Subscribe to our RSS Feed

မြန်မာ့ပထမဆုံး အားကစားတက္ကသိုလ် ဖွင့်လှစ်တော့မည်


From : ခေတ်လူငယ်

မြန်မာနိုင်ငံတွင် ပထမဆုံး အားကစားတက္ကသိုလ်တစ်ခု ဖွင့်လှစ်သင်ကြားပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဝက်လက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့်၏ နိုင်ငံတော်တွင် အားကစားတက္ကသိုလ်တစ်ခု ဖွင့်လှစ်သင်ကြားပေးရေး အဆိုကို တင်သွင်းခဲ့သည်။ နိုင်ငံတော်၌ အားကစားနှင့် ပညာရေး ပေါင်းစပ်သည့် ကျောင်းများ၊ အားကစားနှင့် ကာယသိပ္ပံကျောင်းများကို အဆင့်မြှင့်တင်ပြီး ပြည့်စုံလုံလောက်သော နည်းပြကောင်းများ၊ နည်းစနစ်များ ရှိလာမှသာလျှင် ပိုမိုသင့်လျော်မည်ဖြစ်ကြောင်း၊ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်အသီးသီးနှင့် တပ်မတော်တပ်ရင်း တပ်ဖွဲ့များမှ ရွက်ပုန်းသီး အားကစားသမားများကို ရှာဖွေဖော်ထုတ်ပြီး အားကစားတက္ကသိုလ်မှ ထွက်ပေါ်လာမည့် အားကစားသမားများကို စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားမှု ပြုလုပ်နိုင်အောင် အစီအမံများ ပြုလုပ်သင့်ပါကြောင်း၊ အားကစား အတတ်ပညာ လက်တွေ့ကျွမ်းကျင်ပြီး အားကစားနည်းစနစ်များ ထိုးထွင်းတီထွင် ကြံဆနိုင်သည့် အားကစား အတတ်ပညာရှင်၊ အသိပညာရှင်များ အမြန်ဆုံး မွေးထုတ်ပေးနိုင်ရန်အတွက် အားကစားတက္ကသိုလ် အမှန်တကယ် လိုအပ်နေပြီဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့သည်။ ယင်းအဆိုနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ခြောက်ဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြရာ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်ကြူက သဘောတူခဲ့ပြီး လွှတ်တော်မှ အတည်ပြုပေးပါရန် ဆွေးနွေးတင်ပြခဲ့ရာ အတည်ပြု မှတ်တမ်းတင်လိုက်သည့်အတွက် နိုင်ငံတကာအဆင့်မီ အားကစားတက္ကသိုလ်တစ်ခု မကြာမီ ပေါ်ပေါက်လာနိုင်တော့မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်