From : ခေတ်လူငယ်
မြန်မာရွှေ့ပြောင်းလုပ်သားများမှ ပြည်တွင်းသို့ လွှဲငွေမှာ တစ်လလျှင် ပျမ်းမျှ ကန်ဒေါ်လာ သိန်း ၁၄၀၀ ခန့်ရှိကြောင်း CB ဘဏ်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က ပြောသည်။ မြန်မာနိုင်ငံမှ စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံတို့တွင် သွားရောက်လုပ်ကိုင်နေသော ရွှေ့ပြောင်းလုပ်သား အရေအတွက်မှာ ၇ သိန်းခန့်ရှိပြီး တစ်လလျှင် လုပ်သားတစ်ဦးမှ ကန်ဒေါ်လာ ၂၀၀ ခန့် အနည်းဆုံး ပြည်တွင်းသို့ လွှဲပြောင်းပေးပို့ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။ အဆိုပါ ငွေကြေးများမှာ ပြည်တွင်းပြည်ပ ငွေပို့ငွေလွှဲလုပ်ငန်းများ မဖွံ့ဖြိုးသေးခြင်းကြောင့် ကန်ဒေါ်လာအနေဖြင့် နိုင်ငံတော်အတွင်းသို့ ဝင်ရောက်မလာဘဲ ကျပ်ငွေအဖြစ်သာ ဟွန်ဒီလုပ်ငန်းများမှတစ်ဆင့် လွှဲပြောင်းပေးပို့နေရကြောင်း ၄င်းထံမှ သိရသည်။ လက်ရှိတွင် ပုဂ္ဂလိကဘဏ် ၄ ဘဏ်ဖြစ်သော ကမ္ဘောဇဘဏ်၊ CB ဘဏ်၊ AGD ဘဏ်နှင့် ဧရာဝတီဘဏ်တို့အား စင်ကာပူ၊ မလေးရှား၊ ထိုင်းတို့နှင့် ငွေပို့ငွေလွှဲလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားပြီး မလေးရှားနိုင်ငံမှ စတင်ငွေပို့ငွေလွှဲ ပြုလုပ်နေပြီ ဖြစ်သည်။ CB ဘဏ်အနေဖြင့် မလေးရှားနိုင်ငံနှင့် ငွေပို့ငွေလွှဲ လုပ်ငန်းကို ဇွန် ၁ ရက်နေ့မှ စတင်လွှဲပြောင်း ပေးနပြီဖြစ်ပြီး ဇွန် ၁ ရက်မှ ဇွန် ၃၀ ရက်အထိ တစ်လအတွင်း ပြည်တွင်းသို့ ငွေလွှဲပို့ခြင်းမှာ ကျပ်သိန်း တစ်ထောင်ကျော် ရှိကြောင်း အထက်ပါပုဂ္ဂိုလ်ထံမှ သိရသည်။ အထက်ပါ နိုင်ငံသုံးနိုင်ငံနှင့် ငွေပို့ငွေလွှဲ ပြုလုပ်ခွင့်တွင် မလေးရှားနိုင်ငံနှင့် လုပ်ကိုင်နေပြီး ထိုင်းနိုင်ငံနှင့်မူ AGD ဘဏ်မှ ဇူလိုင် ၁ ရက်နေ့မှ စတင်လုပ်ကိုင်ကာ စင်ကာပူနိုင်ငံနှင့်မူ လုပ်ကိုင်နိုင်ရေး ညှိနှိုင်းဆွေးနွေးလျက်ပင်ရှိကြောင်း လုပ်ကိုင်ခွင့်ရ ဘဏ်များမှ သိရသည်ဟု ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

3 comments:
နိုင်ငံခြားဝင်ငွေ ခရိုနီတွေမှာအများကြီးရှိပါတယ်
very good.
တစ်လ ဒေါ်လာ ၂၀၀ တော့မရှိပါဘူး။ နိုင်ငံခြားရောက်နေတဲ့ myanmar တွေဒုက္ခတွေ့ ကြတော့ ဘယ်မြန်မာသံရုံးကလည်းမကူညီ၊ ဘယ်လုပ်ငန်းရှင်ကလည်းမကူညီ ၊သူတို့ဆီကအသီးအပွင့်ကြတော့ စားခွက်လုနေကြတယ်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်