From : ဖိုးဇော်
၁၉၅၂ ခုနှစ်မှစ၍ ယနေ့ကာလအထိ တရားမဝင်ကြေညာထားပြီးဖြစ်သော ငွေစက္ကူများမှအပ ကျန်ငွေစက္ကူများဖြစ်သည့် (၁)ကျပ်တန်မှ ကျပ်တစ်သောင်းတန်အထိ ငွေစက္ကူအားလုံးကို တရားဝင်လှည့်လည် သုံးစွဲနိုင်ကြောင်း နိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ကြေညာသည်။ တန်ဖိုးငယ်ငွေစက္ကူငယ်စက္ကူများ ပြန်လည်ရုပ်သိမ်းမည်ဆိုသည့် ကောလာဟာလများမှာ မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင် ထုတ်ပြန်ကြေညာခဲ့ကြောင်းကိုလည်း သိရသည်။ "ဒီလို မသေချာပဲနဲ့ ပြောတဲ့စကားတွေကြောင့် ပြည်သူလူထုတွေကို အလကားသက်သက် စိုးရိမ်သောက ဖြစ်စေတယ်။ နောက်ဆုံး ရုပ်သိမ်းမယ် ဆိုရင်တောင် စည်းမျဉ်းတွေအရ အစိုးရခွင့်ပြုချက်နဲ့ ပြည်သူလူထုကို တရားဝင်ထုတ်ပြန်ကြေညာပြီးမှ ရုပ်သိမ်းလို့ရမှာ" ဟု နိုင်ငံတော် ဗဟိုဘဏ်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက သုံးသပ်ပြောကြားသည်။ အောက်တိုဘာလ ဒုတိယအပတ်အတွင်းက တန်ဖိုးငယ်ငွေစက္ကူများဖြစ်သော (၅) ကျပ်၊ (၁၀) ကျပ်၊ (၂၀) ကျပ်၊ (၅၀) ကျပ်တန်များကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ပြန်လည်ရုပ်သိမ်းမည်ဆိုသည့် ကောလာဟလများ ပြည်သူလူထုကြားထဲ၌ ပြန့်နှံနေသည့်အပေါ်တွင်ဗဟိုဘဏ်မှမဟုတ်မှန်ကြောင်း အောက်တိုဘာလ (၁၇) ရက်နေ့တွင်ယခုကဲ့သို့ ပြန်လည်၍ ရှင်းလင်းချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ “အခုရက်ပိုင်း လူတွေကြားမှာ အကြွေတွေကို ပြန်ရုပ်သိမ်းမယ်ဆိုပြီး သတင်းတွေထွက်နေတော့ ကျွန်တော်တို့ လို မုန့်အေးဂျင့်လုပ်ငန်းတွေဆို ဘယ်အချိန်ထပြီး ရုပ်သိမ်းမလဲဆိုပြီး ရင်တမမနဲ့ ဖြစ်နေကြတာ။ ပြီးတော့ ဒီငွေအကြွေ လေးတွေက အောက်ခြေလူတန်းစားတွေထဲမှာ အများဆုံး သုံးနေတာ”ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမှ မုန့်မျိုးစုံ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသော ကိုစိုးစံက ပြောသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များ သုံးစွဲ ထုတ်ဝေခြင်း အခန်း(၆) အပိုဒ်(၄၅)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် လှည့်လည်သုံးစွဲနေသော မည်သည့် ငွေစက္ကူများ (သို့) ဒင်္ဂါးများကိုမဆို ရုပ်သိမ်းရန်လိုအပ်ပါက အစိုးရ၏ ခွင့်ပြုချက်ဖြင့် အများပြည်သူသို့ ကြေညာ ချက်ထုတ်ပြန်၍ ကြိုတင်အသိပေးပြီး ယင်းငွေစက္ကူများ (သို့) ဒင်္ဂါးများ အတွက် တန်ဖိုးအလိုက် လဲလှယ်ပေး၍ ရုပ်သိမ်းနိုင်သည်ဟု ပါဝင် ကြောင်း နိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်များအရ သိရသည်။ လွန်ခဲ့သော သြဂုတ်လအတွင်းက နိုင်ငံခြားငွေလဲလှယ်နိုင်သောလက်မှတ် (FEC) ကိုလာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဏာနှစ်အကုန်တွင် ရုပ်သိမ်းမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဌမှ မီဒီယာတစ်ခုသို့ တရားဝင် ထုတ်ဖော် ပြောကြားခဲ့သည်။
Myanmar Express

1 comments:
သိချင်တာလေးတစ်ခုရှိပါတယ်
၄၅ကျပ်တန်ငွေစက္ကူနဲ့ ၉၀ကျပ်တန်ငွေစက္ကူတို့အားမြန်မာ
နိုင်ငံတော်ဗဟိုဘဏ်မှတရားဝင်သုံးစွဲခြင်းမှရပ်ဆိုင်းမှုမပြု
လုပ်ခဲ့သော်လည်း ယခုအခါသုံးစွဲမှုမပြုကြတော့သလိုသုံး
စွဲလို့လည်းမရတော့ပါ•••
ထူးဆန်းပါဘိ•••
why?????
why not??????????
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်