Subscribe to our RSS Feed

မီဒီယာဖိနှိုပ်မှု ရပ်ရန် ဆန္ဒပြပြီး မကြာမှီ NLD ပါတီမှ Messenger ဂျာနယ် နှင့် ပြည်မြန်မာ ဂျာနယ်ကို တရားစွဲဆို

From : မြစ်မခ

NLDပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက  အပတ်စဉ် သတင်းဂျာနယ် နှစ်စောင်ဖြစ်သော the Messengerဂျာနယ်နှင့်   ပြည်မြန်မာ    ဂျာနယ် တို့အား မန္တလေးတိုင်းဒေသကြီးတရားရုံး၌ တရားစွဲဆိုထားကြောင်း သတင်းများထွက်ပေါ်လျှက်ရှိသည်။
တရားရုံးမှ အမိန့်မချမှတ်ရသေးသောအမှုတွင် ဦးဥာဏ်ဝင်းအား အပြစ်ရှိသည်ဟု ဖော်ပြထားသောကြောင့် တရားစွဲဆိုခြင်း   ဖြစ်ကြောင်း  ကိုလည်း သိရှိရသည်။
NLDပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက   ဂျာနယ်(၂)စောင်အား တရားစွဲသည့်ကိစ္စနှင့်ပတ်သက်၍ အွန်လိုင်းမီဒီယာများတွင် ဖတ်ရှုရခြင်းမျိုးသာဖြစ်ကြောင်း တရားရုံးမှတရားဝင်ဆင့်ခေါ်အကြောင်းကြားစာများ မလာသေးကြောင်း the Massenger မှ တာဝန်ခံအယ်ဒီတာက ဆိုသည်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးဥာဏ်ဝင်းဆီလည်း ဆက်သွယ်တာ အခုထိ ဆက်သွယ်လို့ မရသေးဘူး၊ သူတို့ ဘက်က ဘယ်သတင်း ကို ပြောတာ လဲ မသိသေးဘူး၊ တရားရုံးဘက်ကလည်း အခုအချိန်ထိ အကြောင်း မကြားသေးတော့ တိတိကျကျပြောဖို့ ခက်နေတယ်ဟု the Massenger မှ တာဝန်ခံအယ်ဒီတာ ကိုအောင်ပေါ်ထွန်းက ပြောသည်။
လက်ရှိအချိန်တွင် ဦးဉာဏ်ဝင်းသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မတီအား ဧပြီးလကြားဖြတ်ရွေး ကောက်ပွဲ ကာလ၌ မဲပြားများတွင် ဖယောင်းသုတ်သည်ဟူသောကိစ္စနှင့် ပတ်သတ်၍ အမှုရင်ဆိုင်နေဆဲ ဖြစ်သည်။
နေပြည်တော်ရှိ တရားရုံးတစ်ခုမှ လွန်ခဲ့သော ၁လကျော်ခန့်က  NLD မဲဆွယ် စည်းရုံးရေးမှူး ဦးဉာဏ်ဝင်းအား မဲပြားများတွင် ဖယောင်းသုတ်သည့် ကိစ္စနှင့် ပတ်သတ်၍ မှားယွင်းပြောဆိုမှုဖြင့် တရားစွဲရန် လုပ်ဆောင်ခဲ့ သည်။
  Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်