Subscribe to our RSS Feed

လာမည့် ဘဏ္ဍာရေးနှစ်တွင် Weather Rader များ တပ်ဆင် သွားမည်

From : MRTV4

Weather Rader များကို လာမယ့် ၂၀၁၃-၁၄ ဘဏ္ဍာရေး နှစ်မှာ ဂျပန် အစိုးရမှ တပ်ဆင် ပေးသွားမှာ ဖြစ်တယ်လို့ ပို့ဆောင်ရေး ၀န်ကြီးဌာန၊

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီ Weather Rader များကို ဂျပန်အစိုးရရဲ့ အကူအညီနဲ့ Jica မှ တာဝန်ယူ ဆောင်ရွက်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Weather Rader ကို ၂ လုံး တပ်ဆင်ပေး သွားမှာဖြစ်ပြီး အဆိုပါ Weather Rader များကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ တောင်ဘက် ၁၃ မိုင် အကွာရှိ မင်းပြင် ကျေးရွာနဲ့ ရန်ကုန်တိုင်း ဒေသကြီး၊ ကမ္ဘာအေး မိုးလေ၀သရုံးမှာ တပ်ဆင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို Weather Rader များ တပ်ဆင်ဖို့ အတွက် တာဝါ အဆောက်အဦးများ၊ နည်းပညာ သင်တန်းများကို ဂျပန် အစိုးရမှ အထောက်အပံ့ ပေးသွားမှာ ဖြစ်ပြီး အမေရိကန် ဒေါ်လာ သန်း ၃၀-၄၀ ကြား ကုန်ကျမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Weather Rader များဟာ မိုင် ၂၄၀ ပတ်ဝန်းကျင်က ဖြစ်ပေါ်နေတဲ့ လေထုအတွင်း သိပ်သည်းဆများ၊ ဘင်္ဂလား ပင်လယ်အော်ရှိ မုန်တိုင်းများ၊ မိုးရွာသွန်းမှု မိုးရေချိန် လက်မများ ခန့်မှန်းခြင်းနဲ့ သဘာဝ ဘေးအန္တရာယ်များ ကိုလည်း ခန့်မှန်း နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မန္တလေးတိုင်း ဒေသကြီး မှာလည်း Weather Rader ၁ လုံး တပ်ဆင်ဖို့ လျာထားပြီး တပ်ဆင်ဖြစ်မယ် ဆိုရင်တော့ မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြေ့သာစည် လေဆိပ်ဟောင်းမှာ တပ်ဆင်ဖို့ ရှိတယ်လို့ သတင်း ရရှိပါတယ်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်