From : popular
မြန်မာနိုင်ငံမှာ ဟစ်ဟော့ပ်ဂီတထွန်း ကားခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ရှိလာပြီ ဖြစ်သလို ဟစ်ဟော့ပ်ဂီတရဲ့ ယဉ်ကျေးမှု အစိတ်အပိုင်းတစ်ခုလို့ဆိုကြတဲ့ Graffiti Art ရဲ့ကဏ္ဍဟာလည်း ခုချိန်မှာ ခရီးရောက်လာပြီလို့ဆိုနိုင်ပါလိမ့်မယ်။Graffiti Art ကို ၁၉၅ဝ ဝန်းကျင်လောက်ကစတင်ပေါ်ပေါက်ခဲ့တယ်လို့ ယူဆရပြီး အဲဒီနောက်မှာပြီး မြို့ ပြနံရံ ပန်းချီတစ်ခု အဖြစ် သတ်မှတ်ခဲ့ကြရာ ၁၉၆ဝ၊ ၇ဝ ဝန်းကျင်မှာ ပြည်ပနိုင်ငံ အသီးသီးမှာ ကျယ်ပြန့်လာခဲ့ပြီး တစ်စတစ်စနဲ့ အာရှနိုင်ငံများဘက်ကို ရောက်ရှိ လာရာကနေ၂ဝဝဝ ပြည့်နှစ် အစောပိုင်း ကာလတွေမှာတော့ ဟစ်ဟော့ပ်ဂီတနဲ့အတူ မြန်မာနိုင်ငံ မှာလည်း Graffiti Art ဟာ ထွန်း ကားကျယ်ပြန့်လာခဲ့တယ် လို့လည်း မှတ်တမ်းပြုကြပါတယ်။ ဟစ်ဟော့ပ်ဂီတ ကို ခုံမင်ကြတဲ့ လူငယ်အများစုရှိကြသလို၊ Graffiti Art အနုပညာကိုပဲ တစိုက်မတ်မတ် နဲ့ စွဲလမ်းစွာ ဖန် တီးကြသူများလည်း ရှိပါတယ်။ သူတို့အများ စုဟာ ပရိသတ်ရှေ့ကို သိပ်မထွက်ကြဘဲ သူတို့ရဲ့ အနုပညာကိုသာ လွတ်လပ်စွာ ဖန်တီးနေကြသူများဖြစ်ပြီး နံရံဆေးရေးပန်းချီဖြစ်တာကြောင့် တချို့နေရာတွေမှာ အမြင် သဘောထား မတိုက် ဆိုင်မှုတွေကိုလည်း ကြုံတွေ့ခဲ့ကြရသူတွေလည်းဖြစ်ပါတယ်။ ဒီကနေ့တိုင်းပြည်ရဲ့ ပြောင်းလဲ တိုး တက်မှုနဲ့အတူ မြို့ပြရဲ့ အနုပညာ ပြယုဂ် တစ်ခုအဖြစ်နဲ့ Graffiti လက်ရာတော်တော် များများကို တွေ့လာရပေမယ့် လွတ်လပ်မှုနဲ့အတူ တာဝန်ယူမှု တွေကိုလည်း အထူးဂရုပြုနေကြ ရပြီဖြစ်တဲ့အတွက် မြို့ ပြ လမ်းမတွေပေါ်က အုတ်တံတိုင်းနံရံတွေဟာ ပန်းချီ အနုပညာ ဖန်တီးစရာ မီဒီယမ်တွေဖြစ်ခွင့်ရှိမရှိ ပြဿနာ တစ်ရပ်ကိုလည်း ထင်သာမြင်သာ သိရှိနိုင် ခွင့်ရစေကြောင်း ရည်ရွယ်လို့ ဒီကဏ္ဍလေးကို တင်ဆက် လိုက်ရပါတယ်။
Myanmar Express

1 comments:
i respect bro,, u r right
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်