အပြည်ပြည် ဆိုင်ရာ မြန်မာ လေကြောင်းလိုင်း MAI က ကိုရီးယား နိုင်ငံ ဆိုးလ်မြို့သို့ တိုက်ရိုက် ပြေးဆွဲရန် စီစဉ် ဆောင် ရွက် နေ ပြီ ဖြစ်ကြောင်း MAI လေကြောင်း လိုင်းမှ သိရသည်။ MAI ရုံးခွဲကို ကိုရီးယား နိုင်ငံဆိုးလ် မြို့တွင် ထားရှိပြီး ထိုရုံးခွဲမှ လက်မှတ်များ ရောင်းချ ပေးမည် ဖြစ်သည်။ လောလော ဆယ်တွင် MAI မှ စင်ကာပူ၊ ကွာလာ လမ်ပူ၊ ဗန်ကောက်၊ ဂါယာ၊ ကွမ်ကျိုး မြို့များသို့ ပြေးဆွဲ ပေးလျက်ရှိပြီး နှစ်စဉ် ခရီးသည် ငါးသိန်းခန့် ပို့ဆောင် ပေး လျက် ရှိကြောင်း သိရသည်။ MAI ကိုရီးယားသို့ တိုက်ရိုက် ပြေးဆွဲ ပေးခြင်းဖြင့် ကိုရီးယား- မြန်မာ ခရီးသွား လုပ်ငန်းလည်း တိုးတက်လာ နိုင်ကြောင်း၊ ကိုရီးယား မှ မြန်မာ နိုင်ငံသို့ လာရောက်သူ များပြား လာကြောင်း နှင့် ခရီးစဉ်ကို အသေးစိတ် ရေးဆွဲရန် စီစဉ် နေကြောင်း အဆိုပါ ရုံးမှ တာဝန်ရှိ သူ တစ်ဦးက ပြောကြားသည်။
Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်