From :
.. Ye Htut
သတင်းထောက်တစ်ဦးက ဒီနေ့ Daily Eleven သတင်းစာမှာ အစိုးရသတင်းစာများ အများပြည်သူ စိတ်ဝင်စားသည့်သတင်းများကို ဖော်ပြခြင်းမရှိဘဲ အစိုးရ အာဘော်တစ်ခုတည်းကို သာဖော်ပြသည့် သတင်းစာအဖြစ် ဆက်လက်ရပ်တည် ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ၀န်ကြီးဌာန ရဲ့ သဘောထားမှတ်ချက်ကို မေးပါတယ်။ အားလုံးသိနိုင်အောင် ဒီကနေပဲ ဖြေကြားပေးလိုက်ပါ တယ်။
ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ လက်ရှိ နိုင်ငံပိုင်သတင်းစာများကို ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီ တဲ့ အများပြည်သူဝန်ဆောင်မှုမီဒီယာများအဖြစ် ပြောင်းလဲနိုင်ဖို့ ရည်ရွယ်ပြီး အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းကို လွှတ်တော်ကို တင်ပြထားပါတယ်။
ဒီဥပဒေမပေါ်ပေါက်မီမှာ အများပြည်သူဝန်ဆောင်မှုမီဒီယာကို ရှေ့ရှုတဲ့ လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်သလောက်လုပ်ဆောင်ေ နပါတယ်။
ဒီလုပ်ဆောင်ချက်များကိုလက်ခံတယ် ၊ လက်မခံဘူး ဆုံးဖြတ်မှာက သတင်းစာဖတ်ပရိသတ်ပဲ ဖြစ်ပါတယ်။ Eleven က ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ သူရေးတာဟာ သူ့အမြင်ပဲ ဖြစ်ပါတယ်။
မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာနှစ်စောင်ရဲ့ စောင်ရေဟာ လျော့နည်းသွားခြင်းမရှိဘဲ ဆက်လက် တိုးတက်နေတာကို ကြည့်ရင် ပရိသတ်အနေနဲ့ အများပြည်သူဝန်ဆောင်မှုမီဒီယာ ဘက်ကိုရှေ့ရှုတဲ့ ပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုလက်ခံနေတယ်ဆိုတာ သိသာပါတယ်။
အများပြည်သူဝန်ဆောင်မှုမီဒီယာဥပေ ဒကိုသာ
အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ရင် ဒီသတင်းစာနှစ်စောင် ဟာ အယ်ဒီတာလွတ်လပ်ခွင့်နဲ့
ဘဏ္ဍာရေးလွတ်လပ်ခွင့်ရှိတဲ့ စံမှီ အများပြည်သူဝန်ဆောင်မှု မီဒီယာ အဖြစ်
ပြည်သူ့အကျိုးကို ပိုမိုဆောင်ရွက်နိုင်မှာသေချာပါ တယ်။
Eleven ရဲ့ သတင်းဆောင်းပါးအဆုံးမှာ ပြည်သူ့ဝန်ဆောင်မှုဆိုတာ လုံးဝမယုံကြည်ဘူး၊ နောက်ပြီး အစိုးရသတင်းစာဆိုတာလည်း လုံးဝမရှိသင့်တော့ဘူး ဆိုတဲ့ မန္တလေးမြို့က ဦးသိန်းသန်းဦးရဲ့ စကားကို ကိုးကားညွှန်းထားပါတယ်။
အများ ပြည်သူဝန်ဆောင်မှုမီဒီယာမရှိသင့် ဘူးလို့
ထင်ရင် ပြည်သူတွေက သတင်းစာတစ်စောင်မှ မ၀ယ်ပဲ နေပါလိမ့်မယ်။ အဲဒီအခါကျရင်
ဦးသိန်းသန်းဦးလည်း ပြောစရာမလို၊ Eleven လည်း ရေးစရာမလိုပဲ
အဲဒီသတင်းစာတွေရပ်သွားပါလိမ့်မယ်။
ပြည်သူတွေက ၀ယ်ယူ ဖတ်ရှု အားပေးနေသမျှတော့ ဦးသိန်းသန်းဦး ဘာပြောပြော၊
Eleven ဘာရေးရေး အများပြည်သူ ၀န်ဆောင်မှု မီဒီယာတွေ
ဆက်လက်ရှင်သန်ရပ်တည်နေမှာပါပဲ။
အများပြည်သူဝန်ဆောင်မှုမီဒီယာမှ မဟုတ် ပြည်သူတွေလက်မခံဘူးဆိုရင် ကိုယ့်ဘာသာကိုယ် ဘယ်လိုဆိုင်းဘုတ်တပ်ပြီး ကြွေးကျော်နေပါ စေ၊ ပုဂ္ဂလိသတင်းစာတွေလည်း ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။
ပြည်သူတွေရဲ့ အဆုံးအဖြတ်ကသာ အဓိကဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံး မမေ့ဖို့ လိုပါ တယ်။
သတင်းထောက်တစ်ဦးက ဒီနေ့ Daily Eleven သတင်းစာမှာ အစိုးရသတင်းစာများ အများပြည်သူ စိတ်ဝင်စားသည့်သတင်းများကို ဖော်ပြခြင်းမရှိဘဲ အစိုးရ အာဘော်တစ်ခုတည်းကို သာဖော်ပြသည့် သတင်းစာအဖြစ် ဆက်လက်ရပ်တည် ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ၀န်ကြီးဌာန ရဲ့ သဘောထားမှတ်ချက်ကို မေးပါတယ်။ အားလုံးသိနိုင်အောင် ဒီကနေပဲ ဖြေကြားပေးလိုက်ပါ တယ်။
ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ လက်ရှိ နိုင်ငံပိုင်သတင်းစာများကို ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီ တဲ့ အများပြည်သူဝန်ဆောင်မှုမီဒီယာမျာ
ဒီဥပဒေမပေါ်ပေါက်မီမှာ အများပြည်သူဝန်ဆောင်မှုမီဒီယာကို
ဒီလုပ်ဆောင်ချက်များကိုလက်ခံတယ်
မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာနှစ်စောင်ရဲ့ စောင်ရေဟာ လျော့နည်းသွားခြင်းမရှိဘဲ ဆက်လက် တိုးတက်နေတာကို ကြည့်ရင် ပရိသတ်အနေနဲ့ အများပြည်သူဝန်ဆောင်မှုမီဒီယာ ဘက်ကိုရှေ့ရှုတဲ့ ပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုလက်ခံနေတယ်ဆိုတာ သိသာပါတယ်။
အများပြည်သူဝန်ဆောင်မှုမီဒီယာဥပေ
Eleven ရဲ့ သတင်းဆောင်းပါးအဆုံးမှာ ပြည်သူ့ဝန်ဆောင်မှုဆိုတာ လုံးဝမယုံကြည်ဘူး၊ နောက်ပြီး အစိုးရသတင်းစာဆိုတာလည်း လုံးဝမရှိသင့်တော့ဘူး ဆိုတဲ့ မန္တလေးမြို့က ဦးသိန်းသန်းဦးရဲ့ စကားကို ကိုးကားညွှန်းထားပါတယ်။
အများ ပြည်သူဝန်ဆောင်မှုမီဒီယာမရှိသင့်
အများပြည်သူဝန်ဆောင်မှုမီဒီယာမှ မဟုတ် ပြည်သူတွေလက်မခံဘူးဆိုရင် ကိုယ့်ဘာသာကိုယ် ဘယ်လိုဆိုင်းဘုတ်တပ်ပြီး ကြွေးကျော်နေပါ စေ၊ ပုဂ္ဂလိသတင်းစာတွေလည်း ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။
ပြည်သူတွေရဲ့ အဆုံးအဖြတ်ကသာ အဓိကဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံး မမေ့ဖို့ လိုပါ တယ်။

.jpg)

10 comments:
Excellent response to Thein Than Oo and Eleven Media.
They are communit runner.
Agree with you, U Ye Htut!
မနာလိုကင်း ၀န်တိုရှင်း လက်ငင်းချမ်းသာမည်။
မနာလိုသူတွေ ပျြုတ်တော့မည်။ စောင့်ကြည့်ပါ
စောင်ရေတိုးနေတာက ဖတ်ဖို့  ၀ယ်တာမဟုတ်ဘူး။အဟောင်းဈေးနဲ့  ပြန်ရောင်းလို့  မြတ်တာလေး နဲ့  eleven ပြန်ဝယ်ဖတ်နေတာတွေကိုမသိ ဘူးနဲ့  တူပါတယ်။
ပြည်သူ့ ငွေ နဲ့ ပြည်သူ့  သတင်းဖော်ပြပေးတာဘယ်နှစ်မျက် နှာ ပါသလဲ။ ပြန်စမ်းစစ် ကြည့် ပါအုန်း။
သူ ပုန် မီ ဒီယာ တွေ ပါ ဟုတ် တယ် နော်
Eleven သတင်းစာ ကလည်း သူ့သတင်းကို လူစိတ်ဝင်စားအောင် အားလုံးပုတ်ခတ်ရေးသား၊ မရေရာတဲ့ အကြောင်းအရာတွေကို သတင်းလုပ်၊ သတင်းရေးပြီး ကိုယ့်သတင်းမှန်ကန်တယ်လို့ တာဝန်မယူနိုင် .... အဲဒီလို သတင်းရေးသူတွေကို ဘယ်လိုဥပဒေနဲ့ အရေးယူလို့ရလည်း သိချင်ပါတယ်ဗျာ...
ဦးသိန်းသန်းဦးက ဘာလူမျိုးလဲဟင်
မဝယ်မဖြစ် ဝယ်ပါတယ် နာရေးတွေက အဲ့ဒီအထဲ
မှာပါတာ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်