Subscribe to our RSS Feed

လားရှိုးမြို့ ရေဘေးသင့် ပြည်သူများ အတွက် လှူဒါန်းမှုများ ပြုလုပ်ပေးလျက်ရှိ


From : .MRTV4

ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က လားရှိုးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျ ရေများမှ တစ်ဆင့် လားရှိုးမြို့ အတွင်းမှာရှိတဲ့ မြေနိမ့်ပိုင်း ကျတဲ့ရပ်ကွက် အချို့မှာ ရှိတဲ့ လူနေအိမ်များ အတွင်းကို ရေကြီး ရေ၀င်မှုများ ရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ရေကြီး ရေ၀င်မှုများကြောင့် အုတ်တံတိုင်းများ ပြိုကျခြင်း၊ နေအိမ် အချို့ ပျက်စီး ဆုံးရှုံးခြင်း၊ ပစ္စည်းများ ရေနဲ့မျောပါခြင်း၊ မူဆယ်-လားရှိုး-မန္တလေး ပြည်ထောင်စု လမ်းပေါ် ရေကြီး ရေလျှံခြင်း အစရှိတာတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို ရေကြီး ရေ၀င်မှုများကြောင့် ဒုက္ခရောက် လျက်ရှိတဲ့ ရေဘေးသင့် ပြည်သူများကို အဖွဲ့အစည်း အသီးသီးနဲ့ စေတနာရှင် များက လှူဒါန်းမှုများ ပြုလုပ်ပေး လျက်ရှိတယ်လို့ လားရှိုး မြို့ခံ တစ်ဦးရဲ့ သတင်းပေးပို့ချက် အရ သိရပါတယ်။ ဒီလို လှူဒါန်းမှုများ ပြုလုပ်လျက် ရှိရာမှာလည်း လာရှိုးမြို့ အတွင်းရှိ ၁ ရပ်ကွက်၊ ၅ ရပ်ကွက်၊ ၇ ရပ်ကွက်၊ ၉ ရပ်ကွက်၊ ၁၀ ရပ်ကွက်၊ ၁၁ ရပ်ကွက်နဲ့ ၁၂ ရပ်ကွက်တို့မှ လူဦးရေ ၄၀၁၆ ဦးတို့ကို လှူဒါန်းမှုများ ပြုလုပ် လျက်ရှိတာ ဖြစ်ပါတယ်။ အခုလို ကယ်ဆယ်ရေး စခန်း အသီးသီးမှာ ရောက်ရှိနေတဲ့ ရေဘေးဒဏ် ခံစားနေရတဲ့ မိသားစုဝင်များ၊ ဒေသခံများကို အဖွဲ့အစည်း အသီးသီးရဲ့ စေတနာရှင် အလှူရှင်များက အ၀တ်အထည်များ၊ အိမ်သုံး ပစ္စည်းများ၊ စားသောက်ဖွယ်ရာ များနဲ့ ဆန်များ အပြင် အခြား အိမ်တွင်းသုံး အသုံးအဆောင် ပစ္စည်းများ ပေးအပ် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ မှာတော့ လားရှိုးမြို့မှ မူဆယ်သို့ အထွက် အေဒီတံတား အနီးရှိ ပြည်ထောင်စု လမ်းမကြီးမှာ ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုများ လျော့နည်းသွား တာကြောင့် ဒေသခံပြည်သူတွေ အနေနဲ့ ပုံမှန်အတိုင်း သွားလာလျက်ရှိပြီး ကျန်မြို့ တွင်း၊ မြို့ပြင် လမ်းများ ကိုလည်း ယခင်အတိုင်း ပြန်လည် ဖွင့်လှစ်ပြီး ပို့ဆောင်ရေး လုပ်ငန်းများ ပြန်လည် ဆောင်ရွက် နိုင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်