Subscribe to our RSS Feed

စစ်တွေနှင့် မြောက်ဦးသို့ ကမ္ဘာလှည့်ခရီးသွားများ သွားနိုင်ပြီ

From : 7day

မငြိမ်မသက်မှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မြောက်ဦးမြို့များသို့ ကမ္ဘာလှည့်ခရီးသွားများကို ကြိုတင်ခွင့်ပြုချက်ဖြင့် သွားလာခွင့် ပြုလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းက သတင်းထုတ်ပြန်သည်။
“သွားချင်ရင်တော့ ကြိုတင်ရမှာပေါ့။ ငါးရက်လောက်ပဲ အများဆုံးကြာမှာပါ။ တစ်ခါတစ်လေ ဒါ့ထက်တောင် စောနိုင်ပါသေးတယ်”ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးတင်ထွန်းအောင်ကပြောသည်။
အဆိုပါ ခရီးများသို့ သွားရောက်ရန် လျှောက်ထားပါက ခရီးစဉ်အချက်အလက်နှင့် ဧည့်လမ်းညွှန်များ ပါရှိရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်အသင်း ဒုဥက္ကဋ္ဌ ဦးသက်လွင်တိုးကပြောသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မြောက်ဦးမြို့သို့ သွားရောက်ရန် ခွင့်ပြုချက် ရယူလိုပါက ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ လိပ်မူပြီး လျှောက်ထားရမည်ဖြစ်သည်။
လွန်ခဲ့သည့် နှစ်လခန့်မှစ၍ ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ မြောက်ဦးနှင့် မဟာမုနိဒေသများသို့ ကမ္ဘာလှည့်ခရီးသွားများကို သွားလာခွင့် တားမြစ်ခဲ့သော်လည်း ပြည်နယ်အစိုးရက ခွင့်ပြုသဖြင့် FIT ဧည့်သည်များမှာ သွားလာလျက်ရှိသည်။

  Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်