်တော့ဘူး။ ခုနက ပြောသလိုပေါ့။ ကျွန်တော်တို့ တဲအပြင်မထွက်ကြတော့ ဟင်းအဖြစ် စားစရာ ဘာမှ တဲထဲမှာ မကျန်ကြတော့ဘူး။ ဒီတော့ ဟင်းစားရဖို့ ဘာလုပ် ရသလဲဆိုတော့ ကျွန်တော့်မှာရှိတဲ့ စစ်ကိဘက်ကို ဆန်ထည့်ထားပြီး အ၀ကို ဖွင့်ထားပေးလိုက်တယ်။ အဲဒီ ကိဘက် အိတ်ထဲက ဆန်ကို ကြွက်ဝမ်းဖြူတွေဝင်စားပြီဆိုတော့မှ ကပျာကယာပြေးသွားပြီး ကိဘက်အိမ်အ၀ကို ပိတ်လိုက်ရတယ်။ ပြီးတော့မှ ကိဘက်အိတ်ကို တဖုန်းဖုန်းရိုက်ပြီး ကြွက်ကိုသတ်ပြီး စားရတယ်။ ဟုတ်တာပေါ့၊ တတ်နိုင်ဘူးလေဗျာ။ ကိုယ်က ငတ်ပြီကိုး၊ အကုသိုလ်တော့ ဖြစ်တာပေါ့။ အဲဒီအကုသိုလ်ကလည်း မကြာခင်မှာ ကျွန်တော်တို့ကို လာရစ်နွယ်တော့တာပါပဲ။ ပထမဦးဆုံး ကိုထိန်ပေါ့။ တစ်ရက်ထမင်းစားပြီး ကိုထိန်က ပန်းကန် ထွက်ဆေးတယ်။ ကျွန်တော်တို့ ရှေ့တင်ပဲ ပန်းကန်ထွက်ဆေးတဲ့ ကိုထိန်ကို ဟေ့ဟောင် ထိန်လင်းလာဦးဆိုပြီး ပခုံးကကိုင်ပြီး ခေါ်သွားတာကို ကျွန်တော်တို့ တွေ့ရတယ်။ ညအထိ ပြန်မလာလို့ ငါတို့ကိုထိန်တော့ ငရဲခန်းထဲ ရောက်သွားရှာပြီလို့ သိလိုက်ရပါတယ်။ ကြုံလို့ပြောရဦးမယ်။ ကိုထွန်းအောင်ကျော်ရဲ့အစ်ကို ကိုချိုကြီးရဲ့ သတ္တိရှိပုံ လေးပေါ့။ တစ်ရက် တဖုန်းဖုန်း အသံကြားလို့ ထရံပေါက်က ချောင်းကြည့်လိုက်တော့ ကိုချိုကြီးကို မလှုပ်နိုင်အောင် ကြိုးတုတ်ပြီး ရိုက်စစ်တယ်။ ကိုချိုကြီးက လုံး၀၀န်မခံဘူး။ သူ့ကိုစစ်တဲ့သူတွေကို "မင်းတို့ သတ္တိရှိရင် ငါ့ကိုကြိုးဖြည်ပေးလိုက်စမ်း၊ မင်းတို့နဲ့ ငါနဲ့ချမယ်" ဆိုပြီး စိန်ခေါ်တယ်။ ဒါပေမဲ့ဗျာ ဘယ်ရမှာလည်း တစ် ကိုယ်လုံး မလှုပ်နိုင်အောင် ကြိုးချည်ထားပြီး ရိုက်တာဆိုတော့ နောက်ဆုံး မျော့သွားတော့တာပေါ့။ သူဟာ သတိမ လွှတ်မချင်း "မင်းတို့ သတ္တိရှိရင် ငါ့ကို ကြိုးဖြည်ပေးလိုက်စမ်း မင်းတို့နဲ့ ငါနဲ့ ချမယ်" ဆိုပြီး ပြန်စိန်ခေါ်သွားခဲ့တာ။ သူမေ့သွားတော့မှ ၀က်ထမ်းသလို လက်နဲ့ခြေထောက်ကြားထဲ ၀ါးလုံးနဲ့လျှိုထမ်းပြီး ခေါ်ထုတ်သွားတော့တာပေါ့…နောက်တော့ ကျွန်တော့်အလှည့်ရောက်ပြီပေါ့။ ကျွန်တော့်ကို တဲထဲကနေ လာဖမ်းခေါ်တယ်။ ကျွန်တော်ကတော့ အစောကြီးကတည်းက စဉ်းစားထားပြီးသားလေ ထောက်လှမ်းရေးဟုတ်သလားဆိုရင် ဟုတ်တယ်လို့ပြောဖို့ကို။ ဒီ တော့ ကျွန်တော့်ဖမ်းသွားပြီး ထောက်လှမ်းရေး ဟုတ်သလားဆိုတော့ ဟုတ်တယ်ပေါ့။ ဘာထောက်လှမ်းရေး တာဝန်ယူရတာလဲဆိုတော့ ကျွန်တော်က ဓာတ်ပုံထောက်လှမ်းရေးပါလို့ ဖြေလိုက်တယ်။ မင်းအထက်အရာရှိက ဘယ် သူလဲဆိုတော့ "ကိုအပ်စိုက်" ပေါ့။ အဲဒီလို ကိုအပ်စိုက်လို့ ဖြေရတာကလည်း အဲဒီအချိန် ကိုအပ်စိုက်သေပြီဆိုတာ ကျွန်တော်တို့က သိပြီးနေပြီလေ။ ဒီတော့ ဘာဖြစ်ဖြစ် ကိုအပ်စိုက်ပဲ ချရတော့တာပေါ့။ အဲဒီမှာ သူတို့က ထပ်မေး တယ်။ "မင်း ဓာတ်ပုံတွေရိုက်ပြီး ဘယ်လိုပြန်ပို့တာလဲ" ပေါ့။ ကျွန်တော်ပြောခဲ့ဖူးသားပဲ။ ဒါတွေမေးရင် ဒီလိုဖြေဖို့ စဉ်းစားထားပြီးသားပါလို့၊ "ဓာတ်ပုံတွေရိုက်ပြီးရင် ကိုအပ်စိုက်ကိုအပ်ရတယ်။ သူက ကျွန်တော့်အထက်အရာ ရှိဆိုတော့ သူခိုင်းတာပဲ ကျွန်တော်လုပ်ရတာပေါ့။ ဟုတ်တယ်လေ မယုံရင် ကိုအပ်စိုက်ကို သင်္ချိုင်းမှာ လိုက်မေး ပေါ့။ သူတို့ကလည်း သူတို့ စစ်သမျှတွေကို မရိုက်မနှက်ရသေးဘဲ ထောက်လှမ်းရေးပါလို့ ကြိုပြီးဝန်ခံနေကြတော့ အယုံအကြည်ရှိကြတော့ပုံ မပေါ်ဘူးဗျ။ ရိုက်တာပဲ။ ရိုက်နည်းကတော့ စုံသလားမမေးနဲ့ဗျာ။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်