Subscribe to our RSS Feed

ဆီးဂိမ်းဖွင့်ပွဲ ပိတ်ပွဲနှင့် အားကစားပြိုင်ပွဲများအား အမေရိကန်နှင့် ပြည်တွင်း ကုမ္ပဏီ ပူးပေါင်းရိုက်ကူးမည်

From : .. popular


(၂၇) ကြိမ် မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများ နှင့် ပြေးခုံပစ် အားကစားပြိုင်ပွဲများ ရိုက်ကူးရေး အတွက် အမေရိကန်နိုင်ငံမှ Grass Vally ကုမ္ပဏီနှင့် ပြည်တွင်း Megalinkကုမ္ပဏီတို့ ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်သည်။

အဆိုပါရိုက်ကူးတင်ဆက်မှုတွင် စုစုပေါင်းကင်မရာ ၁၈ လုံးအသုံးပြုပြီး နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင် ၄ဝ ဦးဖြင့် ပူးပေါင်းရိုက်ကူးမည်ဟု သိရ သည်။

ဆီးဂိမ်းပြိုင်ပွဲတွင် ပါဝင်မည့် အားကစားနည်း ၃၃ မျိုးအနက် ၂၁ မျိုးကို တိုက်ရိုက် (Live) ရိုက်ကူးထုတ် လွှင့်ပေးသွားမည်ဖြစ်ပြီး ကျန်အား ကစားနည်းများကို Delayရိုက်ကူး ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆီးဂိမ်းပြိုင်ပွဲ ကျင်းပပုံများ ကို You Tube မှ တစ်ဆင့် ထုတ်လွှင့် ပြသနိုင်ရေးအတွက် Megalink ကုမ္ပဏီ နှင့် ပူးပေါင်းပြီး Google နှင့် ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်သွားလျက်ရှိကြောင်း သိရသည်။


.. www.MyanmarExpress.net
 

1 comments:

တရုတ် မဟုတ် ရင် ကိုကျေးဇူးတင် လှပါပြီ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်