Subscribe to our RSS Feed

မြန်မာ့သွေး 'ရေ' အရောမခံရစေဖို့ မြန်မာမိန်းကလေးများသတိပြုပါ

From : သူရိန်သော်တာ



 သစ်တစ်ပင်တည်းဆိုလျှင် လေတိုက်၍ အလွယ်တကူ လဲနိုင်၏ ထင်းတစ်ချောင်းထဲဆိုလျှင် အလွယ်တကူ ချိုးဖဲ့နိုင်၏ဟူသော စကားများသည် ကြားနေကြစကားတွေပါပဲ။ အမြဲတမ်းမှန်းကန် နေသော စကားများဆိုလျင်လည်း မမှားပါဘူး။ လူမျိုးတစ်ခု တည်ရှိနေဖို့က ထိုလူမျိုး၏ စည်းလုံး ညီညွတ်မှုသည် အဓိက ဖြစ်သည်။ ကမ္ဘာပေါ်မှာ မြန်မာဟူသော ဂုဏ်ကို မြှင့်တင်ဖို့သည် ကျွန်တော်တို့၏ တာဝန်ဖြစ်သည်။ထို့အတူ ပင် မြန်မာလူမျိုးဆက်လက်တည်ရှိနေအောင် ထိန်းသိမ်းကာကွယ်ဖို့သည် လည်းကျွန်တော်တို့၏ တာဝန်သာဖြစ်သည်။ လူမျိုးရေး ခွဲခြားဖို့ ဆိုလိုခြင်းမဟုတ်။ ဘာသာတရားတွေ ဆုပ်ကိုင်ထားဖို့ ပြောနေခြင်း မဟုတ်ပါဘူ။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ကိုယ့်အမျိုးဘာသာ သာသနာကို ထိန်းသိမ်း စောင့်ရှောက်ဖို့အတွက်တော့ ကျွန်တော်တို့ အားလုံး လုပ်ဆောင်ရလိမ့်မည်။ ကိုယ်အမျိုးဘာသာကို ထိန်းသိမ်းစောင့်ရှောက်ရာတွင်လည်း နည်းမှန်လမ်းမှန် နဲ့ထိန်းသိမ်း စောင့်ရှောက်ကြဖို့လိုပါသည်။ ဆဲရေးတိုင်းထွာပြီး တုန့်ပြန်ခြင်းဟာ မှန်ကန်တဲ့ နည်းလမ်းမဟုတ် မဟုတ်ဘူးဆိုတာတော့ ပြောချင်သည်။ ဆဲရေးမှုနဲ့တုန့်ပြန်ခြင်းက ရိုင်းစိုင်းခြင်းဟူသော အဓိပ္ပါယ်သာ ထွက်လိမ့်မည်။ ကျွန်တော်တို့ လုပ်ဆောင်ရမှာက - 
(၁) တိုင်းရင်းသား စည်းလုံးညီညွတ်ရေး
 (၂) ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်မြေ မတိမ်ကော မပျောက်ကွယ်ရေး
 (၃) ကျွန်တော်တို့ လူမျိုးသွေး ရေ မရောရေး တို့ကို တာဝန်သိသိ သတိရှိရှိနဲ့ လုပ်ဆောင်ရမည်။
 ထို့အတွက် ကျွန်တော်တို့တတွေ ညီညွတ်ကြရမည်။ မြန်မာအချင်းချင်း ရိုင်းပင်းကူညီကြရမည်။ အချင်းချင်း ရိုင်းပင်းမကူညီပါက အမျိုးခြားက ကူညီလျှင် ထိုမြန်မာ လူမျိုးခြားနောက်ပါသွားမည်။ ကမ္ဘာပေါ် မှာ မြန်မာကို မြန်မာအတိုင်းပဲ ရှိဖို့ ကာကွယ်ထိန်းသိမ်းပေးကြပါ။ မြန်မာအချင်းချင်း ရိုင်းပင်းကူညီခြင်း ဖြင့်စောင့်ရှောက်ကြပါ။ အမျိုးခြားရန်ကို အတွင်းရော အပြင်ပါလှိုက်စား မှုမရှိအောင် မြန်မာအချင်းချင်း ကျောချင်းကပ်၊ ရင်ချင်းအပ်၍ ကာကွယ်ရမည်။ လူမျိုးရေး ခွဲခြားလျင်း ပြုံးတဲ့ အပြုံးတွေက ခါးနေလိမ့်မည်။ ဘာသာတရားကို ဆုပ်ကိုင်ပြီး ကြည့်လျှင် အကြည့်တွေက စိမ်းနေလိမ့်မည်။ ကျွန်တော်တို့ လူမျိုးရေး မခွဲခြားလိုပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ လူမျိုးကိုတော့ ကျွန်တော်တို့ ချစ်သည်။ ကျွန်တော်တို့ရဲ့ ဘာသာတရားကိုကျွန်တော်တို့လေးစားသည်။ မြတ်နိုးသည်။ လူကိုလူချင်း နားလည်ပေးနိုင်သော်လည်း မြန်မာကိုတော့ မြန်မာအတိုင်းသာရှိစေချင်သည်။ မြန်မာ့သွေး ရေ မရောစေချင်ပါဘူး။ အာလုံးပေါင်းစု၍ ကာကွယ်ကြရမည်ဖြစ်သည်။ ကမ္ဘာမှာ မြန်မာတို့ရဲ့ ဂုဏ်ရည်၊ အင်အားနဲ့ ခြေလှမ်းတွေအတွက် မြန်မာပြည်သူပြည်သား ပီပီ ၀ိုင်းဝန်း၍ စဉ်းစားပေးဖို့ကိုလည်း ပြောချင်ပါသေးသည်။ မြန်မာတို့ရဲ့ညီညွတ်ခြင်း အင်အားနဲ့ ခြေလှမ်းတွေကို ၀ိုင်းဝန်းဖော်ဆောင်ကြရမည်။ မြန်မာ့သွေး ရေ မရောစေဖို့အတွက် ကမ္ဘာမှာ မြန်မာတို့ အခန်းကဏ္ဍ တွင်ကျယ်စေဖို့ အတွက် မြန်မာတစ် မျိုးသားလုံးမှာ တာဝန်ရှိပါသည်။ 

 Myanmar Express 

2 comments:

THANK YOU SO MUCH KO THURIN.. WE HOPE ANOTHER GREAT LETTER LIKE THIS,,
[DI SAR KO N L D,, KO PAY PAY KYA ZAN BER]DI LOUT TAUNG HMART [LUU MYO YAY] RAW SHIN TE LADY..

THIN KHAN ZAR U DAT AUNG BER,,

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်