Subscribe to our RSS Feed

ဆွီဒင် Scania ကားတွေ မြန်မာပြည်မှာ တင်သွင်းဖြန့််ဖြူးမယ်

From : MON


 ဆွီဒင် နိုင်ငံ Scania ကား ကုမ္ပဏီက ကားတွေ မြန်မာနိုင်ငံကို တင်သွင်း ဖြန့်ဖြူးတော့မှာဖြစ်ပါတယ်။ အောက်တိုဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုနား ဟော်တယ်မှာ ဆွီဒင် Scania ကားကုမ္ပဏီ နဲ့ မြန်မာနိုင်ငံ က Ocatagon International Services Company တို့ကြား မြန်မာနိုင်ငံမှာ တင်သွင်းဖြန့်ဖြူးမှု တဦးတည်း ကိုယ်စားလှယ်အဖြစ် သဘောတူလက်မှတ် ထိုးလိုက်ကြတာပါ။ မြန်မာ ကုမ္ပဏီဟာ ၂၀၀၇ ခုနှစ်ကတည်းက ဆွီဒင်ကားကုမ္ပဏီထံက ကား အစီးရေ ၅၀၀ လောက် တင်သွင်းခဲ့ဖူးပါတယ်။ အခုတော့ လျှပ်စစ်မီး အားပေးစက်တွေလည်း တင်သွင်းဖြန့်ဖြူးသွားမှာဖြစ်ကြောင်းသိရှိရသည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်