Friday, September 14, 2012
ME
From : planet
ဗြိတိသျှ တော်ဝင်မင်းသမီး ကိတ်မစ်ဒယ်လ်တန်၏ အပေါ်ပိုင်း ဗလာကျင်း ဓာတ်ပုံများကို မိမိတို့ လက်ဝယ်ပိုင်ဆိုင်ပြီး ပုံနှိပ်ထုတ်ဝေမည်ဆိုသော ပြင်သစ် မဂ္ဂဇင်း တစ်စောင်၏ ကြေညာချက်ကြောင့် တော်ဝင်နန်းတော် မိသားစု ခေါင်းကျိန်းနေရသည်။
ဗြိတိသျှ တော်ဝင်မင်းသမီး ကိတ်မစ်ဒယ်လ်တန်၏ အပေါ်ပိုင်း ဗလာကျင်း ဓာတ်ပုံများကို မိမိတို့ လက်ဝယ်ပိုင်ဆိုင်ပြီး ပုံနှိပ်ထုတ်ဝေမည်ဆိုသော ပြင်သစ် မဂ္ဂဇင်း တစ်စောင်၏ ကြေညာချက်ကြောင့် တော်ဝင်နန်းတော် မိသားစု ခေါင်းကျိန်းနေရသည်။ Closer မဂ္ဂဇင်းက ကိတ်တစ်ယောက် အပေါ်ပိုင်း ဗလာကျင်းလျှက် ရှိနေပုံကို ဓာတ်ပုံရိုက်ယူနိုင်ခဲ့ပြီး ယင်းဓာတ်ပုံများကို ယနေ့ဖြန့်ချီမည်ဟု ပြောကြားထားသည်။
Closer အယ်ဒီတာ အဖွဲ့က ထိုဓာတ်ပုံများကို ကိတ်သည် တည်းခိုခန်း တစ်ခု၏ လှေကားထစ်များတွင် ရှိနေစဉ်က ရိုက်ယူခဲ့ခြင်းဟု ကြေညာခဲ့သည်။ မဂ္ဂဇင်း၏ ထုတ်ဝေရေး အယ်ဒီတာ လောရင့်စ် ပီယေးက Twitterမှတစ်ဆင့် "Closerကို ထုတ်ဝေလိုက်ချိန်မှာ မင်းသားဟယ်ရီတော့ တစ်ယောက်တည်း မဟုတ်ဘူးလို့ ခံစားရမှာပေါ့"ဟု ရေးသားခဲ့သည်။ ကိတ်၏ ကြင်ယာတော် ဝီလျံ၏ ညီဖြစ်သူ ဟယ်ရီသည်လည်း ခန္ဓာကိုယ် ဗလာကျင်းဖြင့် ပါတီပွဲ ကျင်းပနေသည့် ဓာတ်ပုံများ ထွက်ပေါ်လာသဖြင့် အရှက်ကွဲခဲ့ဖူးသည်။
ယခုဓာတ်ပုံကို အဝေးမှ လှမ်း၍ ရိုက်ယူခဲ့ခြင်း ဖြစ်ပြီး ပြီးခဲ့သည့် သီတင်းပတ်က ကိတ်နှင့် ဝီလျံတို့ ပြင်သစ်ရှိ သီးသန့်ဟိုတယ် တစ်ခုတွင် တည်းခိုနေစဉ် ချောင်းမြောင်းရိုက်ယူ ခံရခြင်းဟု ယူဆရသည်။ ကိတ်နှင့် ဝီလျံတို့သည် မွတ်ဆလင် နိုင်ငံတစ်ခုဖြစ်ပြီး ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို စည်းမျဉ်းတင်းကျပ် တားမြစ်လေ့ရှိသော မလေးရှား နိုင်ငံသို့ ရောက်ရှိနေစဉ် ထိုဓာတ်ပုံများကို အချိန်ကိုက် ဖြန့်ဝေရန် Closerက စီစဉ်ခဲ့ခြင်း ဖြစ်သည်။
Myanmar Express
2 comments:
It was lucky without shooting by Gun :)
စောက်ပေါတွေ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်