Subscribe to our RSS Feed

မဟာသန္တိသုခ ကျောင်းတိုက်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်းပွားလျက်ရှိရာ ပီနန်ဆရာတော်ကြီးက သံဃမဟာနာယကအဖွဲ့အား တရားစွဲမည် ဟုဆို

From : ..eleven

M.7.11
ပီနန်ဆရာတော်ကြီးက မဟာသန္တိသုခဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍  ရှင်းလင်းပွဲ ပြုလုပ်နေစဉ်

မဟာသန္တိသုခ ကျောင်းတိုက်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ သံဃမဟာနာယကအဖွဲ့နှင့် ပီနန်ဆရာတော်ကြီး တို့အကြား အငြင်းပွားလျက်ရှိရာ ပီနန်ဆရာတော်ကြီးက သံဃမဟာ နာယကအဖွဲ့အား တရားဥပဒေကြောင်းအရ တရားစွဲဆို သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၆ ရက်က မဟာသန္တိသုခကျောင်းတိုက်တွင် ပြုလုပ်သည့် ပီနန်ဆရာတော်ကြီးမှ ကျောင်းတော်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။

"၂၀၀၂ ခုနှစ်က ဗိုလ်ချုပ်ခင်ညွန့် လှူထားတယ်ဆိုပြီး သံဃမဟာ နာယကအဖွဲ့ပြောတာက ၀ိနည်းဒေသနာနဲ့ မညီဘူး။နိုင်ငံတော် တည်ဆဲဥပဒေနဲ့လည်း ဆန့်ကျင်တယ်။ ဆရာတော့်မှာက ကျောင်းပိုင်ဆိုင်ကြောင်း အထောက်အထားတွေလည်း အကုန်ရှိပါတယ်။ ကျောင်းတိုက်ကြီးကို အစိုးရက သိမ်းတာမဟုတ်ပါဘူး။ ဆရာတော်မရှိတဲ့အခါမှာ သံဃနာယကအဖွဲ့ကို ခဏလွှဲထားတာပါ။ ဆရာတော် ပြန်ကြွလာတဲ့အခါမှာ အရင်တိုင်းပဲ ရှိမှာပါဆိုပြီး ဗိုလ်ချုပ်ခင်ညွန့်ကလည်း ဆရာတော့်ဆီကို စာရေးပြီး အကြောင်းကြားခဲ့တယ်။ ဒီကျောင်းတိုက် ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး သံဃမဟာနာယကအဖွဲ့ကို တရားစွဲဆို သွားဖို့ရှိပါတယ်" ဟု ပီနန် ဆရာတော် ဦးပညာဝံသက မိန့်ကြားသည်။

အဆိုပါ ကျောင်းတိုက်ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ပီနန်ဆရာတော်ကြီးက မိန့်ကြားရာတွင် ဆရာတော်ကြီး၏ ရည်မှန်းချက်များအတိုင်း အကောင်အထည် ဖော်နေစဉ်အတွင်း ၂၀၀၃ ခုနှစ်တွင် ဗိုလ်ချုပ်ခင်ညွန့် ညွှန်ကြားချက် အရဟုဆိုကာ ကျောင်းဖွဲ့စည်းပုံ မရှိခြင်း၊ လုပ်ကိုင် ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များကို ဆက်ထားလျှင် ကျောင်းကြီး ပျက်စီးဆုံးရှုံးနိုင်ခြင်း၊ ကျောင်းကြီးတွင် အကြွေးများ ကျန်ရှိခြင်းစသော အကြောင်းပြ ချက်များဖြင့် သံဃမဟာ နာယကအဖွဲ့ထံသို့ ကျောင်းတော်ကြီးကို လွှဲအပ်လိုက်သည်ဟူသည့် ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ကြောင်း မိန့်ကြားခဲ့သည်။      

"သံဃနာယကအဖွဲ့က သူပိုင်တယ်။ပီနန်ဆရာတော်ဘုရားကြီး မပိုင်ဘူးလို့ ပြောတယ်။ ပီနန်ဆရာတော်ဘုရားကြီးက သူပိုင်တယ် ပြောတယ်။ အဲဒါကြောင့် တရားရုံးမှာ ဆုံးဖြတ်ဖို့ ဖြစ်လာပြီ ။ အဲဒါကြောင့် မှန်တယ်ထင်ရင် ကိုယ်ပိုင်တယ်ထင်ရင် တရားရုံးမှာ တရားမကြောင်းအရ တရားစွဲလို့ရပြီ။ နိုင်ငံတော်က ထိန်းသိမ်း စောင့်ရှောက်ထားတယ်ဆိုရင် ပိုင်ရှင်လက်ထဲ ပြန်ပေးလိုက်ရင် သံဃမဟာ နာယက အဖွဲ့ကို ပြန်ပေးခိုင်းလို့ရတယ်။ မပေးဘူးဆိုရင် တရားဥပဒေကြောင်းအရ ဆုံးဖြတ်မယ်။ ဥပဒေသဘောအရဆိုရင် ခုံသမာဓိ လူကြီးခန့်တယ်။ အဲဒီမှာ နှစ်ဖက်ကျေနပ်တဲ့ ဆရာတော်ဘုရားကြီးကို ခန့်စေချင်တယ်။ ကျွန်တော့်သဘောအရ ဆိုရင်ပေါ့။ သံဃမဟာ နာယကအဖွဲ့က ငါပိုင်တယ်လို့ ဆုံးဖြတ်ပြီးသား ဖြစ်တဲ့အတွက် နိုင်ငံတော်ကနေ ဖြေရှင်းပေးဖို့ တာဝန်ရှိတယ်"တရားလွှတ်တော် ရှေ့နေ ဦးထင်ဇော်က ဆိုသည်။      

ယင်းကျောင်းတိုက်ကို ယဉ်ကျေးမှု သင်တန်း Training Center ဖွင့်လှစ်ရန် ပီနန်ဆရာတော်မှ ရည်ရွယ်ထားပြီး သံဃနာယကအဖွဲ့မှ ကျောင်းတိုက်ကို ထိန်းသိမ်းထားသည့် ၁၀ နှစ်ကျော်အတွင်း ဘိုင်စကုပ် ငှားခြင်း၊ မင်္ဂလာဆောင် ငှားရမ်းခြင်း၊ အကသင်တန်း၊ ဈေးပွဲတော်များ ပြုလုပ်ခဲ့မှုများကို အထောက်အထား၊ ဓာတ်ပုံများရှိကြောင်း ပီနန်ဆရာတော်ကြီးက မိန့်ကြားခဲ့သည်။
  
ယင်းကိစ္စနှင့်ပတ်သက်၍ သာသနာရေး ၀န်ကြီးဌာနမှ နိုဝင်ဘာ ၂ ရက်တွင် ကျောင်းတိုက်ကို ပီနန်ဆရာတော် ပြန်လည်ရရှိသည်မှာ မမှန်ကန်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်နှင့် တာဝန်ရှိသူများက ရှင်းလင်းခဲ့သည်။

.. www.MyanmarExpress.net
 

3 comments:

Secular court has no jurisdiction over Buddhist legal issues.

1-ABOVE COMMENT IS RIGHT.
2-WE ALL LAY PERSON ARE FIGHTING
EACH OTHER IN PUBLIC COURTS.
3-OF COURSE SANGHAS SUPPOSE
TO NOT FIGHT AT THE COURT.
4-IT IS BAD NEWS AND SHAMEFUL .
5-SANGHA MATTER SHOULD SETTLE
IN THE SANGHA COURT.
6-PLEASE GUIDE THE SAYARDAW GYI.
7-LAWYERS KNOW BETTER AND SHOULD
NOT MISLEAD TO SAYADAW2 GYI.
8-ALL DAKAR AND DALARMA SHOULD STAY
NEUTRAL AND NOT PUT THE BURNING FUEL.
9-PLEASE USE DHAMMA AND COLD DOWN.
10-JUST LET IT GO AND STOP FIGHTING.
11-NO BENEFIT FROM FIGHTING BUT WILL
GET BAD NAME ONLY.

12-EVERYTHING IS
ANICCA=IMPERMANCE,
DUKKHA=SUFFERING;MISERY,
ANATTA=NON SELF;EGOLESSNESS.

အပူမီးတွေရဲ့ လွတ်ငြိမ်းရာ နိဗ္ဗန်ကို ရည်မှန်းပြီး ၊ ပိုင်ဆိုင်မှု့တွေ စွန့်လွှတ်ပြီး သာသနဘောင်ဝင်ခဲ့ ပြီးကာမှ နိုင်ငံတော်မှာ အမြင့်ဆုံး သံဃနာယက အဖွဲ့ကို ပိုင်ဆိုင်မှု့ကြောင့်တရားစွဲမည်ဆိုတာ သင့်တော်ပါ့မလားဘုရား ဆင်ခြင်တော်မူပါ ဘုရား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်