Subscribe to our RSS Feed

ရန်ကုန် တစ်မြို့လုံးတွင် အွန်လိုင်းဖြင့် မီတာဘေလ် ပေးဆောင်မှု အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိ

From : MRTV4

အွန်လိုင်းနဲ့ မီတာ ဘီလ်ပေးဆောင်မှု စနစ်ကို နေပြည်တော်မှာ စတင် အသုံးပြု နိုင်နေပြီ ဖြစ်ရာ ရန်ကုန်မြို့ မှာလည်း တွင်ကျယ်စွာ အသုံးပြုနိုင်ဖို့
အတွက် လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာနက စီစဉ် ဆောင်ရွက် လျက်ရှိတယ်လို့ အဆိုပါ ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ရန်ကုန် တစ်မြို့လုံးနီးပါး အွန်လိုင်းမီတာ ဘေလ်စနစ်နဲ့ အသုံးပြု လိုသူတွေ အတွက် လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန အနေနဲ့ ရတနာပုံ တယ်လီပို့နဲ့ ချိတ်ဆက်ကာ ထပ်တိုး ပြုလုပ်သွားဖို့ စီစဉ်လျက် ရှိတာ ဖြစ်ပါတယ်။

အဆိုပါ ရတနာပုံ တယ်လီပို့မှ တဆင့် အခြား ဘဏ်တွေနဲ့ ထပ်မံ ချိတ်ဆက်ကာ ဆက်လက် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ရန်ကုန် မြို့တွင်းမှာ အွန်လိုင်းနဲ့ မီတာဘေလ် ပေးဆောင်မှုကို United Amara နဲ့ ချိတ်ဆက်ပြီး ဆောင်ရွက် လျက်ရှိပြီး အွန်လိုင်းမှ မီတာဘေလ် ပေးဆောင်သူ ဦးရေဟာ ၈၀၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။ ၀န်ဆောင်ခမှာ မီတာ တစ်လုံးကို Service Charges ၅၀၀ ကျပ် ကျသင့် ပါတယ်။ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေနဲ့ United Amara ဘဏ်နှင့် ချိတ်ဆက်ကာ ရန်ကုန်မြို့ တွင်းမှာ အွန်လိုင်း မီတာ ဘေလ် စနစ်နဲ့ အသုံးပြုနိုင်ဖို့ အတွက် ပြုလုပ်ခြင်း ကိုတော့  သြဂုတ်လမှ စတင်ကာ အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို အကောင်အထည် ဖော်ခြင်းမှာ နေပြည်တော်မှ ၀န်ထမ်းများ အတွက် အဓိက ရည်ရွယ်ပြီး ရန်ကုန်အိမ်မှ မီတာ ဘေလ်ကို အွန်လိုင်းမှ တစ်ဆင့် ဆောင်နိုင်ဖို့ အဆိုပါ ဘဏ်နဲ့ ချိတ်ဆက်ကာ ပြုလုပ်ပေး လျက်ရှိတယ်လို့ သိရပါတယ်။
 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်