Subscribe to our RSS Feed

မြန်မာ့အင်တာနက် ပင်လယ်ရေအောက် ကေဘယ်ဆက်ကြောင်းသစ် (Se Me We 5)ဖြင့် ချိတ်ဆက်ရန်စီစဉ်

From :သာနောင်


အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေအောက် ကေဘယ်လ်ဆက်ကြောင်း se me we 3 အင်တာနက်ဆက်ကြောင်း သက်တမ်းပြည့်ခါနီးပြီဖြစ်၍ အင်တာနက်ဆက်ကြောင်း အသစ်ဖြစ်သော se me we 5 ဖြင့် ချိတ်ဆက်အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။ လက်ရှိ အဆိုပါ se me we 3 အင်တာနက်ဆက်ကြောင်းဖြင့် နိုင်ငံပေါင်း ၃၄ နိုင်ငံ အသုံးပြုလျက်ရှိပြီး se me we 3 ၏ သက်တမ်းမှာ နှစ်ပေါင်း ၃၀ ကျော် ၀န်းကျင်ဖြစ်ပြီး၊ ယခုအခါ နှစ် ၂၀ ကျော်လာပြီဖြစ်၍ ထိုကဲ့သို့ အင်တာနက်ဆက်ကြောင်း အသစ်ဖြင့် ချိတ်ဆက်အသုံးပြုသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာ တာဝန်ရှိသူကပြောသည်။ အဆိုပါ se me we 5 အင်တာနက်ဆက်ကြောင်းသစ်နှင့် ချိတ်ဆက်ရန်အတွက် စင်ကာပူနိုင်ငံမှ ကမကထ ပြုလုပ်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ချိတ်ဆက် အသုံးပြုသွားမည်ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအရ cross border transmission capacity တိုးချဲ့ခြင်းနှင့် အဓိက ဖိုင်ဘာလမ်းကြောင်းများကို တည်ဆောက်ရန်အတွက် မူဆည်-မန္တလေး-ရန်ကုန်-ပုသိမ်-ချောင်းသာ ဖိုင်ဘာဆက်ကြောင်းကို China Unicom နှင့် ပူးပေါင်း၍ တည်ဆောက်မည် ဖြစ်သည်။ 

Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်