Subscribe to our RSS Feed

ပျင်းရိခြင်းသည် မြန်မာလူမျိုးတို့၏ အပြစ်လော?

From :ရွှေအိမ်စည်


ကျွန်ုပ်တို့မြန်မာပြည်သည် အင်္ဂလိပ်တို့မ၀င်ရောက်ဖူးသေးမီတစ်ခါက အလွန်တရာဆူဖြိုးချောင်ချိခဲ့သော တိုင်း ပြည်ဖြစ်သည်တစ်ကြောင်း၊ ၃၀ ၄၀ ပေးရသော ဘွတ်ဖိနပ်မျိုး၊ သက္ကလပ်အင်္ကျံမျိုး၊ တစ်နပ်စာ အတွက် လေးငါးကျပ် တန်းသော အစားအစာမျိုး အစရှိသည်တို့ မရှိခဲ့ဖူးသည်တစ်ကြောင်းကြောင့် လူတစ်ယောက် အလုပ်လုပ်လိုက်လျှင် တစ်အိမ်ထောင်လုံးအတွက် စားဖို့၊ ၀တ်ဖို့၊ နေထိုင်ဖို့ လုံလောက်စွာ ရရှိခဲ့ကား ကျန်သော အိမ်သူအိမ်သားများသည် ၀တ်ကာ၊ စားကာ၊ သနပ်ခါးလိမ်းကာ၊ ခြင်းလုံးခတ်ကာဖြင့် ချောင်ချိသက်သာစွာ နေထိုင်နိုင်ကြ၏။ မော်တော်ကားစီးမှုအတွက်သူတစ်ပါးနှင့် ဂုဏ်ပြိုင်အားကျရန်လည်းမရှိ၊ သုံးထပ်တိုက်ကြီး တည်ဆောက်ခြင်းအားဖြင့် သူတစ်ပါးထက်သာအောင်ကြွားဝါလိုသော စိတ်ဆန္ဒမျိုးလည်းမရှိ၊ အလွန်စုတ်ပြတ်လွယ်၍ ပါးလွှာလှသောပဒုမ္မာ အင်္ကျံပါးမျိုးကို ၀တ်ဆင်လိုခြင်းလည်းမရှိ။ သောက်ရှူလိုခြင်းလည်းမရှိ။ ခပ်ချောင်ချောင်အလုပ်လုပ်၍ ခပ်ချောင် ချောင်နေထိုင်စားသောက်လာခဲ့ကြသော လူမျိုးဖြစ်ခဲ့၏။ ထို့ကဲ့သို့ ၀မ်းစာအတွက်လည်းကောင်း၊ အားအတွက်လည်းကောင်၊ နေမှု ထိုင်မှုတွက်လည်းကောင်း လှုပ်ကာ လှက်ကာနှင့် လုံလောက်စွာရရှိခဲ့ကြသော လူမျိုးတစ်မျိုးသည် လွယ်လွယ်နှင့် တင်းတိမ်ရောင့်ရဲ၍ ပင်ပန်းကြီးစွာအားထုတ်လုပ်ကိုင်ရန် ပျင်းရိခြင်းရှိကြသည်မှာ အံ့သြဖွယ်ရာမဟုတ်။ သတ္တ၀ါတို့၏ ဓမ္မတာသဘောအတိုင်းမျှသာ ဖြစ်ချေ၏။ ထိုမျှလောက် အသက်မွေးချောင်ချိ လာခဲ့သော လူမျိုးသည် လျှာထွက်မတတ် အလုပ်လုပ်နိုင်မှ ၀မ်းခါး မ၀တ၀ မလှတလှ ရရှိနိုင်ကြသည့် ကုလားပြည်မှ ကုလားလူမျိုး၊ တရုတ်လူမျိုးများနှင့် စံထိုးနှိုင်းယှဉ်ခြင်းခံရသည့်အခါ ပျင်းရိသည်၊ ပေါ့လျော့သည်ဟူ၍ စွပ်စွဲခြင်းခံကြရ ခြင်းမှာ အံ့ဖွယ်ရာမဟုတ်လှချေ။ အမှန်စင်စစ်သော်ကား မြန်မာသည် ပျင်းနိုင်သောအခြေရရှိခဲ့ဖူး၍ ပျင်းရိခြင်း၌ အ ကျင့်ပါနေသေးခြင်းမျှသာ ဖြစ်ပေ၏။ မည်သည့်လူမျိုးပင်ဖြစ်စေ မြန်မာကဲ့သို့ ခေတ်ကောင်း ခေတ်အေးမျိုးမီခဲ့ဖူးလျှင် မြန်မာနှင့် အလားတူစွာပျင်းရိကြမည်သာ ဖြစ်ချေ၏။ ပျင်းရိခြင်းကို အပြစ်တစ်ခုလုပ်၍ ပြောမည်ဆိုလျှင် ထိုအပြစ် သည် မြန်မာလူမျိုး၏အပြစ်မဟုတ်။ ၀မ်းစာရှာရန် ချောင်ချိခဲ့ဖူးသည့် မြန်မာပြည်၏အပြစ်ဟူ၍သာ ဆိုရန်ရှိပေ၏။ 

Myanmar Express 

6 comments:

သိပ် မှန် ပါ တယ်
ကျ နော် တို့ ငယ် တုန်း က ရွာ ဇ ရပ် မှာ အ နား ယူ နေ ကြ တာ လူ ကြီး လူ ငယ် အ ပြည့် ဗျ
အ ခု တော့ လူ တွေ ဘယ် ရောက် ကုန် ကြ လဲ မ သိ ဘူး

အမှန်အကန် ထောက်ခံပါသည်

သူပြောတော့လည်း ဟုတ်တုတ်တုတ် ...
တို့ကိုမနာလိုသူတွေက ပျင်းတယ်လို့ ပြောကြတာပေါ့နော်။

အမေစု ဘယ်လို ဖြစ်နေတာလဲ..
ကျော်သူကို ဆက်သွယ်ရတော့ မလားး
အဟင့် အဟင့်..

hoke,,, thit hoke per dal...

ပျင်းတာတောင်ဆင်ခြေနဲ့ ပါလားနော်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်