From : .7 day news
ရေးသားသူ - ကြူကြူဟန်
အစိုးရသစ်လက်ထက်တွင် ပထမဆုံးကျင်းပပြုလုပ်မည့် ၂၀၁၀ ပြည့်နှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်မည့်အခမ်းအနား၌ အကယ်ဒမီဗန်းကိုင်မည့် မော်ဒယ် ၈ ဦးကို ရွေးချယ်စာရင်းထုတ်ပြန်ခဲ့ပြီး ထိုရှစ်ဦးတွင် နာမည်ရစမော်ဒယ်မင်းသမီးနှစ်ဦး ပါဝင်လာသည်ကို တွေ့ရသည်။ ထက်မြတ်နိုးဦး၊ ထိုက်ဆုဝင်း၊ သဲနော်ဇာ၊ ယုသန္တာတင်၊ ခင်ရတနာစိုး၊ ၀င်းလဲ့နု၊ သဲစုနိုင်၊ အိနြေ္ဒဘုန်းမြင့်တို့ကို ဗန်းကိုင်းများအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယုသန္တာမှာ မင်းသားများစင်တင်ခဲ့သည့် အနုပညာပျိုးခင်း မင်းသမီးများထဲမှ တစ်ဦးဖြစ်သည်။ သဲနော်ဇာမှာလည်း မော်ဒယ်အဖြစ်မှ နာမည်ရစပြုလာပြီး ဗီဒီယိုဇာတ်ကားအချို့တွင် ပါဝင်သရုပ်ဆောင်လျက်ရှိသူတစ်ဦးဖြစ်သည်။
ယုသန္တာတင်
အမေတို့က လျှောက်ပါလားဆိုပြီး တိုက်တွန်းတာနဲ့ လျှောက်ဖြစ်တာ။ လျှောက်တဲ့သူများတယ်ပြောတယ်။ ဘယ်နှယောက်လည်းတော့ သမီးလည်းမသိဘူး။ ကိုယ်လျှောက်တုန်းကတော့ လျှောက်လိုက်တယ်။ ပါတော့ ပါချင်တာပေါ့နော်။ တစ်နေ့ကမှ လှမ်းပြီး အကြောင်းကြားတော့မှ ပါမှန်းသိတာ။ အနုပညာပျိုးခင်းက ခွင့်ပြုပါတယ်။ ဒီဟာက အနုပညာအလုပ် လုပ်တာပဲလေ။ တခြား မဟုတ်တာလုပ်တာမှမဟုတ်တာ။ ဗန်းကိုင်ချင်တယ်ဆိုပြီး လျှောက်လိုက်တာပဲ။ တခြားဘာမှမရှိပါဘူး။
သဲနော်ဇာ
သမီးလျှောက်တာ ၃ နှစ်ရှိပြီ။ ဒီနှစ်မှပါတာ။ မြန်မာ့ရုပ်ရှင်လုပ်ငန်းမှာ ဖောင်အခမဲ့ယူပြီး ဓါတ်ပုံ ၉ ပုံနဲ့တင်တာ။ ဖောင်တင်ထားတာ ၃၊ ၄ လလောက်ရှိပြီ။ ဒီနေ့မှသိရတာ။ အယောက် ၁၀၀ ကျော်ထဲက ရှစ်ယောက်ရွေးတာ
Myanmar Express

Posted in: သတင်း

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်