Subscribe to our RSS Feed

တူရကီ-ဆီးရီးယား အပြန်အလှန်ပစ်ခတ်မှု များဆက်တိုက်ဖြစ်ပွား

From : သာနောင်


 ဆီးရီးယားဘက်မှပစ်ခတ်လာသော အမြောက်ဆန်သည် နယ်စပ်အနီး တူရကီရှိ ဟာတေပြည်နယ်မှ ရွာတစ်ရွာအနီးကျလာခဲ့မှုကြောင့် တူရကီစစ်သားများက အောက်တိုဘာလ ၆ ရက်တွင် ပြန်လည်ပစ်ခတ် ခဲ့ကြောင်း တူရကီသတင်းဌာန Anadoula က ထုတ်ပြန်ခဲ့သည်။ ယင်းကဲ့သို့အပြန်အလှန်ပစ်ခတ်မှုမှာ အောက်တိုဘာလ ၆ ရက်တွင် လေးရက်မြောက်ရှိလာပြီဖြစ်သည်။ အောက်တိုဘာလ ၃ ရက်တွင် ဆီးရီးယားက တူရကီရှိ Akcakale မြို့ကို အမြောက်များဖြင့်စတင်ပစ်ခတ်ခဲ့သဖြင့် အရပ်သားငါးဦးသေဆုံးခဲ့ပြီး ကိုးဦးဒဏ်ရာရခဲ့သည်။ ယင်းပစ်ခတ်မှုအပေါ် ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ကန့်ကွက်ရှုတ်ချခဲ့သည်။ အောက်တိုဘာလ ၄ ရက်တွင် တူရကီဝန်ကြီးချုပ် ရီဆက်တေရစ်အာဒိုဂန်က ဆီးရီးယားသည် တူ ရကီ၏ကာကွယ်ရေးစွမ်းရည်နှင့် ခိုင်မာသောသံန္နိဋ္ဌာန်ကို စမ်းသပ်မည် ဆိုပါက အမှားကြီးမှားသွားမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ တူရကီနယ်စပ်အနီး ဆီးရီးယားမြို့တစ်မြို့ဖြစ်သော Khirbet al Jouz ကို အတိုက်အခံများက ခုနစ်နာရီကြာတိုက်ခိုက်မှုအပြီး သိမ်းနိုင်ခဲ့သည်။ ဒမတ်စကတ်၊ ဟွမ်၊ အလက်ပို စသောမြို့များစွာတွင်လည်း တိုက်ခိုက်မှု များစွာဖြစ်ပွားခဲ့သည်။ 


 Myanmar Express 



0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်