Subscribe to our RSS Feed

အိန္ဒိယထုတ်ကုန်ပြပွဲ ကျင်းပမည်


From : .ခေတ်လူငယ်

အိန္ဒိယသမ္မတနိုင်ငံ ပို့ကုန်လုပ်ငန်း အဖွဲ့ချုပ် (FIEO) နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံရုံးတို့ ကြီးမှူး၍ အိန္ဒိယထုတ်ကုန်ပြပွဲကို ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်း၊ UMFCCI Office Tower (ပထမထပ်) မင်္ဂလာခန်းမ၌ စက်တင်ဘာ ၄ ရက်မှ ၅ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ခင်းကျင်းပြသမည် ဖြစ်သည်။ အဆိုပါပြပွဲတွင် လက်ရက်ချည်ထည်၊ အဝတ်အထည်အမျိုးမျိုး၊ ဂုန်နီထွက်ပစ္စည်း၊ လက်မှုအနုပညာ၊ ဖန်စီပစ္စည်းများ၊ ပန်းအမျိုးမျိုး၊ မွှေးရနံ့အမျိုးမျိုး၊ ယမကာပစ္စည်းများ၊ စားသောက်ကုန်၊ ဟင်းခတ်အမွှေးအကြိုင်၊ ကုန်မာပစ္စည်း၊ ကျောက်ပြားကြွေပြားအမျိုးမျိုး၊ ကျွတ်တာယာအမျိုးမျိုး၊ ဓါတ်ခွဲခန်းသုံး ပရိဘောဂ၊ အင်ဂျင်နီယာသုံးပစ္စည်းတို့ကို ပြသမည်ဖြစ်ရာ စိတ်ပါဝင်စားသူများ လာရောက် ကြည့်ရှုနိုင်ကြောင်းနှင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်