Subscribe to our RSS Feed

ယဉ်ယဉ်လေးရူးနေသော KIA “ကြီးမိုက်” များ

From : အောင်ဘာလေ

 ယဉ်ယဉ်လေးရူးနေသော KIA “ကြီးမိုက်” များ ကချင်ပြည်နယ်ထဲမှာ တပ်မတော်နဲ့ KIA တို့တိုက်ပွဲတွေဖြစ်နေတာ တစ်နှစ်သုံးလကျော်ခဲ့ပြီ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အကြိမ်ကြိမ်လုပ်ခဲ့တာလည်း အရာမထင်ခဲ့ဘူး။ နိုင်ငံရေးအရ ဆွေးနွေး ညှိနှိုင်းပြီးမှ အပစ်အခတ်ရပ်စဲမယ်ဆိုတဲ့အချက်ကို KIA ကကိုင်စွဲထားကတည်းက ဘယ်သူကပစ်ချင် ခတ်ချင်နေတယ်ဆိုတာ ပေါ်လွင်နေတယ်။ ကချင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ ပြည်နယ်တစ်ခုဖြစ်လို့ တပ်မတော်က ဒီနယ်မြေထဲမှာ လှုပ်ရှားသွားလာနေတာဟာ ကိုယ့်နိုင်ငံကိုကာကွယ်နေတာပဲ ဖြစ် တယ်။ ဒါကို သူတို့နယ်မြေထဲကျူးကျော်နေတယ်လို့ ဘယ်တိုင်းရင်းသားကချင်လူမျိုးကမှ မထင် ပါဘူး။ ကချင်တိုင်းရင်းသားတွေကို လူမျိုးရေးမှိုင်းတိုက်ပြီး နယ်မြေအတွင်းဗိုလ်ကျချင်နေတဲ့ လက်တစ်ဆုပ်စာ KIA ကသာ ဒီလိုအတွေးဝင်နေတာပါ။ ဆွေးနွေးပွဲမှာ တပ်တွေရွှေ့ဆိုင်းဖို့ကိစ္စပါလာ ရင် ဆွေးနွေးလို့မရတော့ဘူးလို့ ဂွမ်မော်ကပြောတယ်။ ဘာသဘောတူညီမှုမှ မရသေးဘဲ အသားလွတ်ရွှေ့လို့ရမလား။ ဒီမြန်မာ့ပိုင်နက်နယ်မြေတွေကို စိုးမိုးနိုင်ဖို့အသက်သွေးတွေအများကြီး ပေးဆပ်ပြီးမှ၊ နယ်မြေခံတိုင်းရင်းသားတွေ စစ်ဘေးစစ်ဒဏ်ခံစားရပြီးမှ ထိန်းချုပ်နိုင်ခဲ့တာလေ။ တပ်တွေရွှေ့ပေးလို့ကော သဘောတူညီမှုတွေက ချက်ချင်းရသွားမှာလား။ ဝေးသေးတယ်။ ရွှေ့ပေး လိုက်တဲ့နေရာတွေကို KIA ကပြန်ဝင်ယူကြမှာလေ။ နောက်တစ်ခါ ဒီနယ်မြေကိုရောက်ဖို့ ဒီထက်ပိုပြီး အချိန်တွေ၊ အသက်သွေးချွေးတွေ၊ စစ်ဘေးစစ်ဒဏ်တွေ ထပ်ခံရဦးမှာလေ။ ဘယ်သူက ဒီလိုအဖြစ်ခံ နိုင်မှာလဲ။ မြန်မာအကြောင်းပြောနေတာနော် “မြန်မာ” နဲ့ “ဗမာ” ရောထွေးမသွားနဲ့ဦး။ ရှေးနှစ်ပေါင်းများစွာကတည်းက ပြည်ထောင်စုနယ်မြေထဲမှာ အတူတကွနေလာပြီးမှ စိတ်ကူး မယဉ်သင့်တဲ့ “၀မ်ပေါင်” ကချင်နိုင်ငံထူထောင်ဖို့ ဒီကောင်တွေအရူးထနေတာ။ နယ်မြေသတ်မှတ်မှုနဲ့ ပတ်သက်လို့ ဒီမိုကရေစီခေတ်ဦးကတည်းက ပြောကြ၊ ဆိုကြ၊ ဆွေးနွေးကြတာရှိပါတယ်။ ကချင် ပြည်နယ်ဆိုပြီး ကချင်လူမျိုးတစ်မျိုးတည်းရှိနေတာမဟုတ်ဘူး။ တိုင်းရင်းသားလူမျိုးစုံနေထိုင်ကြတာ။ ကချင်မှာတောင် မျိုးနွယ်စုတွေအများကြီး။ ဒီပြည်နယ်ထဲမှာတောင် လူမျိုးစုအလိုက် သီးခြားနယ်မြေ လေးတွေ ပြန်ခွဲနေရဦးမယ်။ မဖြစ်နိုင်တာသိပ်တွေးတတ်တဲ့ KIA ပဲ။ န၀တ လက်ထက် အပစ်အခတ် ရပ်စဲခဲ့တဲ့ ၁၇ နှစ်ကာလအတွင်း ကချင်ပြည်နယ်မှာ ဘာမှဖြစ်ထွန်းမလာဘူးပြောရင် ဗြောင်လိမ်တာ ပဲ။ အခု သူတို့ဖောက်ခွဲဖျက်ဆီးနေတဲ့ လမ်းတံတားတွေ၊ စီမံကိန်းတွေဟာ ဒီကာလအတွင်းမှာ ဖြစ်ထွန်းခဲ့တာတွေလေ။ KIA လည်း ငတုံးမှမဟုတ်တာ၊ ဒီအတိုင်းထိုင်မနေပါဘူး။ ဒီကာလအတွင်း စီးပွားရေးတွေလုပ်၊ စစ်အင်အားတွေတိုးချဲ့၊ လက်နက်တပ်ဆင်အသင့်ပြင်၊ အတွင်းပိုင်းနယ်မြေတွေ ကို တိုးချဲ့၊ ဒါတွေသူတို့ကြိတ်လုပ်နေကြတာ။ တပ်မတော်က KIA ကိုလိုက်တိုက်နေတယ်။ လူမျိုးသုဉ်းစစ်ပွဲဆင်နွှဲနေတယ်လို့ယူဆနေ တာလား။ ပြဿနာရဲ့အစပိုင်းမှာ နယ်မြေခံတပ်တွေနဲ့ပဲထိန်းထားတာ။ KIA ဘက်က ပက်ပက် စက်စက် လုပ်လွန်းလို့ အခြားတိုက်ခိုက်ရေးတပ်တွေဝင်လာရတာ။ မနေ့က ဖေ့စ်ဘုတ်တစ်ခုထဲမှာ တွေ့လိုက်ရတယ်။ တပ်မတော်သား ၅၀ လောက်ကို လက်ဖျောက်တစ်ချက်အချိန်အတွင်းမှာ KIA က သတ်ပစ်လိုက်တာ။ ဖားကန့်မှာထင်တယ်။ စစ်ဆိုတာ မတရားတာမရှိဘူးဆိုတော့ ဘယ်သူ့ကိုမှအပြစ် မတင်ချင်ပေမယ့် “ကြုံရင်ကြုံသလို မြန်မာ့တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်နေပါတယ်။ ကချင်တွေကို လူမျိုးတုံးသတ်ဖြတ်နေပါတယ်” လို့ဗြောင်လိမ်ပြီး အော်နေဦးမှာလား။ တကယ်ဆို KIA/KIO ဟာ လက်တစ်ဆုပ်စာလောက်ပါ။ သူတို့ဘယ်က လက်နက်၊ ခဲယမ်း အကူအညီတွေရနေနေ၊ သူတို့ရဲ့နောက်မှာ ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းရှိနေပါစေ။ စနစ်တကျဖွဲ့ ထားတဲ့ ပြည်ထောင်စုတပ်မတော်ရဲ့ စစ်အင်အား၊ လက်နက်အင်အားနဲ့ ဖြိုခွင်းလိုက်ရင် ခဏပါပဲ။ မယှဉ်နိုင်မှန်းလည်း KIA သိပါတယ်။ ဒါပေမယ့် ကိုယ်ကငြိမ်းချမ်းရေးလိုချင်တာကိုး။ ပြည်ထောင်စု ကြီးကိုကမ္ဘာတည်သရွေ့ထိန်းသိမ်းချင်တာကိုး။ ဒီတော့ နားရွက်တံတွေးဆွတ်တာကြိတ်ခံနေရ တာပေါ့။ တကယ်တမ်းတော့လည်း KIA/KIO ကိုနောက်ကွယ်ကနေ ကျားကန်ပေးနေတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေကလည်း သိပ်စေတနာရှိလွန်းလို့မဟုတ်ဘူး။ အားလုံးကကိုယ်ကျိုးစီးပွားကြည့်တဲ့သူ တွေချည်းပဲ။ မြန်မာအစိုးရကို အကျပ်ကိုင်ဖို့ကိစ္စမှာ ဒီလူမျိုးစုလက်နက်ကိုင်အဖွဲ့တွေ၊ ရခိုင်ပြည်နယ် က ပဋိပက္ခတွေက သူတို့လိုရင် ထုတ်သုံးရမယ့် ၀ှက်ဖဲတွေပေါ့။ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးရရှိအောင် ဆွေးနွေးတယ်။ ပြည်တွင်းမှာ လည်း ပွင့်လင်းမြင်သာတဲ့ပြုပြင်ပြောင်းလဲမှုတွေလုပ်တယ်။ နိုင်ငံတကာနဲ့လည်း ဆက်ဆံရေးတွေ ပြန်လည်တိုးတက်ခဲ့တယ်။ မကြာခင်မှာ မြန်မာနိုင်ငံဟာ အာရှမှာ၊ ကမ္ဘာမှာ တိုးတက်အောင်မြင်တော့ မယ်။ ဒီလိုအဖြစ်မခံနိုင်လို့ မြန်မာပြည်တွင်းမှာ ဝေဒနာတွေတစ်ခုပြီးတစ်ခု ပေးနေတာ။ ဒါကို အမျိုးကောင်းသား KIA က နားမလည်ဘဲ ကိုယ့်ဟာကိုယ် ဟုတ်လှပြီထင်နေတာ။ တကယ်တော့ KIA ဆိုတာ ကချင်လူထုကို ကိုယ်စားမပြုပါဘူး။ လက်တစ်ဆုပ်စာအခွင့်ထူးခံ လူတွေပါပဲ။ အများပြည်သူသုံးနေတဲ့ လမ်းတံတားတွေကိုဖောက်ခွဲဖျက်ဆီးတယ်။ ကချင်လူမျိုး အချင်းချင်း အတင်းအဓမ္မ တပ်သားသစ်စုဆောင်းတယ်။ ကိုယ်ဝန်ဆောင်ကိုတောင် တပ်သားသစ် အဖြစ်စုတယ်။ ကျောင်းသူရော၊ အရပ်သားရော နားမလည်ဘူး။ အကြောင်းမဲ့ပစ်သတ်တယ်။ ကျောင်း ပိတ်လို့ အိမ်ပြန်လာတဲ့ ကျောင်းသူကိုတောင် အကြောင်းမဲ့ပါးရိုက်လိုက်သေးတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေများလာတယ်။ ဒေသခံ ကချင်လူထုကတောင် မီဒီယာက တပ်မတော်ရဲ့ အားနည်းချက်ကိုပဲ မျက်စေ့ဒေါက်ထောက်အပြစ်ရှာနေတယ်။ KIA ကချိုးဖောက်တာတော့ မျက်ကွယ် ပြုနေတယ်လို့ ပြောလာရတဲ့အဆင့်အထိပါပဲ။ လစ်ရင်လစ်သလိုတွယ်ပြီး “ကျွန်တော်တို့အနိုင်ကျင့်ခံ နေရပါတယ်” လို့ဗြောင်အော်နေတဲ့ကောင်တွေ။ ရိုးသားတဲ့ကချင်လူထုကို ကိုယ်စားမပြုတဲ့ ပညာတတ် “ခပ်ခူး” တွေပါ။ KIA/KIO ဟာ ပြည်ထောင်စုက သွေဖည်ပြီး မဖြစ်နိုင်တဲ့ ၀န်ပေါင်နိုင်ငံထူထောင်ဖို့စိတ်ကူးနဲ့ ယဉ်ယဉ်လေးရူးနေတာ။ တိုင်းပြည်မတည်ငြိမ်အောင်လုပ်ချင်တဲ့ အခြားနိုင်ငံ/အဖွဲ့အစည်းတွေရဲ့ အသုံးချခံအမေကျော်ဒွေးတော်လွမ်းသူတွေပါ။ ဒီမိုး၊ ဒီလေ၊ ဒီလူတွေကြောင့် ကချင်ပြည်နယ်ကြီး ငြိမ်းချမ်းသာယာဖို့ ကမ်းမမြင်လမ်းမမြင်တာမို့ တကယ်တော့ KIA/KIO ဆိုတာ ဆင်သေမျောရာ လိုက်ပါနေတဲ့ “ကြီးမိုက်” ပါ။

 Myanmar Express

8 comments:

KIA ခေါင်းဆောင် တွေကို commandos တွေနဲ့ ဝင် ဖမ်း လိုက် ရင်ကော ဟင်းဟင်း

သိပ် မှန် တယ် ဗျာ ။

This is the true characteristics of Marmar Army who are always cheating the people.

Don't make anything.Just bomb the Laizar and make it the artilleries test field.

We don't care what you talking about.We believe JESUS CHRIST.HE can do anythings.

Fuck all Myanmar or Burma....

If JESUS CHRIST can do anything,there has no war and everything must be peace.KIA is ruled by foolish and wild animals.





Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်