လစ်လပ်နေသော ဒုတိယ သမ္မတ နေရာအတွက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေအား တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ဝေလင်းက အဆိုတင်သွင်းလိုက်ကြောင်း သတင်းရရှိပါတယ်။
ဦးမြင့်ဆွေသည် တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် တိုင်းမှူး ၊ တပ်မတော် စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ချုပ် စသည်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်သည်။ ဦးမြင့်ဆွေသည် ၂၀၁၀ ရွေးကောက်ပွဲ ကာလ ကတည်းကပင် သမ္မတဖြစ်မည်ဟု နာမည်ထွက်နေသူများ စာရင်းတွင် ပါရှိသူ ဖြစ်ပြီး ယခုလည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အားလုံးက တိုင်းပြည်အတွက် အများကြီး အလုပ်လုပ်နိုင်မယ့်သူလို့ ယုံကြည်ခြင်းခံရကာ ၎င်း အားရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒီကနေ့ အဆိုတင်သွင်းပြီးနောက် အခြေခံဥပဒေ နှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေးအပြီး မကြာခင်မှာ ဦးမြင့်ဆွေအား ဒုတိယ သမ္မတရာထူး ကို ခန့်အပ်တာဝန်ပေးမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
ဦးမြင့်ဆွေ ဒုသမ္မတဖြစ်လာပါက ရန်ကုန် တိုင်းဝန်ကြီးချုပ် အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ဝေလွင် ဖြစ်လာနိုင်ကြောင်း သတင်းများလည်း ထွက်ပေါလျှက်ရှိပါတယ်။
Myanmar Express

5 comments:
နိုင်ငံတော်ပြုပြင် ပြောင်းလဲရေးအတွက် အားကိုးပါတယ် ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ (ငြိမ်း) ခင်ဗျား။ မည်သည့် စီးပွားရေးသမားတွေနဲ့မှ မရောယှက်ဘဲ၊ မည်သည့် စီးပွားရေးသမားကိုမှ ဦးစားမပေးဘဲ မှန်ကန်တဲ့ စီးပွားရေးလမ်းကြောင်း တစ်ခုကို ဖော်ဆောင်ပေးပါ ခင်ဗျား။ လေးစားအားကိုးလျှက်။ ။
ကောင်း တယ် ဗျာ။ အား လုံး ခပ် အေး အေး သ မား တွေ ဆို တော့ တိုင်း ပြည် အ တွက် အ ပေါင်း လ က် ခ ဏာ ပါ ပဲ။
ကောင်းပါတယ်ဗျာ ထောက်ခံပါတယ်
comments are all anonymous...that means no meaning..
Can you do like eleven media?
Fuck you M. express
နိုင်ငံရေးငါမသိဘူးကွာ တိုင်းပြည်တိုးတက်ဖို့အတွက်
အတ္တမရှိဘဲ တကယ့်လက်တွေ့လုပ်နေသူတွေ ပေါင်းပြီး
တည်ဆောက်ကြပါ၊ ဥပမာ ယခင်က (ပင်လုံစာချုပ်မှလွတ်လပ်ရေး၊ လွတ်လပ်ရေးမှပါတီစုံ)
ယခု(လက်တွေ့လုပ်နေသူတွေ ပေါင်းမှဒီမိုကရေစီ၊ဒီမိုကရေစီမှပါတီစုံ) အားလုံးနည်းနည်းလေးမှားနေသလိုဘဲနော်။
အရီးကြီးခေတ်ဆိုတာ ရှိခဲ့တဲ့အတွက် ငါကိုယ်တိုင်မျိုးမစစ်ပေမဲ့ လူစစ်ဖို့ လူပီသဖို့တော့လိုတယ် အမြဲဆန်းစစ်နေတယ်ကွာ၊
တို့ကတာဝန်အရဆိုတဲ့စကား မင်းမိသားစုအတွက်ပါ တိုင်းပြည်အတွက် မဟုက်ပါဘူး ပြန်ဆန်းစစ်ပါအုံးကွာ။ မင်းကောလူသားတွေအတွက် သွားကြားထိုးတံ တန်ဘိုးလောက် လုပ်ပြီးပြီလါး၊ တိုင်းပြည်ဖျက်မဲ့ ငါကဘာကောင် ဘာရာထူးကွ ငါကခေါင်းဆောင်ကွ ဆိုတဲ့ဝေလေလေစုန်းပြူးတွေဖယ်ရှားပြီး လက်တွဲကြပါ၊
ကောလဟာလနဲ့ အာချောင်မယ်ဆို ဝေးဝေးနေပေးပါ၊
မင်းကတကယ်ဘဲ တာဝန်အရဘဲဖြစ်ဖြစ် မျိုးချစ်စိက်နဲ့ဘဲဖြစ်ဖြစ် တိုင်းပြည်တိုးတက်ဖို့ လုပ်မယ်ဆိုရင်
(ရှေ့ကသွားရင်အီးမပေါက်နဲ့ နောက်ကလိုက်ရင် ဖိနပ်မနင်းနဲ့ကွာ အရမ်းစိက်ဆိုးတယ်)
ငါတို့နိင်ငံက ကမ္ဘာမှာအရမ်းနောက်ကြနေပြီ အချိန်မရှိပါ။
လူသားအကျိုးပြုဂီတဥယျာဉ် (၀၉၅၀ ၈၂၈၀၈) တာမွေလူမိုက်ကြီး ၀င်းကိုလှိုင်
JJ (CLUB) နားမှာနေတယ်………
http://www.facebook.com/media/set/?set=a.482823941733642.110392329.100000181218020&type=3&l=a6af18c97d
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်