Subscribe to our RSS Feed

ရွေးကောက်ပွဲတွင် ဥပဒေနှင့်အညီ တရားမျှတစွာ ၀င်ရောက် ယှဉ်ပြိုင်ရမည်ဟု ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား

From : .. eleven

H.31.10.2013
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်သို့ လာရောက်လေ့လာသော ပါတီဝင်များအား ရှင်းလင်းပြောကြားနေစဉ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့် ရွေးကောက်ပွဲ၌ ၀င်ရောက် ယှဉ်ပြိုင်ရာတွင် ဥပဒေနှင့်အညီ တရားမျှတစွာ ၀င်ရောက်ယှဉ်ပြိုင်ရမည်ဟု ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက အောက်တိုဘာ ၃၀ ရက်က လွှတ်တော်သို့ လာရောက်လေ့လာသော ပါတီဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ပြည်ခိုင်ဖြိုး ပါတီဝင်များသည် အခြားပါတီဝင်များကို ရန်သူဟု သဘောမထားဘဲ လုပ်ဖော်ကိုင်ဖက်ဟု သဘောထား ဆက်ဆံရမည် ဖြစ်ကြောင်း၊ နိုင်ငံ၏ အကျိုးစီးပွား ကိစ္စများ ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ သို့ရာတွင် ရွေးကောက်ပွဲ ယှဉ်ပြိုင်ရာတွင် ပြိုင်ဘက်အဖြစ် သဘောထားရမည် ဖြစ်ကြောင်း၊ ထိုသို့ ယှဉ်ပြိုင်ရာတွင် တရားမျှတသောနည်းဖြင့် ပြိုင်ဆိုင်ရမည်ဖြစ်ပြီး မတရားသဖြင့် ယှဉ်ပြိုင်မှုကို လက်ခံမည် မဟုတ်ကြောင်း ပါတီဝင်များကို သတိပေး ပြောကြားခဲ့သည်။

"ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်တဲ့နေရာမှာ မိမိတို့ ပါတီအနေနဲ့ ခံယူထားပါတယ်။ တရားသဖြင့် ယှဉ်ပြိုင်ရမယ်။ မတရားနည်းနဲ့ ယှဉ်ပြိုင်ခွင့်မရှိဘူး။ မဖြစ်စေရဘူး။ ဒါကြောင့် ရွေးကောက်ပွဲမှာ မျှမျှတတ၊ ဥပဒေနဲ့အညီ ၀င်ရောက်ယှဉ်ပြိုင်မှု ဖြစ်စေရမယ်" ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပါတီဝင်များကို ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပါတီအနေဖြင့် လေ့လာသုံးသပ်ရာတွင်လည်း နိုင်ငံနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ရန်အတွက်လည်း မှာကြား ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်တဲ့နေရာမှာ မိမိတို့ ပါတီအနေနဲ့ ခံယူထားပါတယ်။ တရားသဖြင့် ယှဉ်ပြိုင်ရမယ်။ မတရားနည်းနဲ့ ယှဉ်ပြိုင်ခွင့်မရှိဘူး။ မဖြစ်စေရဘူး။ ဒါကြောင့် ရွေးကောက်ပွဲမှာ မျှမျှတတ၊ ဥပဒေနဲ့အညီ  ၀င်ရောက်ယှဉ်ပြိုင်မှု ဖြစ်စေရမယ် . . . 
ထို့အပြင် ရွေးကောက်ပွဲတွင် မဲပေးရွေးချယ်ရာ၌ အရည်အချင်းရှိသော ကိုယ်စားလှယ်လောင်းများကို လွှတ်တော်သို့ ရောက်အောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။

နိုင်ငံရေး ပါတီတစ်ခု ရပ်တည် ရှင်သန်နိုင်ရေးအတွက် ပြည်သူလူထု၏ ထောက်ခံမှုမပါရှိဘဲ မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ပြည်သူတို့၏ သဘောထား၊ လိုလားချက်၊ အခွင့်အရေးတို့ကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သို့မှသာ ပြည်သူချစ်သော ပါတီ၊ ပြည်သူ လိုလားသော ပါတီဖြစ်မည် ဖြစ်ကြောင်းလည်း သူရဦးရွှေမန်းက ပြောကြားသည်။

ထို့အပြင် ပြည်ခိုင်ဖြိုးပါတီသည် ဒီမိုကရေစီ ဖော်ဆောင်ရာတွင် ဦးဆောင်ဆောင်ရွက်ခဲ့သကဲ့သို့ ပါတီတွင်း၌လည်း ဒီမိုကရေစီ ကျင့်စဉ်များ ကျင့်သုံးလျှက်ရှိကြောင်း၊ လွှတ်တော်တွင်းသို့ ရောက်ရှိခဲ့ပြီး နောက်ပိုင်းလည်း ပြည်သူတို့၏ လိုလားချက်များအတွက် လုပ်ဆောင်နေကြောင်း၊ သို့ရာတွင် အခြားလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက ပါတီအား တိုက်ခိုက် ပြောဆိုမှုများ ရှိကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသော ပြည်ခိုင်ဖြိုး ပါတီဝင်များက ၎င်းတို့၏ လုပ်ဆောင်နေမှုများကို တင်ပြခဲ့ကြကြောင်း သိရသည်။ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် ပါတီဝင်များ တွေ့ဆုံပွဲသို့ ပါတီဝင် ၆၅၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် နေပြည်တော် ဇေယျာသီရိ မဲဆန္ဒနယ်မှ ၀င်ရောက် အရွေးချယ်ခံခဲ့သည်။

12 comments:

ကြံ့ခိုင်ရေးကဝင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းတွေ
ကိုပြည်သူလူထုနဲ့ရင်းနှီးချစ်ကြည်အောင်အခုက
တည်းကလုပ်ထားသင့်တယ်မောက်မာပြီးဘဝင်
မြင့်တဲ့သူတွေကိုဘယ်လောက်တော်တော်မသုံး
သင့်ပါဘူးလက်ရှိသမတ္တကြီးကိုကူညီဖို့မပျက်
ကွက်ပါနဲ့သူဟာကြံ့ခိုင်ရေးကိုကိုယ်စားပြုထားတဲ့
သူဆိုတာမမေ့ပါနဲ့သူမအောင်မြင်အောင်လုပ်တဲ့
သူတွေရှိနေတယ်ဒီအထဲမှာကြံ့ခိုင်ရေးကိုယ်တိုင်
ပါနေရင်အလားအလာမကောင်းနိုင်ဘူး
သူ့ဟာသူအေးအေးနေနေတဲ့အနားယူပြီးသားလူ
ကြီးတွေကိုလည်းခုတုန်းမလုပ်ပါနဲ့
ဒါပါပဲ

How about other parties regarding Pyi-Khaing-Pyo party as their enemy?

တ ပြည် လုံး ထောက် ခံ တဲ့ အောင် ဆန်းစုြ

ကြည် ကို ကြံ ဖွတ် ယှဉ် ဖို့ မ ကြိုး စား နဲ့

ဟေ့ င တုးံ တွေ ၂၀၁၅ ကော ရောက် ပါ့ မ လား

ရန် ကုန် မြို တင် လူ ကြိး လုပ် ဘို့  ပြင် ကြ

မင့် အ ဖေ တွေ က တိုင် ပြည် ဖျက် တော့ မယ်


ဝ က ကျိင်း တုံ သိမ်း မယ် ရှမ်း သူ ပုန် က တာ ချီ လိတ် တောင် ကြိး နယ် သိမ်း မယ်

က ချင် သူ ပုန် က မြစ် ကြိး နား ဗ မော် မ န္တလေး ရွှေ ဘို င အို့  သိမ်း တော့ မယ်

KNU က မော် လ မြိုင် နယ် မြ ဝ တီ နယ် သိမ်း တော့ မယ် ခင်း ဗျား တို့ က ရန် ကုန် လောက် မင်း လုပ် ကြ

င တုးံ တွေ

ပခက တာတီး (ခ) PKU TT ( ခ ) TT နာမည်တပ်မ ရေးလည်း ခင်ဗျားရေးမှန်းသိတယ်..ပေါက်ကရ တွေ လျှောက် ရေးနေတယ်...လူပေါကြီး

အပေါ်ကစောက်ရူးဘာတွေပြောနေတာလဲတပ်မတော်ဟာပြည်ပရန်ကိုကာ
ကွယ်ဖို့ဖွဲ့ထားတာမင့်အမေလင်သူပုန်စုတ်တွေကိုသိပ်သိမ်းစေချင်နေရင်မင်း
တို့တစ်မျိုးလုံးရှိသမျှကောင်မတွေသာသိမ်းခိုင်းလိုက်ကြားလားမအေလိုးမျိုး
အာချောင်လွန်းတယ်

မှန တယ် အ ခြေ အ နေ မ သိ ဘဲ့ ကဲ့ ရဲ့ တယ် သူ က လူ ကြောင်

နင် က လူ လား ခွေး လား ဘာ မှ မ သ် လို့

အ ပေါ် ငါ သား လေ့ လာ မူ နဲ လှ တ ကား ပျက် တော့ မယ် မင် အ ဖေ တွေ အာ ဏာ လု တုးံ

နင် က မ သိ တာ လား သူ ပုန် မီး လား သူ ရေး ဟုတ် တယ် သူ ပုန် တွေ မင့် အိမါ တတ် ပြိး မင့် အမေ ဘုပ် သွား မှာ လူုကိး တွေ တောင့် ကြောက် နေ ကြ ပြိ

အ ပေါါ်က လူ က ဘဲ ကြောင် နေ တယ် လား မသိ ဒါ ပေ မဲ့ ကြား ရ တာ တော့ မ ကောင်း ဟုတ် နိုင် တယ်

တော်​ကြ သူပုနိမ်းတာ အဆန်းလုပ်​လို့
စစ်​တပ်​အာဏာ သိမ်းတာမမြင်​ဖူးတာကျ​နေတာပဲ မ​ကြောက်​ကြနဲ့ သူပုန်​လည်းစစ်​တပ်​နဲ့ ဘာထူးလဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်