Subscribe to our RSS Feed

လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် မူးယစ်ဆေးဝါး

From : .... oppositeyes.info


၂၀၁၀ ခုနှစ်တွင် တပ်မတော်အစိုးရမှ ပြည်သူလူထုရွေးကောက်တင်မြောက်လိုက်သည့် အရပ်သားအစိုးရထံသို့ အာဏာလွှဲပြောင်း ပေးအပ်ခဲ့ပြီးနောက် စစ်အုပ်ချုပ်ရေးအား နိဂုံးချုပ်စေကာ ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ်အဖြစ်သို့ ပြောင်းလဲခဲ့သည်မှာ ယခုဆိုလျှင် တည်ဆဲအစိုးရ၏ သက်တမ်းပင်လျှင် ကုန်ဆုံးရန် သိပ်မလိုတော့ပြီဖြစ်သည်။ ထိုသို့သော အကူးအပြောင်းကာလတွင် ဝေဖန်မှုအချို့ရှိလင့်ကစား ပြည်တွင်းအသိုင်းအ၀ိုင်းနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းများမှ ထင်မှတ် မထားလောက်အောင်ပင် ပြုပြင်ပြောင်းလဲမှုများစွာ လုပ်ဆောင်ခဲ့သလို ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး တိုက်ပွဲများ ဖြစ်ပွားသည်ဟု သတ်မှတ်ခံထားရသော နေရာအချို့ကိုလည်း တည်ငြိမ် အေးချမ်းစေခဲ့ပြီး ကေအိုင်အေကဲ့သို့သော အဖွဲ့အစည်းအချို့မှအပ ကျန်ရှိသော လက်နက်ကိုင် အဖွဲ့အစည်း အားလုံးနီးပါးနှင့် အပစ်အခတ်ရပ်စဲကာ ယုံကြည်မှု တည်ဆောက်နိုင်ခဲ့သည်ကို တွေ့မြင်ရမည် ဖြစ်ပေသည်။

          နှစ်ဦးနှစ်ဖက် အပြန်အလှန် သံသယအချို့ ရှိနေဆဲဖြစ်သော်လည်း ပြည်တွင်းငြိမ်းချမ်းရေး အခြေအနေမှာ အလားအလာ အလွန်ကောင်းမွန်နေကြောင်း တွေ့ရှိရမည်ဖြစ်ကာ တပ်မတော်အနေဖြင့်လည်း သမ္မတကြီး၏ အမိန့်အား လိုက်နာကာ အတတ်နိုင်ဆုံး သည်းခံခဲ့သည်ကို လွန်ခဲ့သောနှစ်များက ကေအိုင်အေနှင့်ဖြစ်ပွားခဲ့သည့် မြန်မာပြည်မြောက်ပိုင်းရှိ တိုက်ပွဲများက သက်သေခံနေပေသည်။

လွန်ခဲ့သောနှစ်များစွာက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ရည်မှန်းချက်မှာ တိုင်းရင်းသားအရေး၊ မိမိတို့နယ်မြေပိုင်ဆိုင်မှု အရေးသာဖြစ်ခဲ့သော်လည်း ယခုအခါ မူးယစ်ဆေးဝါး အကြီးအကျယ် ထုတ်လုပ်ရောင်းချမှုများ၊ တရားမ၀င် သစ်ထုတ်ယူမှုများဖြင့် အဆမတန် ချမ်းသာလာခဲ့သော ထိပ်ပိုင်းမူးယစ်ရာဇာများ၏ အကျိုးစီးပွားအတွက်သာ ဖြစ်လာခဲ့ပြီး ကမ္ဘာပေါ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနှင့် မူးယစ်ဆေးဝါးထုတ်လုပ်မှု ဒုတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ၄င်းတို့ထိန်းချုပ်နယ်မြေအတွင်းရှိ ဘိန်းစိုက်ခင်းများအား အစိုးရစစ်ကြောင်းများမှ ဖျက်ဆီးခြင်းအား ကာကွယ်ရန်အတွက်သာ ဖြစ်လာခဲ့သည်ကိုတွေ့မြင်ရမည်ဖြစ်ပေသည်။

          ယနေ့အချိန်အခါတွင် အစိုးရမှ မီဒီယာလွတ်လပ်ခွင့်အား အိမ်နီးချင်းနိုင်ငံများမှ အံ့သြ
ရလောက်အောင်ပင် ကင်းလွတ်ခွင့်ပေးခဲ့ပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတို့၏ ဗျူဟာမှာလည်း ပြောင်းလဲလာခဲ့ကာ မီဒီယာများနှင့် ထိတွေ့ဆက်ဆံလာပြီးနောက် ၄င်းတို့
အဖွဲ့အစည်းများ၏ သတင်းများ၊ တွေ့ဆုံဆွေးနွေးမှုများကိုလည်း ပုံနှိပ်စာမျက်နှာများထက်တွင်
တွေ့မြင်လာရပေသည်။

          ဤသည်မှာ ယခင်ကကဲ့သို့သော အခြေအနေမျိုးထက်စာလျှင် များစွာ တိုးတက်လာ သော်လည်း တပ်မတော်စစ်ကြောင်းများမှ ၄င်းတို့၏ ဘိန်းစိုက်ခင်းများအားဖျက်ဆီး၍ တိုက်ပွဲများ ဖြစ်ပွားသောအခါတွင်မူ မီဒီယာအကာအကွယ်ယူ၍ တပ်မတော်မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား တိုက်ခိုက်နေသယောင် သက်ဆိုင်ရာ မီဒီယာတိုက်၏ လက်နက်ကိုင် အဖွဲ့အစည်းနှင့် ဆိုင်သော ကိစ္စများတွင် တာဝန်ယူထားသော ငယ်ရွယ်နုနယ်သေးသည့် သတင်းထောက် အချို့အား မဟုတ်မမှန်သတင်းများနှင့် ငွေကြေးအချို့ပေးကာ မူးယစ်ဆေးဝါးကဲ့သို့သော ကိစ္စရပ်များအတွက် အသုံးချလာနေသည်ကိုလည်း စိတ်မကောင်းစွာ တွေ့မြင်လာရပြီဖြစ်သည်။

          စိုက်ပျိုးထားသော ဘိန်းခင်းများအား အစေးခြစ်ချိန်ရောက်လာပြီဖြစ်သည့် ယခု နိုဝင်ဘာလမှ စတင်ကာ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရတပ်များအကြား တပ်ပွဲများ ပြန်လည်ဖြစ်ပွားလာနေသည်ကိုလည်း နိုင်ငံရေးစိတ်ဝင်စားသူအချို့ သတိထားမိမည်ဖြစ်ပေသည်။ အစိုးရမှ အပစ်အခတ်ရပ်စဲထားသော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရှမ်းပြည်နယ် တောင်ပိုင်းရှိ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးဖြစ်သည့် ကောင်ဆိုင်း၊ ဟိုနမ့်၊ ထီပင်၊ ပွန်ချောင်းတစ်ဝိုက်တွင် နယ်မြေစိုးမိုးရေးအတွက် လှုပ်ရှားနေသော အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုလက်အောက်ရှိ တပ်မတော်စစ်ကြောင်းမှ တပ်ခွဲတစ်ခွဲအား ဆွဲမိုင်းဖြင့် တိုက်ခိုက်ခံခဲ့ရကာ တပ်ခွဲမှူးအရာရှိနှင့် စစ်သည်အချို့ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ် အပါအ၀င် ဘိန်းခင်းများအားဖျက်ဆီးရန်ရောက်ရှိလာသည့် တပ်မတော် စစ်ကြောင်းများနှင့် တိုက်ပွဲငယ်များဖြစ်ပေါ်ခဲ့သည်ကိုလည်းတွေ့ရမည်ဖြစ်သည်။

          အခုအချိန်က ဘိန်းပေါ်တဲ့ရာသီဆိုတော့ တိုက်ပွဲတွေအဖြစ်များတယ်၊ အစိုးရတပ်ကလည်း ဘိန်းဖျက်ဖို့ရောက်ရောက်လာတော့ ဘိန်းခင်းတွေမှာရှိတဲ့ ရှမ်းအဖွဲ့တွေနဲ့ ချကုန်ကြရော၊ ပုံမှန်ဆိုရင်တော့ ရှမ်းတပ်ဖွဲ့တွေသိပ်မရှိဘူး အင်အား လေးငါးဆယ်လောက်ပဲ၊ ဘိန်းခြစ်တဲ့အချိန်ဆိုရင်တော့ ဘိန်းခင်းတွေကို ကာကွယ်ဖို့ဆိုပြီး လွယ်တိုင်းလျန်ဘက်က အင်အားနှစ်ရာ၊ သုံးရာလောက်ဆင်းလာကြတယ်။ ကျွန်တော်တို့ ဒေသခံတွေကတော့ တိုက်ပွဲတွေ မဖြစ်ပွားစေချင်ဘူး အေးအေးချမ်းချမ်း နေချင်လှပြီဟု လုံးတူးတန့် ကျေးရွာဒေသအခေါ် ကျောက်တုံးကြီးကျေးရွာမှ ရွာသားတစ်ဦးနှင့် လိုင်ခါးကျေးရွာမှ ရွာသားတစ်ဦးမှလည်း ပြောကြားခဲ့သည်။ ဒီနားတ၀ိုက်က PNO ပြည်သူ့စစ်တွေလည်းရှိတယ်၊ နားရိုင်း ပြည်သူ့စစ်အဖွဲ့လည်း ရှိတယ်ဆိုတော့ ရှမ်းတပ်တွေက လာရင်လည်း လူအများကြီးနဲ့ လာလေ့ရှိတယ်။ သူတို့ အချင်းချင်းလည်း ချကြတာပဲ၊ အများဆုံးကတော့ PNO အဖွဲ့တွေနဲ့ချကြတာဟုနောင်ဘိုကျေးရွာမှ အမျိုးသမီးတစ်ဦးကလည်းပြောကြားခဲ့သည်။

          ဘိန်းစိုက်တာကတော့ လူတိုင်းသိနေတာပဲ ဒါပေမယ့် ဘာပြောလို့ရမှာလဲ၊ ဒေသခံတွေကို သူတို့က မျိုးတွေထုတ်ပေးပြီး စိုက်ခိုင်းတယ်၊ စိုက်ပြီးလို့ ဘိန်းခြစ်ပြီးသွားရင်သူတို့ဆီကိုပဲ ပြန်သွင်းရတယ်၊ မျိုးစေ့ပေးကတည်းက ဘိန်းခြစ်ပြီးရင် ဘယ်နှစ်လုံးထွက်မယ်ဆိုတာ (ဘိန်းလုံးတစ်လုံးလျှင် တစ်ပိဿာအလေးချိန်ရှိသည်) သူတို့ကကြိုတွက်ပြီးသား တစ်ခါတလေ တောင်ကြီးဘက်ကလူတွေပါ ဆက်ကြေးပေးပြီး လာစိုက်ကြတယ်ဟု နောင်လေကျေးရွာမှ ရွာခံတစ်ဦးကလည်း ပြောကြားခဲ့သည်။

          အမေရိကန်အပါအ၀င် နိုင်ငံအတော်များများမှလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ဘိန်းစိုက်ပျိုးထုတ်လုပ်နေမှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချလျက်ရှိပြီး တာဝန်ရှိသည့် ထိပ်တန်းခေါင်းဆောင်များကိုလည်း ဆုငွေဒေါ်လာ သန်းချီထုတ်ကာ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ကိုတွေ့မြင်နိုင်ပေသည်။ ပြီးခဲ့သည့် ၅.၉.၂၀၁၃ ရက်နေ့ထုတ် The Daily သတင်းစာနှင့် The Independent သတင်းစာတို့တွင်လည်း မြန်မာနိုင်ငံတွင် အမြောက်အမြား ထုတ်လုပ်နေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး စက်ရုံများအား ပိတ်သိမ်းပေးဖို့ ဖိအားပေးရန်အတွက် မြန်မာအစိုးရအား မေတ္တာရပ်ခံ တိုက်တွန်းသွားမည်ဖြစ်ကြောင်း ရေးသားခဲ့သည့်အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မူးယစ်ဆေးဝါး စက်ရုံများအား နေရာအတိအကျဖြင့် ဖော်ပြခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ပေသည်။

ယနေ့အချိန်တွင် မြန်မာနိုင်ငံသည် ဘိန်းထွက်ရှိသည့် နေရာတခုသက်သက်မဟုတ်တော့ပါ။ ထိုင်းနိုင်ငံတွင် လူသန်းနှင့်ချီ၍ သုံးစွဲနေကြသည့် မက်သဖက်တမင်း စိတ်ကြွဆေးအများစုကို ထုတ်လုပ်ပေးနေသည့် နေရာလည်းဖြစ်နေပါသည်။ အမေရိကန်ကွန်ဂရက် လွှတ်တော် သုတေသနအဖွဲ့၏ ခန့်မှန်းမှုအရ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်များ၏ မူးယစ်ဆေးကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံနှင့် ၂ ဘီလီယံအကြားတွင် ရှိသည်ဟုသိရသည်။

          မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်းစိုက်ပျိုးမှု အများဆုံးနိုင်ငံနေရာကို အာဖဂန်နစ္စတန်သို့ ပေးအပ်လိုက်ရသည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း ဒုတိယနေရာမှာတော့  ခိုင်ခိုင်မာမာ ရပ်တည်လျှက် ရှိနေသေးပေသည်။

 

The Daily သတင်းစာနှင့် The Independent သတင်းစာတို့တွင်ဖော်ပြခဲ့သော မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ မူးယစ်ဆေးဝါးစက်ရုံများတည်ရှိရာနေရာနှင့် အရေအတွက်


စဉ်
အဖွဲ့အစည်း
အရေအတွက်
တည်နေရာ
၁။
KIA
၁၀
ကွတ်ခိုင်
၂။
ဦးယောပြည်သူ့စစ်
ကွမ်းလုံ
၃။
ပန်းဆေးကျော်မြင့် (ခ) ရန်မော်လင်း
နမ့်ခမ်း
၎။
မိုင်းပန်ပြည်သူ့စစ်
တန့်ယန်း
၅။
မိုင်းလားပြည်သူ့စစ်
တန့်ယန်း
၆။
ရှမ်းမြောက် RCSS
တန့်ယန်း
၇။
SNPL
ဟိုမိန်း
၈။
UWSA
မိုင်းတုံ
၉။
ကိုးကန့်
မိုင်းတုံ
၁၀။
လားဟူပြည်သူ့စစ်
မိုင်းဆတ်
၁၁။
UWSA
မိုင်းဆတ်
၁၂။
UWSA
တာချီလိတ်
၁၃။
UWSA
မိုင်းပန်
၁၄။
SNPLO
မောက်မယ်
၁၅။
MNDAA
ကိုးကန့်

          အစိုးရမှ ကမ်းလှမ်းထားသည့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး စာချုပ်အား ယခုလတွင် လက်မှတ်ရေးထိုးနိုင်ခဲ့သော် အမှောင်ထုထဲ အတွေးကိုယ်စီနှင့် အိပ်စက်ခဲ့ကြရသည့် အောက်ခြေရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင်များအဖို့ နံနက်မိုးသောက် အလင်းရောက်မည့်အချိန်၊ အာရုဏ်ဦးကာလတစ်ခုသို့ ရောက်လာတော့မည်ဖြစ်ပေသည်။

          နိုဝင်ဘာလအတွင်း တိုင်းရင်းသား ခေါင်းဆောင်များအနေဖြင့် တိကျသောအဖြေတစ်ခု၊ အနာဂါတ်သမိုင်းတွင် အရေးပါမည့် ဆုံးဖြတ်ချက်များ ပေးရပေတော့မည်။ အရေးပါပြီဆိုသည်နှင့် အရာရောက်အောင်လည်း အတိတ်သမိုင်းကိုမမေ့မလျော့ အနာဂါတ်နိုင်ငံ၏ အကျိုးစီးပွားကို တိုးပွားစေဖို့ မိမိတို့၏ အဆုံးအဖြတ်သည် လိမ်လိမ်မာမာပါးပါးနပ်နပ်ရှိကြဖို့ ဤဆောင်းပါးဖြင့်  တိုက်တွန်းလိုက်ရပါသည်။

- ဤဆောင်းပါးဖြစ်မြောက်ရေးအတွက် ဒေသခံရွာသူရွာသားများနှင့် တွေ့ဆုံနိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့သော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ကျေးရွာလူကြီးများ၊ ရထားလမ်းမကြာခဏချော်ကျသည့်ကြားမှ လိုက်လံပို့ဆောင်ပေးသော မြန်မာ့မီးရထား တာဝန်ရှိဝန်ထမ်းများနှင့် ကျေးဇူးတင်ထိုက်သူအားလုံးအားအထူးကျေးဇူးတင်ရှိပါကြောင်း။

ပရိုမီးသီးယပ်စ်
         
         







          

2 comments:

ဒီသူပုန်စုတ်တွေကိုအားပေးအားမြှောက်လုပ်နေ
တဲ့မီဒီယာစုတ်တွေကဒါတွေကိုမသိဘူးဆိုတာ
ဘယ်ဖြစ်နိုင်မလဲသူတို့လဲအရိုးလောက်တော့
ကိုက်နေရလို့ပေါ့ဒါပါပဲ

လက် နက် ကိုင် တိုင်း ရင်း သား တွေ ရဲ့ ခေါင်း ဆောင် တွေ ဟာ ဘိန်း ဘု ရင် တွေ ပါ
သူ တို့ လူ မိုး သူ တို့ ကိုယ် တိုင် သတ် နေ တာ နဲ့ အ တူ တူ ပါ

နယ် မြေ မ အေး ချမ်း အောင် လုပ် နေ တာ လဲ သူ တို့ ဘဲ ဒါ ကို ကမ္ဆာ က သိ ဘို့ လို ပါ တယ်
ဒါ ကြောင့် မ်ြန် မာ့ တပ် မ တော် က တိုင်း ရင်းး သား တွေ ကို အ နိုင် မ ကျင့် ပါ မ ခွဲ ခြား ပါ မ ဖိ နှိပ် ပါ ဘူး တန်း တူ ညီ မျ ပါ ဘဲ

ဒါ ပေ မဲ့ တ ခို့ ရွာ တွေ က သူ ပုန် ရွာ တွေ ပါ ဘိန်း စိုက် တဲ့ ရွာ တွေ ပါ တပ် မ တော် စစ် ကြောင်း ဆင်း တော့ ရွာ တွေ နဲ့ တိုက် ပွဲ ဖြစ် ရ တာ ပေါ့ ဒါ ကိ အ များ ပြည် သူ နား လည် စေ ချင် ပါ တယ်

ယခု သူ ပုန် ခေါင်း ဆောင် တွေ ဟာ ဘိန်း ဘု ရင် တွေ ပါ သူ တို့ ချမ်း သာ ဘို့ တိုင်း ရင်း သား အောက် လက် ငယ် သား တွေ ကို
နိုသ် ငံ ရေး ဘမ်း ပြ လုပ် နေ ကြ တာ ပါ

ဘိန်း က တော့ ထွက် သ လား မ ပြော နဲ့
ဒီနှစ် ဆို လျင် ပြည် တွင်း မှာ တော် တော် လေး သုးံ စွဲ ကြ ပြိး အ များ ကြိး လဲ မိ ပါ တယ် လူ ငယ် တွေ အ များ ကြိး ပျက် စီး ကြ ပါ တယ် ဒု စ ရိုက် တွေ လဲ အ များ ကြိး ပေါ လာ ပါ တယ်
ဒီ တော့ နိုင် ငံ တ ကာ ကို သိ အောင် တင် ပြ ပြိး အ ပြုတ် တိုက် သင့် ရင် တိုက် ပစ် ပါ တော့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်