
အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မြန်မာနိုင်ငံသည် အာရှပစိဖိတ်ဒေသတွင်း နိုင်ငံများကြားတွင် မျှော်လင့်စရာ နိုင်ငံအသစ်တစ်ခု ဖြစ်လာနေပြီဖြစ်ကြောင်း ဝါရှင်တန်တွင် ထုတ်ဖော် ပြောကြားလိုက်ကြောင်း ၂၅-၁-၂ဝ၁၂ရက်က သိရသည်။ အမေရိကန်နိုင်ငံ အနေဖြင့် အာရှပစိဖိတ်ဒေသ တွင်း နိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေး ပေါ်လစီများကို လုပ်ဆောင်ပြနေမှုကြောင့် နှစ်နိုင်ငံဆက်ဆံရေးမှာ ပိုမိုဆန်းသစ်လာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။''ကမ္ဘာကြီး တစ်ဖက်ကနေ တစ်ဖက်ကိုလှမ်းပြီး ခံစားကြည့်လို့ရနေပါပြီ။ ကျွန်တော်တို့ အသစ်ပြန်ပြီးတော့ ရှင်းလင်းအောင် လုပ်ရပါဦးမယ်။ မြန်မာနိုင်ငံက မျှော်လင့်စရာ နိုင်ငံအသစ် ဖြစ်လာနေပါပြီ'' ဟု သမ္မတ အိုဘားမားက ပြောကြားသည်။
''အမေရိကန်က မြန်မာနိုင်ငံကို အမြင်ပြောင်းလာနေတယ်။ အမြင်ပြောင်းနေသလို အမေရိကန် ဝင်ရောက်လာတာက မြန်မာအတွက် အခွင့်ကောင်းပဲ၊ တရုတ်နဲ့ အိန္ဒိယကို အမေရိကန်နဲ့ ဆက်ဆံရေးကနေ ကောင်တာ ပြန်တိုက်ယူရမယ်'' ဟု ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ (၂) ဦးသန်းလွင်က မှတ်ချက်ပြုပြောကြားသည်။ မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သောနှစ်က စတင်ခဲ့သော အခြေခံကောင်းများနှင့် ယခုနှစ်အတွင်း လုပ်ဆောင်နေသော နိုင်ငံတကာ အသိအမှတ်ပြု လုပ်ဆောင်ချက်များက အမေရိကန်နိုင်ငံကို ယုံကြည်မှု ပို၍တိုးပွားစေခဲ့သည်ဟု သိရသည်။''မြန်မာက စန်းပွင့်လာပါပြီ။ နိုင်ငံတကာ စိတ်ဝင်စားလာတဲ့ အထိဖြစ်လာတယ်။ Globalizationထဲကို မြန်မာက ဖြည်းဖြည်း ဝင်ဆံ့လာနေပါပြီဟု UMFCCI ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက သုံးသပ်ပြောကြားသည်။
Myanmar Express


2 comments:
We have to be strong and united, this is the key not Yankee or Chinks. But we diplomatically interact with the world in friendly manner but mutual respect is a MUST. without it, we will be SLAVE.
အိုဘားမားနဲ့ ပညာရှင်တွေကတောင် မြန်မာပြည်ကို အကောင်းမြင်တယ်
မြန်မာပြည်ဆိုတာ အည့်သည်တွေ လက်မလယ်အောင် ဖြစ်နေတာတောင်မှ
အဆိုးမြင်ဝါဒီတွေက သမ္မတကြီးကို အကောင်းပြောဖို့ ၀န်လေးနေကြတယ်
အတိုက်ခံမီဒီယာတွေကလည်း တရားမျှတမှု မရှိဘူး
ကောင်းတာဆို ဘာမှ မလွှင့်ဘူး
တပြည်လုံးကို အမှောင်ဖုံးစေတဲ့ ဆိုးညစ်သတင်းတွေပဲ လွှင့်နေသမျှ
တူသောအကျိုးခံစားရမှာပဲလေ
တကယ့်အမေကျော်ဒွေးတော်လွမ်းသူတွေပဲ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်