Subscribe to our RSS Feed

ကမ္ဘာ့ အမြန်ဆုံး အပြေသမား ဟူစိန်ဘော့တ် ထက်မြန်တဲ့ စက်ရုပ် အမေရိကန် စစ်တပ် တီထွင်

From : http://mdsng.blogspot.com/


အမေရိကန် ပြည်ထောင်စုမှ စစ်ဘက် ဆိုင်ရာ သုတေသန ပညာရှင် များသည် အိုလံပစ် အပြေး ချန်ပီယံ အူစိန်ဘော့ထက် ပိုမိုမြန်ဆန်သည့် စက်ရုပ် တစ်ရုပ်ကို တီထွင် ထုတ်လုပ်ခဲ့သည်။



အဆိုပါ စက်ရုပ်၏ ပြေးနှုန်းမှာ တစ်နာရီ ၂၈ မိုင်နှုန်း ရှိပြီး ၂ဝဝ၉ ခုနှစ်က ၁ နာရီ ၂၇ ဒသမ ၈ မိုင် နှုန်းဖြင့် စံချိန်တင် ပြေးနိုင်ခဲ့သည့် ကမ္ဘာ့ အမြန်ဆုံး အပြေးသမား ဘော့ထက်ပို၍ အပြေးမြန် သည်ဟု သိရသည်။

၎င်းစက်ရုပ်ကို စစ်ဘက်သုံး စက်ရုပ်များ ထုတ်လုပ်သည့် Boston Dynamics ကုမ္ပဏီမှ ဒီဇိုင်းထွင် ထုတ်လုပ်ခြင်း ဖြစ်ပြီး စက်ရုပ် အတွက် ကုန်ကျ စရိတ်ကို အမေရိကန် ကာကွယ်ရေး ဆိုင်ရာ အဆင့် မြင့် သုတေသန စီမံကိန်းဌာနမှ ထောက် ပံ့ ပေးထားသည်။

အမေရိကန် တပ်ဖွဲ့များ အနေဖြင့် ယခု ကဲ့သို့သော အဆင့်မြင့် နည်းပညာသုံး စက်ရုပ် များကို အရေးပေါ် ကိစ္စရပ်များ၊ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီ ပေးသည့် လုပ်ငန်းများ နှင့် အခြား ကာကွယ်ရေး ဆိုင်ရာ လုပ်ငန်းများ တွင် နောင်အနာဂတ် ကာလ၌ အကျိုး ရှိရှိ အသုံးပြု သွားနိုင်ရန် မျှော်မှန်း ထား ကြောင်း သိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်