Subscribe to our RSS Feed

မြန်မာမီနီဆလွန်း ကားများကို နိုင်ငံ့ ၀န်ထမ်းများအတွက် အရစ်ကျ ရောင်းချပေး လျက်ရှိ

From : ..mrtv4


နိုင်ငံ့ဝန်ထမ်းများ အတွက် မြန်မာမီနီ ဆလွန်းကား များကို အရစ်ကျ ရောင်းချပေး လျက်ရှိနေတယ်လို့ အမှတ် ၁ အကြီးစား စက်မှု လုပ်ငန်း ရောင်းချဖြန့်ဖြူးရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြား ချက်အရ သိရပါတယ်။ အခုလို ရောင်းချရာမှာ နိုင်ငံ့ဝန်ထမ်း များကို အမှတ် ၁ အကြီးစား စက်မှုလုပ်ငန်း ရောင်းချ ဖြန့်ဖြူးရေး ဌာနမှ မြန်မာ မီနီဆလွန်း ၄၀၈ စီးကို သတ်မှတ် ရောင်းချပေး သွားမှာ ဖြစ်ပါတယ်။
 
ဒီလို ရောင်းချရာမှာ ၀ယ်ယူလိုသူတွေ အတွက် အဆင့် ၃ ဆင့်နဲ့ ရောင်းချပေး သွားမှာ ဖြစ်ပြီး  ပထမ ဦးစားပေး အနေနဲ့တော့ လက်ငင်းငွေချေ စနစ်နဲ့ ရောင်းချပေး သွားမှာဖြစ်ပြီး ဒုတိယ ဦးစားပေး အနေနဲ့တော့ ၁ လကို ငွေကျပ် ၁၀ သိန်း အရစ်ကျ ပေးချေကာနဲ့ ၆ လပေးသွင်း စနစ်နဲ့ရောင်းချ ပေးမှာ ဖြစ်ပါတယ်။  တတိယ ဦးစားပေး အနေနဲ့တော့ ၁ လကို နှစ်သိန်းခွဲ အရစ်ကျပေး စနစ်နဲ့ ၂ နှစ် ပေးသွင်းပြီး နိုင်ငံဝန်ထမ်း တွေကို ရောင်းချပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
အဆိုပါ မြန်မာမီနီဆလွန်းကား လျှောက်လွှာတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့မှ စတင်ကာ ထုတ်ပေး နေတာဖြစ်ပြီး စက်တင်ဘာလ ၁၂ ရက်နေ့မှာတော့ မြန်မာ မီနီဆလွန်း ကားများကို စတင် ထုတ်ပေး ရောင်းချနေတာ ဖြစ်တယ် လို့လည်း သိရပါတယ်။ အဆိုပါ မြန်မာ မီနီဆလွန်းကား ၄၀၈ စီး ကိုတော့ အောက်တိုဘာလ ၃ ရက်နေ့မှာ အပြီး ထုတ်ရောင်းချ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 
 
 
 
.. www.MyanmarExpress.net
 

6 comments:

ရောင်း မ ကုန် တဲ့ ကားစုတ်တွေ ကို ဝန်ထမ်းတွေ အား ဂျင်းထည့်နေတာ

ကျွန်တော်တို့ ၀န်ထမ်းအများစုအတွက်
ဈေးမြင့်နေပါတယ်၊
ဝယ်ဖို့ ပိုက်ဆံမတတ်နိုင်ကြောင်းပါခင်ဗျား။

ဒို့အလှည့်ကို မရောက်တော့ဘူး

အလားကား အရာရှိအဆင့်နဲ့လက်သိပ့်ထိုးပါ

အလကားပါ အရာရှိတွေ အတွက်ပါ

အိမ် မက် တော့ မက် ခွင့် ရှိ လောက် ပါတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်