Subscribe to our RSS Feed

IMF Article VIII အဖွဲ့ဝင် နိုင်ငံဖြစ်ရေး မြန်မာကြိုးပမ်း


From : The Voice


မြန်မာနိုင်ငံသည် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF) Article VIII ၏ အဖွဲ့ဝင် နိုင်ငံ ဖြစ်ရေး အတွက် ကြိုးပမ်းနေကြောင်း အာဆီယံ စီးပွားရေး အသိုင်းအဝန်း အကောင်အထည် ဖော်ရေး အတွက် ငွေကြေး အရင်းအနှီးများ ပိုမို လွတ်လပ်စွာ စီးဆင်း နိုင်ရေး လုပ်ငန်း ကော်မတီ၏ ယခုလ ၅ ရက်နေ့ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြ ပါရှိသည်။

IMF Article VIII ဆိုသည်မှာ IMF က ချမှတ်ထားသည့် ငွေကြေးလဲလှယ်မှုဆိုင်ရာ မူဝါဒများကို ဆိုလိုခြင်းဖြစ်သည်။

ယင်း အစီရင်ခံစာတွင် IMF Article VIII ၏ အဖွဲ့ဝင်ဖြစ်ရေး ဆိုင်ရာ ဆပ်ကော်မတီကို ဖွဲ့စည်းထားပြီး ၎င်း အဖွဲ့ဝင်ဖြစ်ရေး အတွက် ငွေကြေးဆိုင်ရာ ကိစ္စရပ်များကို ဖြေလျော့မှုများ အဆင့်ဆင့် ထပ်မံ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ အနေဖြင့်လည်း ယင်းအဖွဲ့ဝင် ဖြစ်ရေးအတွက် ယင်းအဖွဲ့၏ ပြဌာန်းချက်များကို လိုက်နာသွားရန်နှင့် ငွေလဲနှုန်း ပေါင်းစည်းရေးနှင့် နိုင်ငံခြားငွေ ကန့်သတ် လျော့ချရေး တို့ကို ဆောင်ရွက်သွားရန်ကိုပါ ယင်းအစီရင်ခံစာက အကြံပြု ထားသည်။

ငွေလဲနှုန်း ပေါင်းစည်းရေးတွင် မြန်မာနိုင်ငံသည် ပမာဏ အဆင့်အဖြစ် ၂၀၁၂ခုနှစ် ဧပြီလမှ စတင်ကာ SRD နှင့် ချိတ်ဆက်ပြီး ယခင် ငွေလဲနှုန်း စနစ်မှ ဈေးကွက် အခြေခံသော ထိန်းကျောင်းမှု ရှိသည့် နှုန်းရှင် ငွေလဲနှုန်း စနစ်သို့ ပြောင်းလဲ ကျုင့်သုံးခဲ့သကဲ့သို့ ပေါင်းစည်းရေး လုပ်ငန်းများကိုလည်း IMF နှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို မြန်မာ အစိုးရက ယင်းအစီရင်ခံစာတွင် ထုတ်ဖော် ထားသည်။

ယင်းအပြင် နိုင်ငံခြားငွေ ဆိုင်ရာ ကန့်သတ်ချက်များကို ပိုမို ဖြေလျော့ နိုင်ရန်လည်း နိုင်ငံခြားသုံးငွေ စီမံ ခန့်ခွဲမှု ဥပဒေသစ်ကိုလည်း ပြဌာန်းနိုင်ရန် ဆောင်ရွက်နေကြောင်း ကိုလည်း မြန်မာအစိုးရဘက်မှ ကတိပြု ပြောဆိုထားသည်ကို ယင်း အစီရင်ခံစာတွင် တွေ့ရသည်။

IMF အဖွဲ့ဝင် နိုင်ငံ ဖြစ်သော မြန်မာနိုင်ငံသည် အာဆီယံဒေသ အတွင်း ယင်း၏ IMF Article Vlll အဖွဲ့သို့ ဝင်ရောက်ရန် ကျန်ရှိသဖြင့် ၂၀၁၃ ခုနှစ်ကုန်တွင် ဝင်ရောက်နိုင်ရေး မျှော်မှန်း ထားကြောင်း သိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်