Subscribe to our RSS Feed

၃ နှစ်အတွင်း ဒေါ်စုဘာတွေလုပ်ခဲ့လဲ? (အပိုင်း - ၁)



ယနေ့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့သည် ဒေါ်အောင်ဆန်းစုကြည်မှ တစ်ဦးတစ်ယောက် တစုံတရာ ထိန်းချုပ်မှု လုံးဝမရှိပဲ နိုင်ငံရေးလောကတွင်း  လွတ်လွတ်လပ်လပ်ဖြင့် ရှိသမျှ ပညာကုန်၊ အရည်အချင်းကုန် ထုတ်သုံးကာ ကြိုးစားခဲ့မှု (၃) နှစ် တိတိပြည့်သည့်အချိန်ပင်ဖြစ်သည်။ ပြည်တွင်းထုတ်ဂျာနယ်များ၊ မြန်မာပိုင်း အသံလွှင့်ဌာနများ နှင့် ၎င်း အား ထောက်ခံသူများ၏ ရေးသားဖော်ပြ အမည်ပေးမှုများကြောင့် ဒုတိယ ဘုရားသခင်၊ လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင်၊ ပြည်သူတစ်ရပ်လုံး ချစ်တဲ့ အမေ၊ လူထုတစ်ရပ်လုံးထောက်ခံတဲ့ အမေ၊ မြန်မာ တစ်နိုင်ငံလုံးတွင် အတော်ဆုံး လူသား ဟူ၍ နာမည် မျိုးစုံပေးခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံရေး လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးပါက ၎င်း ၏ အရည်အချင်းနှင့် လုပ်ဆောင်မှုများကြောင့် မြန်မာနိုင်ငံကြီး နေ့ချင်း၊ ညချင်း နတ်ရေကန်ထဲ ပစ်ချသလို တိုးတက် လာမည်ဖြစ်ကြောင်း ယုံကြည် ခဲ့ကြသည်။ သို့သော် ယနေ့ တွင် ဒေါ်အောင်ဆန်းစုကြည် အရည်အချင်းများကို အားကုန် ညှစ်သုံးစွဲခဲ့ပေမယ့် ငြိမ်းချမ်းရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေးအပြင် အခြား ဏ္ဍ များတွင် ဒေါ်အောင်ဆန်းစုကြည်ကြောင့် တိုးတက်သွားသည့်အရာ တစ်စုံတစ်ခု ထွက်ပေါ်မလာခဲ့ပေ။

အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် နှင့် ၎င်းဦးဆောင်သော NLD ပါတီမှာ တိကျ ခိုင်မှာ သည့် မူဝါဒ မရှိခြင်းကြောင့် ရှေ့နောက် စကား မညီခြင်း၊ ပထမ ကြေညာချက်နှင့် ဒုတိယ ကြေညာချက် မူဝါဒ ကွဲမှားခြင်း၊ ပြောထားသည်နှင့် လုပ်ဆောင်မှု ဆန့်ကျင်နေခြင်းများမှာ (၃) နှစ် ဟူသည့် ကာလ အတွင်းမှာပင် အကြိမ်ပေါင်းများစွာ မရေတွက်နိုင်အောင် တွေ့မြင်ခဲ့ရသည်။

လွန်ခဲ့သည့် (၃) နှစ် အကြာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့ တွင် ကျင်းပသော မြန်မာနိုင်ငံ၏ အနှစ် (၂၀) အတွင်း ပထမဆုံး ရွေးကောက်ပွဲအား မြန်မာလူထုမှ စိတ်ဝင်စားကာ မဲပေးဖို့ စဉ်းစားနေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှ "အခြေခံဥပဒေအရ မဲမပေးပဲ နေခွင့်ရှိတယ်၊ မဲပေးစရာ NLD ပါတီ မရှိရင် မပေးနဲ့ပေါ့" ဟု ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။ ဦးဝင်းတင်ကလည်း ၂၀၀၈ အခြေခံဥပဒေ နွားတင်းကုတ် ဟုလည်းကောင်း၊ ရွေးကောက်ပွဲဝင် ပါတီများကို နွား ဟူ၍လည်းကောင်း ပြင်းပြင်းထန်ထန် အပြစ်တင်ဝေဖန်ခဲ့ကြသည်။ သို့သော် (၃) နှစ်အတွင်း ချက်ချင်းပြောင်းလဲကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ NLD ပါတီကို မှတ်ပုံတင်ခဲ့ပြီးနောက် ရွေးကောက်ပွဲ ဆန္ဒပြခိုင်း သည့် ဒေါ်အောင်ဆန်း စုကြည်မှလည်း ၎င်း အား မဲပေးရန် NLD ပါတီနှင့် လားလားမျှ မသက်ဆိုင်သော ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံအား ဖော်ပြကာ မဲဆွယ်ခဲ့သည့် မျက်နှာကို (၃) နှစ် အတွင်း အကြိမ်ပေါင်းများစွာ တွေ့ခဲ့ရသည်။

ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့၏ အစီအစဉ် အရ NLD ပါတီကို ၎င်းတို့ ရေးစွဲထားသော လမ်းပြမြေပုံအတွင်း တနေ့ မဟုတ် တနေ့ အလိုလိုရောက်လာစေရန် စီစဉ်ခဲ့ရာ ရည်မှန်းထားသည့်အတိုင်းပင် လမ်းပြမြေပုံ ၇ ချက်အား တစ်ချက်ခြင်း ကန့်ကွက်ခဲ့သူ NLD၊ ဒေါ်အောင်ဆန်းစုကြည် နှင့် အခြား အတိုက်အခံအားလုံး အပြေးအလွှား ဝင်ရောက်လာခဲ့သည်။ ပြည်ပမှ နာမည်ပေါင်းစုံနှင့် အဖွဲ့အစည်းပေါင်းစုံမှာ အစိုးရ က မဖျက်ခိုင်းပဲ ၎င်းတို့သဘောနှင့်ပင် ခေါင်းစဉ်ပေါင်းများစွာဖြင့် အဖွဲ့အစည်းများကို ဖျက်လိုက်ရသည်။ အချို့ ပြည်ပ နာမည်ကြီး အတိုက်အခံများမှာ မြန်မာနိုင်ငံတွင် ကြာကြာနေချင်ကြ၊ ပါတီပင်ထောင်ကာ ရွေးကောက်ပွဲ ဝင်လိုကြသော်လည်း နိုင်ငံတွင်းတွင် အချိန်ကြာကြာနေခွင့် မရသဖြင့်  ပြန်သွားခဲ့ကြရသည်။ ဤဖြစ်စဉ်များ နှင့် လွှတ်တော် အတွင်း၌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း နှင့် ဦးခင်အောင်မြင့်တို့ ခမ်းမတွင်းဝင်လာချိန်တစ်ခါ၊ ထွက်သွားချိန် တစ်ခါ  မတ်တတ် ရပ်ပေးနေရသော နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တွေ့ရချိန်မှာ အကြိမ်ကြိမ် ပြုံးနေမည်ဖြစ်သလို ကွယ်လွန်သူ ဦးနေဝင်း နှင့် ဦးစောမောင်တို့လည်း ရောက်ရာဘဝ မှ ပြုံးနေကြမည်ဖြစ်သည်။ လွှတ်တော် ခမ်းမတွင်းမှ ဒေါ်အောင်ဆန်း စုကြည် ထွက်သွားချိန်တွင် မီဒီယာများနှင့် ထောက်ခံသူများကြား အရှင်တပါး ဖြစ်သွားသော်လည်း လူ ၄၄၀ ရှိသော လွှတ်တော်ထဲတွင်တော့ ဥက္ကဌ အဝင်တစ်ကြိမ်၊ အထွက်တစ်ကြိမ် မက်တက်ရပ်ပေးရ၊ စကားတစ်ခွန်းပြောချင်တိုင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းကို လေးစားအပ်ပါသော ဥက္ကဌကြီး ဟု ဆိုတာ အစချီပြောဆိုရင်း သိမ်ငယ်နေရပါတယ်။ လွှတ်တော်အမတ်အားလုံး နှင့် တန်းတူပြောနိုင်ဆိုနိုင် ရှိယုံမျှသာရှိပြီး ထူးခြားပြောင်မြောက်သည့် အရည်အချင်းများ၊ ဆွေးနွေးမှုများ တစ်စုံတစ်ရာ ထွက်မလာခဲ့ပေ။

ရွေးကောက်ပွဲဝင်ကာ လွှတ်တော် အမတ်လုပ်မည့် အတူတူ ၁၉၉၃ ညောင်နှစ်ပင် အမျိုးသား ညီလာခံကတည်းက ဦးသန်းရွှေ၏ ဆန္ဒကိုလိုက်လျှောလိုက်လျှင် ယခုကဲ့သို NLD ပါတီလည်း မျိုးဆက် တစ်ခုစာ ပျောက်ပျက်သွားစရာ အကြောင်းမရှိပေ။ ယခုတော့ အမျိုးသား ညီလာခံကိုကန့်ကွက်၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလည်း အမှားခြစ်ခဲ့ပြီးမှ လွှတ်တော်ထဲမှာ မတ်တတ်ရပ်နေရပြန်သည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့က NLD ရုံးရှေ့တွေ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းတစ်ခု စပြောခဲ့ရာ အချိန် နာရီဝက်ခန့်ကြာသော်လည်း အနှစ်သာရ ဘာတစ်ခုမှ မပါခဲ့ပေ။ မိန့်ခွန်းတွင် သူမနေဖြင့် နေ့စဉ် BBV, VOA, RFA နှင့် DVB တို့ မှ အသံလွှင့်သမျှကို နားထောင်ခဲ့ကြောင်း၊ ဖုန်းကိုင်ဆောင်သူ အများအပြားတွေ့ရသဖြင့် ဆက်သွယ်ရေးဖက်တွင် များစွာ တိုးတက်လာကြောင်း၊ ပြည်သူတွေပြောသမျှ ထိုင်နားထောင်မည့်အကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးကို ဆက်လုပ်သွားမည့် အကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးမှာ အလွန်အရေးကြီးကြောင်း၊ သူမ၏ နေအိမ်တွင် သူမအတွက် လုံခြုံရေးတာဝန်ယူပေးခဲ့သော တပ်မတော်သားများကို တန်ဖိုးထား ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်။


ထိုစဉ်က ဒေါ်အောင်ဆန်း စုကြည်၏ ပထမဆုံး မိန့်ခွန်းအား နိုင်ငံရေးအကဲခက်များမှ အထူးသတိထားမိကာ ဝေဖန်မှုများ ဆူညံခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ BBV, VOA, RFA နှင့် DVB တို့ မှ အသံလွှင့်သမျှကို အချိန်ပြည့်နားထောင်သူ တစ်ဦးသည် ၎င်း အသံလွှင့် ဌာနများ၏ ရည်ရွယ်ချက်နောက်သို့ လိုက်ကာ တဖက်စွန်းရောက်ခြင်း၊ အမေရိကန်၊ ဗြိတိန် နှင့် နော်ဝေ နိုင်ငံတို့အား အထင်ကြီးခြင်း တို့ ဖြစ်ပေါ်နေပြီ ဖြစ်ကြောင်း သုံးသပ်ကြသည်။ ထိုအချိန်က ရွေးကောက်ပွဲ ကျင်းပအပြီး တစ်ပတ် အကြာဖြစ်သောကြောင့် အမျိုးသားရင်ကြားစေ့ ရေး ဟူသည့် လက်နက်ဖြင့် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် နိုင်ငံရေးလောကတွင်း တွင် ဘာမျှ လုပ်နိုင်မည် မဟုတ်ကြောင်း သုံးသပ်ခဲ့ကြသည်။ မျှော်လင့်ထား သည့် အတိုင်းပင် (၃) နှစ် တာကာလတွင်း မည်သည့် အမျိုးသားရင်ကြားစေ့ရေးကို မျှ ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပါ။



ထို့နောက့် လူထု အသံနားထောင်မည်ဟု ပြောခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် VOA, RFA မှ မေးခွန်းများဖြေကြားခြင်း အစီအစဉ်ကို တစ်ပတ်လျှင် နှစ်ကြိမ် လုပ်ဆောင်ရင်း အချိန်ဖြုန်း ခဲ့သော်လည်း နောက်ပိုင်းတွင်း မေးခွန်းများ ခက်ခဲလာခြင်းကြောင့် ၎င်းအစီအစဉ်အား ရပ်နားခဲ့ရသည်။ ပြည်သူ့ အသံနားထောင်ပါမည်၊ မေးသမျှဖြေပါ့မယ် ပြောခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည်  လပိုင်းအတွင်း ရှေ့နောက်မညီမှုများကို တွေ့လာရသည်။  အထင်ရှားအမြင်သာဆုံးတစ်ခုမှ မည်သူ့ကို မဆို တွေ့ဆုံရန် အဆင်သင့်ရှိသည်ဟု ပြောဆိုပြီး မကြာမီတွင် ဦးမင်းဆွေ မှ တွေ့ ခွင့်တောင်းခဲ့ရာ တွေ့ခွင့် မရပေးခဲ့ပေ။


 ထိုအချိန်က ဒေါ်အောင်ဆန်း စုကြည်အား တကယ့် တန်ခိုးရှင်တစ်ဦး၊ ဒုတိယ ဘုရားသခင် တစ်ဦးအဖြစ် လူတစ်စုက ယုံကြည်နေလျှက်ပင် ရှိနေခဲ့သည်။ ၎င်းကို အထင်ကြီးမြှောက်စားသူများ၏ ကြားတွင် နေချိန်ဖြစ် သဖြင့် ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင်ပင်လျှင် ၎င်းကိုယ်တိုင်လည်း ထိုသို့ထင်လာခဲ့သည်။  ယောင်္ကျားစည်း ၊ မိန်းမစည်း မစောင့်တော့ပဲ ယောင်္ကျားများကို ကြမ်းပြင်ထိုင်ခိုင်းခြင်း၊ ကန်တော့ခိုင်းခြင်း၊ ဘုန်းကြီးများမှ ဒေါ်အောင်ဆန်း စုကြည်၏ ဓာတ်ပုံကို ကန်တော့ခြင်းအား မတားမြစ်ခြင်း တို့ကို တွေ့မြင် လာရသည်။ ယခင်တုန်းကလည်း သီလရှင်လေးများကို ကြမ်းပြင် တွင်ထိုင်ခိုင်း၍ ဒေါ်အောင်ဆန်း စုကြည်မှ ကောဇောပေါ်ထိုင်ကာ စကားပြောခဲ့ဖူးသည်။







စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်၍ နိုဝင်ဘာလ တွင် ရွေးကောက်ပွဲ လုပ်ဆောင်ခဲ့ကာ ဧပြီလတွင် သမ္မတရွေးချယ်ခြင်း၊ လွှတ်တော်အမတ်များ ခေါ်ယူခြင်းများ လုပ်ဆောင်နိုင်ခဲ့သော်လည်း နိုဝင်ဘာလ မှ ဧပြီလထိ ဒေါ်အောင်ဆန်းစုကြည် ဘာတစ်ခုမှ မယ်မယ်ရရ လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ပေ။ ဧပြီလတွင် နိုင်ငံတော်ကြီးအား ၅ နှစ်တာ အုပ်ချုပ်မည့် သမ္မတ၊ ဒုသမ္မတများကို ရွေးချယ်ဖို့ လွှတ်တော်အမတ်များ အလုပ်ရှုတ်နေချိန်၊ စစ်ဗိုလ်ချုပ်ကြီးဟောင်းအချို့ သင်္ကြန်တွင်း သာသနဘောင် ဝင်နေချိန်တွင် အသက် ၆၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်မှာ သင်္ကြန်မှာ ရေကစားကာ အချိန်ဖြုန်းခဲ့သည်။



သမ္မတလုပ်ကာ နိုင်ငံကြီးတစ်ခုလုံးကိုပင် အုပ်ချုပ်မည်ဟု ကြွေးကြော်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်သည်  ၂၀၁၁ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော မလေးရှား NLD-LA အား မလေးရှား လဝက မှ ဝင်ရောက်ဆီးနင်းခြင်း ကိစ္စ၊ မလေးရား NLD-LA မှ မှတ်ပုံတင်အတု လုပ်ဆောင်မှု ကိစ္စများကို ဝင်ရောက်ဖြေရှင်း တစ်စုံတရာ မရှိသလို၊ မလေးရှားရှိ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူ အတိုက်အခံများက NLD-LA ကို ဖျက်သိမ်းရန် တောင်းဆိုခဲ့ခြင်းကိုလည်း ယခုချိန်ထိပင် မသိကျိုးကျွန်ပြုကာ နှုတ်ဆိတ်နေခဲ့သည်။

for NLD



မည်သူနှင့်မဆို တွေ့ဆုံရန် အဆင်သင့်ရှိသည် ဟု ပြောဆိုခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ယခု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ယခင် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် နှင့် ပထမ အကြိမ်တွေ့ဆုံချိန်မှာပင် မျက်နှာအမူအရာ မှာ မသာမယာ သိသိသာသာ ဆိုးဆိုးရွားရွားဖြစ်နေသဖြင့် လူအများ၏ ဝေဖန်ခြင်းကို ထိုအချိန်က ပြင်းပြင်းထန်ထန် ခံခဲ့ရသည်။ စစ်ဗိုလ်ချုပ်ဟောင်းများကလည်း ၎င်းတို့၏ မူလ အစီအစဉ်အတိုင်း အရှိန်အဟုန်မပျက် ဆက်လက်ကြိုးပန်းလျှက်ရှိရာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လုံးဝ တားမြစ်၊ ကန့်သတ်နိုင်စွမ်း မရှိခဲ့ခြေ။

   
ဒေါ်အောင်ဆန်းစုကြည်၏ စွမ်းဆောင်မှုကြောင့် အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းများ ဘာမှ လုပ်ဆောင်နိုင်ခြင်းမရှိသည့်အပြင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးအောင်ဆန်းဦးတို့ မောင်နှမ နှစ်ယောက်တို့ အချင်းချင်းအပြန်အလှန် တရားစွဲဆိုခြင်းများကို လုပ်ဆောင်ခြင်းကြောင့် လူထုက စိတ်ပျက်ခဲ့ရသည်။ မိဘ အမွေဖြစ်သော အိမ်တစ်အိမ်အား ကျန်ရှိသူ မောင်နှမ နှစ်ယောက်မှ အညီအမျှ အတူ ရယူကြရမည်ဖြစ်သော်လည်း အငယ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှ အစ်ကိုဖြစ်သူအား ခွဲမပေးလိုပဲ တစ်ဦးတည်း အပိုင်စီးလိုခြင်းကြောင့် တရားစွဲခဲ့သည်။ နေအိမ်တလုံးအတွက် အစ်ကိုအရင်းဖြစ်သူကိုပင် တရားစွဲခဲ့သော ပစ္စည်းဥစ္စာမက်မောသည့် ဒေါ်အောင်ဆန်းစုကြည်သည် ယခု အခါ သမ္မတလုပ်မည်ဟု ပင် ကြွေးကြော်ထားပြန်သည်။

 ဒေါ်အောင်ဆန်းစုကြည် မှ အချင်းချင်းစည်းလုံးဖို့၊ ရန်မဖြစ်ဖို့၊ ညီညွတ်ဖို့၊ ရင်ကြားစေ့ဖို့ ပါးစပ်ကသာ ပြောဆိုလျှက်ရှိပြီး ၎င်း ကိုယ်တိုင်မှာ မောင်နှမအရင်း အချင်းချင်းကိုယ်ပင် မျက်နှာချင်းမဆိုင်နိုင် ပဲ တရားစွဲနေခြင်းအတွက် ဒေါ်အောင်ဆန်းစုကြည်၏ စကားမှာ ရှေ့နောက် မညီခြင်ကြောင်း၊ ပြောနှင့်လုပ်တာ တခြားဆီဖြစ်နေကြောင်း၊ ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နှင့် ဟုသည့် လူစားမျိုးဖြစ်ကြောင်း သိသာထင်ရှားစေခဲ့သည်။ (အပိုင်း - ၂ ကို ဆက်လက်ဖော်ပြမည်)

16 comments:

ပြည်တွင်းထုတ်ဂျာနယ်များ၊ မြန်မာပိုင်း အသံလွှင့်ဌာနများ နှင့် ၎င်း အား ထောက်ခံသူများ၏ ရေးသားဖော်ပြ အမည်ပေးမှုများကြောင့် ဒုတိယ ဘုရားသခင်၊ လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင်၊ ပြည်သူတစ်ရပ်လုံး ချစ်တဲ့ အမေ၊ လူထုတစ်ရပ်လုံးထောက်ခံတဲ့ အမေ၊ မြန်မာ တစ်နိုင်ငံလုံးတွင် အတော်ဆုံး လူသား ဟူ၍ နာမည် မျိုးစုံပေးခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံရေး လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးပါက ၎င်း ၏ အရည်အချင်းနှင့် လုပ်ဆောင်မှုများကြောင့် မြန်မာနိုင်ငံကြီး နေ့ချင်း၊ ညချင်း နတ်ရေကန်ထဲ ပစ်ချသလို တိုးတက် လာမည်ဖြစ်ကြောင်း ယုံကြည် ခဲ့ကြသည်။ သို့သော် ယနေ့ တွင် ဒေါ်အောင်ဆန်းစုကြည် အရည်အချင်းများကို အားကုန် ညှစ်သုံးစွဲခဲ့ပေမယ့် ငြိမ်းချမ်းရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေးအပြင် အခြား ဏ္ဍ များတွင် ဒေါ်အောင်ဆန်းစုကြည်ကြောင့် တိုးတက်သွားသည့်အရာ တစ်စုံတစ်ခု ထွက်ပေါ်မလာခဲ့ပေ။

ဤဖြစ်စဉ်များ နှင့် လွှတ်တော် အတွင်း၌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း နှင့် ဦးခင်အောင်မြင့်တို့ ခမ်းမတွင်းဝင်လာချိန်တစ်ခါ၊ ထွက်သွားချိန် တစ်ခါ မတ်တတ် ရပ်ပေးနေရသော နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တွေ့ရချိန်မှာ အကြိမ်ကြိမ် ပြုံးနေမည်ဖြစ်သလို ကွယ်လွန်သူ ဦးနေဝင်း နှင့် ဦးစောမောင်တို့လည်း ရောက်ရာဘဝ မှ ပြုံးနေကြမည်ဖြစ်သည်။ လွှတ်တော် ခမ်းမတွင်းမှ ဒေါ်အောင်ဆန်း စုကြည် ထွက်သွားချိန်တွင် မီဒီယာများနှင့် ထောက်ခံသူများကြား အရှင်တပါး ဖြစ်သွားသော်လည်း လူ ၄၄၀ ရှိသော လွှတ်တော်ထဲတွင်တော့ ဥက္ကဌ အဝင်တစ်ကြိမ်၊ အထွက်တစ်ကြိမ် မက်တက်ရပ်ပေးရ၊ စကားတစ်ခွန်းပြောချင်တိုင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းကို လေးစားအပ်ပါသော ဥက္ကဌကြီး ဟု ဆိုတာ အစချီပြောဆိုရင်း သိမ်ငယ်နေရပါတယ်။ လွှတ်တော်အမတ်အားလုံး နှင့် တန်းတူပြောနိုင်ဆိုနိုင် ရှိယုံမျှသာရှိပြီး ထူးခြားပြောင်မြောက်သည့် အရည်အချင်းများ၊ ဆွေးနွေးမှုများ တစ်စုံတစ်ရာ ထွက်မလာခဲ့ပေ။
မှန်လိုက်တာ... စုကြည်မ လူစဉ်မမှီတဲ့ ဦးဏှောက်နဲ့  စင်ပေါ်တက် လူတွင်ကျယ်တက်လုပ်နေတာ.. စင်ပေါ်မျောက်တက်တယ် ဆိုတာ အဲ့ဒါမျိုးကိုပြောတာဗျား...။

ဟိန်းစိုးအောင်

အောင်ဆန်းဦးဘက်က လိုက်ရေးပေးနေပြန်ပြီ စစ်ခွေးလိုးမ သားတွေ။ မင်းတို့ မအေ နှမတွေ ကိုစစ်ခွေးတွေ လာမလိုးဘဲ
နေမှာ ကြောက်လို့လား။ မင်းတို့ပြောတဲ့ အောင်ဆန်းဦးလည်း စစ်ခွေးတွေ အကြိုက်လိုက်လို့ ပြာပုံတိုးနေရပြီ။ သိတောင် မသိကြတော့ဘူး။

Daw Su 3 net kar la mar kalar lee soak pye a chain kone twar bar del.

အခု ဦးသိန်းစိန်၊ ဦးရွှေမန်းတို့နဲ့ လိုက်လိုက်လျောလျော ဖြစ်သလိုမျိုး ၁၉၉၀ ရွေးကောက်ပွဲ ပြီးကထည်းက ဦးစောမောင်တို့ ဦးသန်းရွှေတို့ကို တစ်ခါထည်း ပြေးဖက်ပြီး ပေါင်းလိုက်ရမှာလေ၊ ထော်လော်ကန့်လန့်လုပ်ခဲ့တာအမှားပေါ့၊

သူ့မိုက်ပြစ်မောက်မာမှုတွေကို ပြည်သူတွေ ခါးစည်းခံခဲ့ရတယ်၊ သူတို့ပါတီကလူတွေဆို ပိုဆိုးတာပေါ့၊

အခုလည်း ဘာထူးလည်း၊ အောက်ကျို့ပြီး ၀င်ရတာပဲ၊ စောစောကထည်းက မာနမကြီးခဲ့ရင် နှစ်ပေါင်း (၂၀)ကျော် ဆုံးရှုံးလိုက်မှာ မဟုတ်ဘူး။

ဒေါ်အောင်ဆန်းစုကြည်သာမက ၁၉၈၈ မှာ ပါခဲ့ကြသူတွေဟာ မဟာဗျူဟာအမှားတွေကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသလို ပြည်သူတွေကိုပါ တွန်းချခဲ့ကြပါသည်၊သူတို့ကြောင့် ကျွန်တော်တို့ ကောလိပ်ကျောင်းတက်သောအခါတွင် ကောလိပ်ကျောင်းများ လယ်တောထဲ အပို့ခံလိုက်ရပါသည်၊ ၁၉၈၈ ကာလတွင် ဒေါက်တာမောင်မောင်က သုံးလအတွင်း ဒီမိုကရေစီရွေးကောက်ပွဲကျင်းပပေးမည်ဆိုသည်ကို ဦးနုက ရှုံးရှုံးနိုင်နိုင် ပါတီစုံရလိုက်တာအမြတ်ဟုဆိုပါသည်၊ ဦးအောင်ကြီးက ဒီမိုကရေစီရပြီမို့ လမ်းပေါ်ထွက် ဆန့်ကျင်တာတွေရပ်ပြီး နိုင်ငံရေးအရ စည်းရုံးဖို့ပြောလိုက်ပါပြီ၊ ထို့သို့သော အခြေအနေတွင် အာဏာထပ်မသိမ်းလို့မဖြစ်အောင် ကြားဖြတ်အစိုးရတောင်းတဲ့အလုပ်ကို ၈၈ များဘာကြောင့်ဆက်လုပ်ခဲ့ပါလိမ့်၊ ဒေါက်တာမောင်မောင်ပြောသကဲ့သို့ ၁၉၈၈ ဒီဇင်ဘာလမှာသာ ရွေးကောက်ပွဲကျင်းပဖြစ်ခဲ့ပါက ၁၉၈၉ နှစ်ဆန်းကထည်းက ယနေ့ အခြေနေသို့ ကျွန်တော်တို့ နိုင်ငံ ရောက်နှင့်နေပြီဖြစ်ပါသည်၊ တစ်ခြားဆိုရှုယ်လစ်နိုင်ငံတွေဟာ ၁၉၉၁ ကျမှ ပြောင်းလဲရေးလုပ်ကြတာမို့ ကိုယ်က သူတို့ရှေ့ရောက်နေပြီလည်း ဖြစ်ပါသည်၊

ထိုကာကတွင် မျက်စိသငယ်ဖြစ်နေသော မြန်မာ ပြည်သူများကို အရေးတော်ပုံ ခေါင်းဆောင် ဆိုသူများနှင့် ၈၈ ကျောင်းသားများက ကိုယ်ကျိုးသက်သက်ကိုသာ ကြည့်ကာ ပေါ်ပေါက်လာသည့် အခွင့်အရေးများကို ရှင်းမပြခဲ့သဖြင့် အချိန်တွေ ဆုံးခဲ့ရပါသည်၊

၁၉၈၈ ဇူလိုင်အရေးပေါ်ပါတီညီလာခံတွင် အခြားမည်သည့် ဆိုရှယ်လစ်နိုင်ငံမှ ပြည်သူတွေပင် မရရှိသည့် အခွင့်အရေးဖြစ်သော တစ်ပါတီနှင့် ပါတီစုံရွေးချယ်ခွင့် လမ်းကြောင်းပေါ်လာခြင်း

သြဂုတ်တွင် ပြည်သူ့ သဘောအမြင် လေ့လာစုံစမ်းရေး ကော်မရှင်ဖွဲ့ကာ မည်သူမဆို အစိုးရနှင့် တိုက်ရိုက်စကားပြောခွင့်ရအောင် အင်ဗွိုင်းမန်းမမှာ လာရောက်ခွင့်ပြုခြင်း

သုံးလအတွင်း ရွေးကောက်ပွဲကျင်းပပေးမယ်ဟု စက်တင်ဘာတွင် ကြေငြာခဲ့ခြင်း စသည့် ရတောင့်ရခဲ အခွင့်အရေးများကို ပြည်သူတွေမသိအောင် ဆူပူရမ်းကားသူများသည် အကွက်ကျကျ သတင်းလွှင့်ချိန်ရောက်တိုင်း ဆူဆူညံညံသံပုံးတီးခဲ့ကြသည်၊

ထို့ကြောင့် ဒေါ်စုနှင့် ၈၈များသည် သူတို့ ဗျူဟာအယူအဆ အမှားကြီးမှားခဲ့ကြောင်း သမိုင်းမှန်ကို
ဝန်ခံသုံးသပ်မှသာ နောက်နောင် ဒီလိုအမှားမျိုး မလုပ်မိမှာဖြစ်ပါသည်၊

ဒေါ်စုရဲ့ NLDပါတီ နဲ့ ၈၈ ကျောင်းသားတွေကို
ဘာကြောင့်မကြိုက်တာလဲဆိုတော့ တခါလာလဲသူတို့ ကို စစ်တတ်မှ မတရား အလုပ်ခံရကြောင်း ဒါပဲထပ်ချီးတလဲလဲ
ချီးခြောက်ရေနှုးပြီး ပြောဆိုနေတာနဲ့ပဲ အချိန်
ကုန်နေတာ။ တိုင်းပြည်တိုးတက်အောင်
ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ ပြောဆို
တာရှားတယ်။ မတရားအလုပ်ခံရတယ်ဆိုတာ
မသိသူမရှိသလောက်ပါပဲ။ ဒါတွေပြောဆိုပြီး
အချိန်ကုန်ခံနေလို့ ဘာမှအကြိုးမရှိဘူး။
အသက်တွေကဖြင့်ဖင်စောင့်နေပြီ။ အတွေး
အခေါ်တွေက မပြောင်းလဲသေးဘူး။ အာဏာ
ရအောင်ယူပြီး ဒီကောင်တွေကို ပြန်ချမယ်ဆို
တဲ့ စိတ်ဓာတ်အောက်တန်းကျတဲ့ကောင်တွေ
ကလဲရှိသေး။ ဒီလိုကောင်တွေ ရှိနေသ၍ တိုင်းပြည် ဘယ်တော့မှ မတိုးတက်ဘူး။

အ၇မ်းမှန်​ တယ်

ခွေး ဟောင် လည်း လမင်း ကြီး က သာ မြဲ ပါ ပဲ

မြန်မာပြည် မှာပြောင်းလဲမှုတွေရဲ့အဓိကဖန်တီးသူဟာ ဦးနေဝင်းနဲ့ဦးသန်းရွှေတို့ဖြစ်တယ် ဆိုတာ တနေ့ကြရင် သိလာလိမ့်မယ်။ အမုန်းခံပြီးနိုင်ငံနဲလူမျိုးအပေါ်တာဝန်ကျေသူများကိုအလေးပြုတယ်။

လမင်းလား ဆောက်ဖျင်းလား ဆိုတွေသိနေပြီ

စုကြ ည်​မ ​ဆေက်​ဖျင်း




လမင်းလား ဆောက်ဖျင်းလားဆိုတာသိကုန်ပြီ။ ရှက်ရှက်

အ​လေးပြုရုံနဲ့ မပြီးဘူး အလံပါခိုးလိုက်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်