Subscribe to our RSS Feed

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပထမ အကြိမ် ပါတီ ညီလာခံ (၂၀၁၂) ဒုတိယနေ့ ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပထမအကြိမ် ပါတီ ညီလာခံ (၂၀၁၂) ဒုတိယနေ့ကို ၁၅-၁၀-၂၀၁၂ ရက် နံနက် (၈) နာရီတွင် စတင် ကျင်းပရာ တိုင်းဒေသကြီး/ ပြည်နယ် ပါတီ ကိုယ်စားလှယ်များက သတ်မှတ်ပေးထားသော ခေါင်းစဉ်များကို ဆွေးနွေးကြသည်။
 
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပထမအကြိမ် ပါတီညီလာခံ (၂၀၁၂) ဒုတိယနေ့ ပါတီဒုတိယဥက္ကဋ္ဌ၊ ဗဟိုအတွင်းရေးမှူးများ၊ တိုင်းဒေသကြီး၊ ပြည်နယ် ၀န်ကြီးချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌများ၊ အခမ်းအနား တက်ရောက်ကြောင်း လက်မှတ်ရေးထိုးစဉ်
ထိုသို့ ဆွေးနွေးရာတွင် “ ပါတီတွင်း ဒီမိုကရေစီရှင်သန်ဖွံ့ဖြိုးရေး၊ ပြည်သူ့ပါတီအဖြစ် အသွင်သဏ္ဍာန်နှင့် အနှစ်သာရပါပြည့်စုံစေရန် ကြိုးပမ်း အကောင် အထည်ဖော်ရေး” ကို မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) နှင့် တနင်္သာရီ တိုင်းဒေသကြီး တို့ကိုယ်စား ကိုယ်စားလှယ် (၂)ဦးတို့မှ ဆွေးနွေးကြသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း) ပါတီကော်မတီဝင် ဒေါ်နန်းဝါ၀ါထွေးမှ ဆွေးနွေးစဉ်
“ ပါတီတွင်း စည်းလုံးညီညွတ်မှုနှင့် ပြည်သူလူထုအတွင်း စည်းရုံးမှုများ ပိုမိုထက်မြက်ထိရောက် လာရေး”ကို ရန်ကုန်တိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီးနှင့် ချင်းပြည်နယ် တို့ကိုယ်စား ကိုယ်စားလှယ် (၂) ဦးတို့မှ ဆွေးနွေးကြသည်။
 
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် အတွင်းရေးမှူး ဦးအောင်နိုင်ဦးမှ ဆွေးနွေးစဉ်
“တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်း၍ ငြိမ်းချမ်းမှု ရရှိရေးအတွက် ၀ိုင်းဝန်းပါဝင် ဆောင်ရွက်ရေး” ကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရှမ်းပြည်နယ်(အလယ်ပိုင်း) နှင့် ကရင်ပြည်နယ် တို့ကိုယ်စား ကိုယ်စားလှယ် (၂) ဦးတို့မှ ဆွေးနွေး ကြပြီး နံနက်ပိုင်း အခမ်းအနား အစီအစဉ်ကို ရပ်နားလိုက်သည်။
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် အတွင်းရေးမှူး ဒေါ်လဲ့လဲ့ဝင်းဆွေမှ ဆွေးနွေးစဉ်
ဆက်လက်၍ နေ့လည်ပိုင်း အစီအစဉ်တွင် တိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုနယ်မြေ ပါတီ ကိုယ်စားလှယ်များက သတ်မှတ်ပေး ထားသော ခေါင်းစဉ် များကို ဆွေးနွေးကြရာ “ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးကို ဖော်ဆောင်ပေးနိုင်သော ဥပဒေများ ပေါ်ပေါက်ရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် ၀ိုင်းဝန်းပါဝင် ဆောင်ရွက်ရေး” ကို ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကယားပြည် နယ်နှင့် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) တို့ကိုယ်စား ကိုယ်စားလှယ် (၂)ဦးမှ ဆွေးနွေးကြသည်။
 
မကွေးတိုင်းဒေသကြီး မကွေးခရိုင် ပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်မှ ဆွေးနွေးစဉ်
“ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ရရှိရေးတို့အတွက် ပြည်သူများနှင့် လက်တွဲကြိုးပမ်းဆောင်ရွက်ရေး” ကို ဧရာဝတီ တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ တို့ကိုယ်စား ကိုယ်စားလှယ် (၂) ဦးတို့မှ ဆွေးနွေးကြသည်။
 
ကချင်ပြည်နယ် ပါတီကော်မတီဝင် ဦးဘရန်ရှောင်မှ ဆွေးနွေးစဉ်
ထို့နောက် တိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုနယ်မြေ ပါတီကိုယ်စားလှယ်များ ဆွေးနွေးချက်များအပေါ် စည်းရုံးရေးရာဌာနကြီးက ပြန်လည် သုံးသပ် ဆွေးနွေးကြကြောင်း သိရှိရသည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်