From :yangon media
စွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍ ဖွံဖြိးတိုးတက်ရေး စီမံကိန်းများ ဆိုင်ရာ အမျိုးသားအဆင့် ဆွေးနွေးပွဲကို အောက်တိုဘာ ၁၆နှင့် ၁၇ ရက်များတွင် နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ နှစ်ရက်တာဆွေးနွေးပွဲသို့ သမ္မတရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးစိုးသိမ်း၊စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး၊လျှ့ပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊အမျိုသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ဒုတိယ၀န်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ပညာရှင်များတက်ရောက်ခဲ့ကြသည်။
စွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍဖွံ့ဖြိးတိုးတက်ရေးအတွက် ပြည်တွင်းပြည်ပရင်းနှီးမြှပ်နှံနိုင်မည့်အခြေအနေများ၊ဌာနများပြုပြင်ပြောင်းလဲဖွဲ့စည်းသင့်သည့်ပုံစံများ၊စွမ်းအင်အရင်းအမြစ်များ ရှာဖွေဖော်ထုတ်နိုင်မည့် နည်းလမ်းများစသည်တို့ကို တက်ရောက်သူများက ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။

Myanmar Express

ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး တင်ပြဆွေးနွေးစဉ်။

1 comments:
ကောင်း ပါ တယ် .
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်