Subscribe to our RSS Feed

အမေရိကန် နိုင်ငံသည် မိမိတို့၏ ဒုံးကျည် ပစ်ခတ်နိုင်စွမ်းရှိသော အကွာအဝေး အတွင်း၌သာ တည်နေကြောင်း မြောက်ကိုရီးယားက ပြောကြား

From : planet

အမေရိကန် နိုင်ငံသည် မိမိတို့၏ ဒုံးကျည် ပစ်ခတ်နိုင်စွမ်းရှိသော အကွာအဝေး အတွင်း၌သာ တည်နေကြောင်း မြောက်ကိုရီးယားက ပြောကြားလိုက်သည်။

မြောက်ကိုရီးယား၏ နိုင်ငံရေးပြိုင်ဘက်ဖြစ်သော တောင်ကိုရီးယား နိုင်ငံ၏ ဒုံးကျည်ပစ်လွှတ်နိုင်စွမ်း ကန့်သတ်အကွာအဝေး တိုးမြှင့်မှုကို အမေရိကန်က ထောက်ခံ အားပေးခဲ့သည့်နောက် မြောက်ကိုရီးယား ကာကွယ်ရေး ကော်မရှင်မှ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ယခုလို ထုတ်ဖော် ပြောဆိုလာခြင်း ဖြစ်သည်။ တောင်ကိုရီးယား အစိုးရက မိမိတို့၏ ဒုံးကျည်များ ပစ်လွှတ်နိုင်မည့် အကွာအဝေးကို (၁၉၇၉)ခုနှစ် သဘောတူညီချက်အရ မိုင်(၁၉၀)ထိသာ ကန့်သတ်ထားသော်လည်း ယခုအခါ မိုင်(၅၀၀)သို့ တိုးမြှင့်လိုက်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက ကြေညာခဲ့သည်။ ယင်းအကွာအဝေး သတ်မှတ်ချက်အရ မြောက်ကိုရီးယား တစ်နိုင်ငံလုံးရှိ မည်သည့် ပစ်မှတ်ကိုမဆို တောင်ကိုရီးယား ဒုံးကျည်များ ထိမှန်အောင် ပစ်ခတ်နိုင်မည်ဟု သိရှိရသည်။


  Myanmar Express

1 comments:

Do you think this thingyan canon will reach US? Ha ha.. Still failed in testing stage. Keep barking to get foods.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်