Subscribe to our RSS Feed

မီတာခတွေတက်တာ လုံးဝမကြိုက်…….သို့သော်

From : ..အောင်ဇေ


လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဓာတ်အားခနှုန်းထားများ ပြင်ဆင်ကောက်ခံမယ် ဆိုတဲ့ သတင်း ဟာ ခပ်ညံ့ညံ့မီဒီယာတချို့ အတွက်တော့ အင်မတန် သတင်းထူး၊ သတင်းမြတ်ဘဲ၊ အစိုးရက ကောင်းတာလုပ်တာတောင် လိုက်ပြီးရန်လုပ်ချင်နေတဲ့ မီဒီယာတချို့ အစိုးရကို နာနာဆဲပေးမှ ပြည်သူ ကြိုက်မယ်။ ပြည်သူကြိုက်မှ စောင်ရေ တက်မယ်။ စောင်ရေတက်မှ အမြတ်များများရမယ်ဆိုတဲ့ မီဒီယာ တချို့ရဲ့ မြင့်မြတ်တဲ့ စိတ်ဓာတ်ကိုတော့ ချီးကျုးရမှာပါဘဲ။

လျှပ်စစ်ဈေးနှုန်းတွေတက်တာ ပြည်သူတွေထိခိုက်နစ်နာတယ် ဆိုတာမျိုးကတော့ လမ်းဘေးက ကလေးတောင် ပြောတတ်တာမို့ အဆင့်မမြင့်လှဘူး။ ဘ၀သရုပ်ဖော်ဝတ္တုဆိုပြီး ဆင်းရဲတဲ့မိန်းကလေး တစ်ဦး (၁၅)နှစ်နဲ့ ပြည့်တန်ဆာလုပ်ရတာကို ဇာတ်နာအောင်ရေးရင်း ပီတိတွေ ဖြစ်နေမယ့်အစား အဲ့ဒီကလေး မလေးကို ဒီဘ၀မျိုးမရောက်ရအောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ ထွက်ပေါက်တွေ၊ မီးမောင်းထိုးပြတာ တွေလုပ်တဲ့ ဘ၀သရုပ်ဖော်မျိုးတွေ နိုင်ငံတကာစာပေမှာရှိပေမယ့် မြန်မာစာပေ လောကမှာ တော်တော် ရှားပါတယ်။

ကျွန်တော်ဟာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ ဘာမှမပတ်သက်တဲ့ ပြည်သူတစ်ယောက် အများမီးပျက်ရင် ကိုယ်လဲပျက်၊ တစ်ယူနစ်ငါးဆယ်ဆျွိုန်တော်လဲ ငါးဆယ်ပါဘဲ။ မီတာခဈေးတက်တာ ကျွန်တော်လဲ ဘယ်ကြိုက်ပါ့မလဲ။ ကိုယ့်အိတ်ထဲက ပိုက်ဆံထွက်တာကို ကြိုက်တဲ့လူ ဘယ်သူမှမရှိ။ ဒါပေမယ့် ဒီလိုမျိုးတချို့မီဒီယာတွေ စည်းလွတ်ဝါးလွတ် ရေးနေတဲ့ ကြောက်စရာ ကာလမျိုးမှာ လျှပ်စစ် ဓာတ်အားခတွေ တက်တယ်ဆိုတာ သာမန်တော့မဟုတ်နိုင်ဘူး။ အင်မတန် ခိုင်လုံတဲ့ အကြောင်းရှိရ မယ်ဆိုပြီး ၀န်ကြီးဌာနက ခင်မယ်တဲ့မိတ်ဆွေတစ်ယောက်ကို မေးကြည့်တဲ့အခါမှာတော့ အင်မတန် ခိုင်မာတဲ့ အချက်အလက်တွေ ရခဲ့တယ်။ ဒီအချက်အလက်တွေကို အမှန်အတိုင်း တင်ပြမယ်။ ဒါဟာ တိုင်းပြည်အတွက် လုပ်တာ။ ပြည်သူတွေကို အမှန်တရားသိအောင် မျက်စိဖွင့်ပေးတာ၊ ဂျာနယ်တွေ အင်မတန် ပါးစပ်အရသာတွေ့နေတဲ့ စကားလုံး “ထင်သာမြင်သာ” ဖြစ်အောင်လုပ်ပေးတာ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဆောင်းပါးရေးဖြစ်တယ်။

CEO တစ်ယောက်ပြောသလိုမျိုး “ဒါဟာ ဗုံးတစ်လုံး ဖောက်ခွဲလိုက်တာဘဲ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ မ၀င်လာဘူး၊ ပြည်သူတွေပိုဆင်းရဲလာမယ်၊ ဒါဟာပြည်သူတွေအပေါ်မှာ အတော်ကြီး မညှာမတာလုပ်တာဘဲ၊ ဘာဘဲ၊ ညာဘဲ” နဲ့ တိုင်းပြည်တိုးတက်ဘို့ကိစ္စ ဖယ်ထား မိမိ နာမည်ကျော်ကြားရေး အတွက်၊ မိမိအိတ်ဖောင်းဖို့အတွက်၊ အခြားမဖော်ပြအပ်တဲ့ ကိစ္စတွေမှာ တိုးတိုးတိတ်တိတ် (Internet ပေါ်မှာတော့ ကျယ်ကျယ်ပြန့်ပြန့်ပါဘဲ) သုံးစွဲဖို့ အရေးပေါ် ငွေကြေးအတွက် ပြည်သူနဲ့အစိုးရကို ရန်တိုက်ပေးတာ ဖတ်ရတော့ ပြည်သူတွေကို တကယ့်အဖြစ်မှန်တွေ ဖော်ပြချင်တဲ့ စေတနာနဲ့ ဒီဆောင်းပါး ရေးဖြစ်တယ်။ ထပ်ပြောချင်တာကတော့ ကျွန်တော်ဟာ အစိုးရလဲမဟုတ်၊ EPC ကလဲ မဟုတ်တဲ့ သာမန်ပြည်သူ တစ်ယောက်ဘဲ ဖြစ်ပါတယ်။

အခုကျွန်တော်တင်ပြမယ့် အချက်တွေဟာ စိတ်ကူးစိတ်မှန်းနဲ့ရေးတဲ့ ကိစ္စတွေတစ်ခုမှ မပါဘဲ တကယ်ခိုင်လုံတဲ့ Data တွေရပြီးမှ ရေးတာဖြစ်တယ်။ ဒီ Data တွေကို ၀န်ကြီးဌာနမှာ စုံစမ်းလို့လဲ ရပါတယ်။

ရှေးဦးဆုံးပြောချင်တာက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဟာ အရှုံးနဲ့ လည်ပတ်နေရတဲ့ ၀န်ကြီး ဌာနဖြစ်တယ်။ လက်ရှိအနေအထားအရ တစ်နှစ်ကို ၀န်ကြီးဌာနက (၁၈၅)ဘီလီယံကျပ် အရှုံးနဲ့ ပြည်သူတွေကို မီးပေးနေရတယ်။ မင်းတို့အစိုးရဘဲကွာ ပြည်သူတွေကို မီးပေးလို့ရှုံးတာ တိုင်းပြည်အတွက်ဘဲ၊ မင်းတို့ရှုံးလေ ပြည်သူတွေအကျိုးရှိလေဘဲ၊ ရှုံးပစေပေါ့လို့ ပြောမယ်ဆိုရင်လည်း ဖြစ်ပါတယ်။ ပြီးတော့ မင်းတို့မီးက လာတစ်ချက်၊ မလာတစ်ချက်နဲ့ မီးတောင်နပ်မှန်အောင် မပေးနိုင်ဘဲနဲ့များ ဈေးကတက်လိုက်ချင်သေးတယ်လို့ ပြောမယ်ဆိုလဲ ပြောလို့ရပါတယ်။ ဒါတွေဟာ အမှန်တွေဘဲ၊ ဒါပေမယ့် တစ်ဖက်ကလဲ ၀န်ကြီးဌာနဘက်ကို နဲနဲငဲ့စောင်းကြည့်သင့်တယ်။ လူတစ်ယောက်(သို့မဟုတ်) အိမ်တစ်အိမ်မှာ အကြွေးတွေပွနေရင် ဘယ်လိုမှ ကြီးပွားတိုးတက်ဖို့ မရှိပါဘူး။ ၀န်ကြီးဌာနမှာ ခုလိုအရှုံးတွေခံ၊ အကြွေးတွေဗလပွဖြစ်နေရင် အဲ့ဒီဝန်ကြီးဌာနဟာ တိုင်းပြည်ထူထောင်ရေးကို ဘယ်လိုမှ မထောက်ပံ့နိုင်ဘူး။

လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနမှာ ခုလိုအရှုံးတွေနဲ့သာ လည်ပတ်နေရရင် တိုင်းပြည်ကြီး မီးထိန်ထိန်လင်းဖို့ အရေးဟာ ဝေးသည်ထက်ဝေးပြီပေါ့။
ဘယ်ကပိုက်ဆံနဲ့ လျှပ်စစ်ဓာတ်တွေ များသထက်များအောင် လုပ်နိုင်မလဲ။ ဘယ်ကပိုက်ဆံနဲ့ ဓာတ်အားပေးစက်ရုံတွေ တည်မလဲ။ ဘယ်ကပိုက်ဆံနဲ့ Cable တွေ၊ Tower တိုင်တွေ၊ ဓာတ်တိုင်တွေ ၀ယ်မလဲ၊ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနဆိုတာ စည်ပင်လိုမျိုး ဘဏ္ဍာအခွန်ဝန်ကြီးဌာနလိုမျိုး အခွန်ကောက်လို့ ရတဲ့အမျိုး မဟုတ်ဘူး။ လျှပ်စစ်ဓာတ်အားခ ကောက်ခံတာက လွဲပြီး ဘာဝင်ငွေမှရှိတာ မဟုတ်ဘူး။ သူတို့လဲ တိုင်းပြည်တစ်ပြည်လုံး မီးလင်းစေချင်မှာဘဲ။ ကိုယ့်ဝန်ကြီး ဌာနအတွက် ပြည်သူလူထုရဲ့ လက်ခုပ်သံကို နားထောင်ချင်ကြမှာဘဲ။ ဘာမှမလုပ်နိုင်ဘဲ ပြည်သူလူထု အဆဲခံဘို့အတွက် ဒီနေရာမှာ ဘယ်သူနေချင်မလဲ။ ဒါပေ့မယ် လူပြိန်းစဉ်းစားနည်းဘဲ စဉ်းစားကြည့်၊ ငွေမရှိလို့တော့ ဘာမှမလုပ်နိုင်ဘူး။ ထိုက်သင့်တဲ့ငွေကြေးတော့ ရှာရမှာဘဲ။

ဒီနေရာမှာ ပြည်သူတွေနားလည်ဖို့ ထိုက်သင့်တဲ့ငွေကြေးဆိုတာ ရှင်းပြအုန်းမယ်။ လက်ရှိမီတာခဟာ အခုတိုးမြှင့်ကောက်ခံတဲ့ ဈေးနှုန်းနဲ့ တွက်ရင်ကို အာဆီယံနိုင်ငံတွေထဲမှာ ဈေးအနည်းဆုံးဖြစ်နေပါသေးတယ်။ အာဆီယံနိုင်ငံတွေထဲမှာ မီတာခဈေးအကြီးဆုံးက ဖိလစ်ပိုင်ဖြစ်ပြီး တစ်ယူနစ်ကို (၂၇.၈) Cents ကျပါတယ်။ (၁)ဒေါ်လာမှာ (၁၀၀)Cents ရှိပါတယ်။ ဈေးအနည်းဆုံးက မြန်မာနဲ့ကမ္ဘောဒီးယားတို့ဖြစ်ပြီး အခုသတင်းစာမှာ ကြော်ငြာတဲ့ တိုးမြှင့်နှုန်းထားကို ဒေါ်လာပေါက်ဈေးနဲ့ ကိုယ့်ဖာသာကိုယ်တွက်ကြည့်ကြပါ။

မင်းဒါတွေ လာပြောမနေနဲ့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း(၅၀)လောက်ကစပြီး ၀န်ကြီးတွေ ပြောခဲ့လွန်းလို့ ရိုးအီနေပြီ။ အဲဒီနိုင်ငံက လူတွေရဲ့ တစ်နှစ်ဝင်ငွေနဲ့ ငါတို့လူမျိုးတွေရဲ့ တစ်နှစ်ဝင်ငွေ ခြောက်ပြားတစ်ပဲနဲ့ရော မင်းနှိုင်းယှဉ်ဘူးရဲ့လားလို့ မေးခွန်းထုတ်ခဲ့ရင် ကျွန်တော်ဘယ်လို ဖြေရပါ့မလဲ။

မှန်ပါတယ်။ ဒီစကားတွေဟာ ကျွန်တော်တို့ ကိုယ်တိုင်ရော၊ တခြားပြည်သူအများ တစ်ချိန် လုံးပြောခဲ့တဲ့ စကားတွေပါဘဲ။ ကိုယ့်ပြည်သူတွေမှာ ၀င်ငွေမရှိ၊ စားဝတ်နေရေး အင်မတန်ချို့တဲ့၊ ဆင်းရဲတွင်း နက်သထက်နက်၊ အမှိုက်ပုံတွေလဲဖြဲပြီး ရသမျှ ရှာဖွေစားသောက်နေရတဲ့ ဘ၀တွေမှ အများကြီး။ အလားတူဘဲ ရွှေဘဲတို့၊ ယူနန်တို့၊ Western Park တို့မှာ တိုးမပေါက်အောင် စားပွဲတစ်နေရာ ရဘို့အရေး အလှည့်ကျစောင့်ပြီး စားရတဲ့ကိစ္စမျိုးကိုတွေလည်း အများကြီးပါ။ ကားသစ်တွေဆိုလည်း လမ်းပေါ်မှာ ကြပ်ညပ်သပ်နေတယ်။ ပြောချင်တာကတော့ တိုင်းပြည်တစ်ပြည်လုံးဟာ မွဲစုတ်နေတာမဟုတ်ပါဘူး။ ခရိုနီတွေကို ဖယ်ထားကျန်တဲ့ ပြည်သူအများစုဟာ သူ့အထွာနဲ့သူ ရှိကြပါတယ်။ အများစုကတော့ ဆင်းရဲကြပါတယ်။ ဒါပေ့မယ့် တိုင်းပြည်ကောင်းစားဖို့ မူတစ်ခုလုပ်တဲ့အခါ၊ ဥပဒေတစ်ခုလုပ်တဲ့အခါမှာ ရင်းသင့်သလောက်ရင်းရပါ တယ်။

ပြီးတော့ အခုမီတာခ ယူနစ်(၁၀၀)အထက် (အိမ်သုံးမီတာ)ကို မူလ(၃၅)ကျပ်ကနေ (၅၀)ကျပ် တိုးကောက်တဲ့ကိစ္စဟာ အခြေခံလူတန်းစားကို သိပ်မထိခိုက်တဲ့အကြောင်း၊ မီဒီယာတစ်ချို့ ရန်တိုက်ပေးသလို ပြည်သူတွေဟာ ပိုပြီးဆင်းရဲလာမယ်ဆိုတာ မဟုတ်ပါဘူး။ အဲဒီ အဲယားကွန်း အခန်းထဲမှာ (၄၂)လက်မ တီဗွီနဲ့ရေခဲသေတ္တာနဲ့ အဲဒီဆောင်းပါးရေးနေတဲ့ လူတွေကိုတော့ နိုင်ငံတော် အတွက် သူ့အိတ်ထဲက ပိုက်ဆံနည်းနည်းပါသွားလို့ မကျေနိုင်၊ မချမ်းနိုင်ဖြစ်ပြီး ပြည်သူနဲ့ကိုင်ပေါက် တာပါ။

ပထမဆုံး ပြောချင်တာကတော့ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရဲ့ (၃၀%)ဘဲ EPC ဓာတ်အားပေးနိုင်ပါသေးတယ်။ နိုင်ငံရဲ့ (၇၀%)ဟာ လျှပ်စစ်မီး မရှိကြသေးဘူး။ အဲဒီတော့ ဒီဓာတ်အားခ တိုးမြှင့်မှုဟာ နိုင်ငံတစ်ဝှမ်းလုံးရဲ့ (၃၀%)မှာဘဲ အကျိုးထိခိုက်မှုရှိမယ်။

ဒါထက်အသေးစိတ်ပြောရရင် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ မြို့ပေါင်း(၃၉၆)မြို့မှာ (၂၂၄)မြို့ဘဲ လျှပ်စစ်ဓာတ်အားရရှိတယ်။ ကျန်(၁၇၂)မြို့နယ်မှာ လျှပ်စစ်လုံးဝ မပေးနိုင်သေးဘူး။ ဒါကြောင့် ဒီလျှပ်စစ်ဓာတ်မပေးနိုင်သေးဘဲ မြို့တွေကို လျှပ်စစ်ဓာတ်ပေးနိုင်ဘို့ EPC မှာ ပိုက်ဆံလိုတယ်။ ဒါကြောင့် အရှုံးကြီးရှုံးနေရတဲ့ ဘ၀ကနေ အရှုံးလေးဖြစ်အောင် မီတာခနည်းနည်းတိုးလိုက်ရတယ်။ မဖြစ်မနေလွန်းလို့ တိုးလိုက်ရတယ်။

အဲဒီတော့ ဒီလျှပ်စစ်မီးရှိတဲ့ နိုင်ငံရဲ့ (၃၀%) (မြို့ပေါင်း ၂၂၄ မြို့)မှာ နေထိုင်တဲ့ ပြည်သူလူထုတွေ ဘယ်လောက်နစ်နာမှုရှိသလဲ တွက်ကြည့်ရအောင်။
သာမန်ပြည်သူအများစု (အဲယားကွန်းမရှိ၊ ရေခဲသေတ္တာမရှိ)ဟာ မီးကို စနစ်တကျချွေတာရင် ယူနစ် ၁၀၀ (သို့မဟုတ်) ၁၀၀ စွန်းစွန်းနဲ့ သုံးနိုင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အသေးစား အလတ်စား စက်မှုလုပ်ငန်းအများစုဟာ (၅၀၀၀)ယူနစ်အောက်ဘဲရှိတယ်။ ဒါကြောင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိခိုက်မှုမရှိတာကိုလဲ တွေ့ရှိရတယ်။
ဓာတ်အား(၁)ယူနစ်ဟာ (၂)ပေမီးချောင်းတစ်ချောင်း၊ နာရီ(၅၀) သုံးစွဲခြင်းဖြစ်တယ်။ အဲဒီတော့ ယူနစ်(၁၀၀)ဆိုရင် တစ်လကို (၂)ပေမီးချောင်း၊ နာရီ(၅၀၀၀)ထွန်းလို့ရတယ်။ အဲဒီတော့ အိမ်တစ်အိမ်မှာ (၂)ပေ မီးချောင်း(၅)ချောင်း ပြိုင်ထွန်းရင် နာရီ(၁၀၀၀)ထွန်းလို့ရတယ်။ တစ်လကို နာရီ(၁၀၀၀)ဆိုတော့ တစ်နေ့ကို ပျမ်းမျှ(၃၅)နာရီလောက် (၂)ပေ မီးချောင်း(၅)ချောင်းထွန်းလို့ ရပါတယ်။ (၄)ပေ(၅)ချောင်း ထွန်းရင်တော့ (၁၇)နာရီလောက် တစ်နေ့ထွန်းလို့ရပါတယ်။ အဲဒီတော့ Lighting အတွက်တော့ သာမန်ပြည်သူတွေ ယူနစ်(၁၀၀)ဆို လုံလောက်ပါတယ်။ လက်ရှိမှတ်တမ်းများ အရလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မီးသုံးသူဦးရေ (၉၈၀,၀၀၀)ကျော်အနက် တစ်လကို မီတာယူနစ် (၁၀၀)အောက်ဘဲ သုံးစွဲသူဦးရေ (၄၄၀,၀၀၀)ကျော်ရှိ နေပါတယ်။ ရာခိုင်နှုန်းအားဖြင့် (၄၅%)လောက်ရှိတာကို တွေ့ရှိရပါတယ်။ မီးမလာရင် ဖယောင်းတိုင်လေးနဲ့နေပေါ့လို့ ကျွန်တော်မပြောပါ။ ဖြစ်နိုင်ချေကို အမှန်တရားအတိုင်း ပြည်သူကို ထင်သာမြင်သာ တွက်ပြတာပါ။ မီဒီယာတစ်ချို့အားလဲ ဒီလိုမျိုး ဆင်ဆင်ခြင်ခြင်နဲ့ ပြည်သူကို အသိပေးကြဘို့၊ တိုင်းပြည်ထူထောင်နေတဲ့ အချိန်မှာ ကွမ်းတံတွေး တပြစ်ပြစ်နဲ့ တဆဲထဲဆဲလို့ မ၀နိုင်အောင် ဖြစ်နေတာတွေပြည်လည်ဆင်ခြင်ကြဖို့ပါ။ ယူနစ်(၁၀၀)ဆိုတော့ တစ်ပြားမှ တိုးမပေးရဘဲ မူလဈေးနှုန်း အတိုင်းပါဘဲ။

မဟုတ်မမှန်လို့ကတော့ သတင်းတိကျလို့ကတော့ ကြိုက်သလောက်ရေးပါ။ အဲဒီတိုးမြှင့် ကောက်ခံလို့ရတဲ့ မီတာခတွေကို ၀န်ကြီး၊ ဌာနက သက်ဆိုင်ရာ တာဝန်ရှိသူတွေက အလွဲသုံးစား ဟိုကိစ္စ၊ ဒီကိစ္စတွေ လုပ်တယ်ဆိုရင် တိတိကျကျခိုင်မာတဲ့ အထောက်အထားနဲ့ဖော်ထုတ်ပါ။ ဒါမျိုးဆို ကျွန်တော်သိပ်ဖတ်ချင်ပါတယ်။

ခုနမီတာတစ်ယူနစ်ရဲ့ နှုန်းထားတွေကို ဆက်ပြီးတွက်ပြပါမယ်။ အဲဒီရေခဲသေတ္တာမရှိ၊ အဲယားကွန်းမရှိ၊ တွင်းရေချိုးတဲ့ ပြည်သူတွေထက် တစ်ဆင့်ထက်တစ်ဆင့် လူနေမှုမြင့်မားတဲ့ ပြည်သူတွေမှာတော့ ဓာတ်အား(၁၀၀) ကျော်သုံးရင် မူလ(၃၅)ကျပ်ကနေ တိုးပြီး(၅၀)ကျပ် ဖြစ်ပါတယ်။ အစိုးရနဲ့ပြည်သူကို တစ်နေ့ဆယ့်တစ်ကြိမ်ရန်တိုက်ပေးမယ်ဆိုတဲ့ ဦးတည်ချက်နဲ့ နေ့စဉ်ထုတ်တဲ့ သတင်းစာရဲ့ CEO ကြီး ပြောသလို လျှပ်စစ်ဓာတ်အားနှစ်ဆ တိုးမြှင့်မယ်ဆိုတဲ့ အဆင်းဘီးတပ် မျက်နှာဖုန်းစာလုံးမဲကြီးကတော့ စေတနာဘယ်ကို ဦးတည်နေလဲ ထင်ရှားလွန်းပါတယ်၊ အဲဒီ CEO ကြီးရဲ့ Calculator ဟာ ဂဏန်း(၁၀)လုံး (10 digits) လောက်တွေဘဲ တွက်ခံနေရတော့ (၁၅)ကျပ်ဆိုတဲ့စာလုံးကို မတွက်တတ်တော့ပါဘူး။ လက်ရှိမှတ်တမ်းများအရလည်း ဓာတ်အားခနှုန်းထား(၂)ဆ တက်တယ်ဆိုတဲ့ ဓာတ်အားသုံးစွဲသူဦးရေဟာ ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးရှိ မီးသုံးသူဦးရေ(၉၈၀,၀၀၀)ကျော်အနက် (၃၈၄၀)ပဲရှိပါတယ်။ ရာခိုင်နှုန်းအားဖြင့် (၀.၃၉%)ဘဲရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ စက်မှုလုပ်ငန်းရှင်ကြီးများသာ ဖြစ်ပါတယ်။ လူနည်းစုကို မျက်နှာလိုက်ပြီး CEO က ပြည်သူနဲ့အစိုးရကို ရန်တိုက်ပေးခြင်းသာ ဖြစ်တယ်လို့ ပြောချင်ပါတယ် နောက်ထပ် အဲဒီသတင်းစာမှာဘဲ ရန်တိုက်ပေးချက်ကတော့ နှစ်ရက်သာ ကြိုတင် အကြောင်းကြားလို့ ပြည်သူတွေ မကျေနပ်ဘူးဆိုတာလုပ်သေးတယ်။ မီးအားချွေတာဘို့ ဆုံးဖြတ်ရမယ့်အရေးဟာ အချိန်တစ်လ(သို့မဟုတ်) တစ်နှစ်လောက်ကြာဘို့ သင့်တော်တယ်ဆိုတဲ့ CEO ကြီးရဲ့ အတွေးဟာလဲ အင်မတန်ပင် ဂုဏ်ပြုစရာ ကောင်းလှပါကြောင်း။

အဲဒီတော့ ပြည်သူတွေ ဗဟုသုတဖြစ်ဖို့ ထင်သာမြင်သာအောင် ဓာတ်အားတစ်ယူနစ် အသုံးပြုနိုင်မှု ဥပမာပေးပါ့မယ်။
၁။ (၂)ပေမီးချောင်း တစ်ချောင်း နာရီ(၅၀)
၂။ (၄)ပေမီးချောင်း တစ်ချောင်း နာရီ(၂၅)
၃။(၁၀၀၀)၀ပ် Rice Cooker (၁)လုံး (၁) နာရီ
၎။(၇၅၀)၀ပ် မီးပူတစ်လုံး (၁)နာရီ မိနစ်(၂၀)
၅။(၂၁)လက်မ TV (၁)လုံး + DVD တွဲဖွင့် (၁၀)နာရီ
အဲဒီဟာတွေဟာ တစ်ယူနစ်ဖြစ်ပါတယ်။ ရေခဲသေတ္တာ အဲယားကွန်းတွေကတော့ ဒီထက်များ ပါလိမ့်မယ်။လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အရှုံးပေါ်နေတဲ့ကိစ္စလဲ ပြောအုန်းမယ်။ ဒါလဲထင်သာမြင်သာ ဘဲပေါ့။ ဒါနဲ့ နေပါအုန်း သက်ဆိုင်ရာ ၀န်ကြီးဌာနက မပြောဘဲနဲ့ မင်းကဘာကိစ္စ ဓားခုတ်ရာ လက်ဝင် လျှိုနေရသတုန်းလို့ ပြောရင် ကျွန်တော်ဟာ မြန်မာပြည်သားတစ်ယောက်ဖြစ်လို့ပေါ့။ တိုင်းပြည်ကို ကမ္ဘာအဆင့်မီ အင်မတန်ဖြစ်စေချင်တဲ့ မြန်မာလူမျိုး။ ကားမောင်းရင် လုံးဝစည်းမဲ့ကမ်းမဲ့ မမောင်းတဲ့ မြန်မာလူမျိုး။ လမ်းပေါ်မှာ ကွမ်းတံတွေး လုံးဝမထွေးဘူးတဲ့ မြန်မာလူမျိုး။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ မီးအားမြှင့်စက်ကလေး တစ်လုံးတောင် မပတ်သက်ဘူးတဲ့ မြန်မာလူမျိုး၊ ဘယ်ဝန်ကြီးဌာန၊ ဘယ်ဝန်ကြီးဆီကို ဘယ်ခေတ်ကမှ မရောက်ဖူးတဲ့ မြန်မာလူမျိုး၊ တိုင်းပြည်တာဝန်ကို နှစ်(၃၀)လောက်ထမ်းဆောင်ခဲ့ပြီးနောက် မြေတစ်ကွက်၊ အိမ်တစ်လုံးမရှိတဲ့ မြန်မာလူမျိုး၊ ပြည်သူတွေကို မတရားဖိနှိပ်ရင် သွေးပွက်ပွက်ဆူတတ်တဲ့ မြန်မာလူမျိုး၊ အချို့မီဒီယာတွေ ဖင်မှန်းမသိ၊ ခေါင်းမှန်းမသိ ပြည်သူတွေကို နည်းမှန်း၊ လမ်းမှန်းမပြဘဲ တစ်ချိန်က အောင်ဆန်းကွင်း တောင်ဘက်တန်းက ပရိတ်သတ်ကို ဆဲလိုမ၀နိုင်ဖြစ်နေတာကို မကြည့်ရက်နိုင်တဲ့ မြန်မာလူမျိုး၊ တိုင်းပြည်ကောင်းစားဖို့ မိနစ်နဲ့အမျှ အရေးကြီးနေတဲ့ အချိန်မှာ Carpet beggar ဆိုတဲ့ ဘေးလွယ်အိတ်တွေကို နည်းနည်းမှ ကြည့်လို့မရတဲ့ မြန်မာလူမျိုး၊ ခရိုနီတွေကို ထိုင်ဆဲနေမယ့်အစား သူတို့လုပ်ခဲ့လို့ တိုင်းပြည်ရဲ့ တချို့ကဏ္ဍတွေမှာ တိုးတက်လာတာ အသိအမှတ်ပြပြီး ဒီပုဂ္ဂိုလ်တွေကို တိုင်းပြည်ထူထောင်ရေးမှာ သူတို့ရရှိထားတဲ့ နိုင်ငံပိုင်ငွေကြေးတချို့နဲ့ ဘယ်လိုစည်းရုံး ပူးပေါင်းရမလဲ အမြဲစဉ်းစားနေတဲ့ မြန်မာလူမျိုး၊ ဒါကြောင့် ရေးသင့်တယ်ထင်လို့ ရေးပါတယ်။ ပြည်သူတစ်ယောက်အနေနဲ့ ရေးခွင့်ရှိပါတယ်။ စေတနာနဲ့ပြောလို့ အမုန်းခံရတာမျိုး လောက်ကတော့ အရေထူနေလှပြီ။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အရှုံးပေါ်ပုံကို ပြောအုန်းမယ်။ မီတာတစ်ယူနစ်အတွက် ထုတ်လုပ်မှုကုန်ကျငွေကို ဟောဒီမှာကြည့်ပါ။
ကျောက်မီးသွေးနဲ့ မီတာတစ်ယူနစ်ထုတ်ရင် ကုန်ကျငွေ(၁၀၀)ကျပ်
သဘာဝဓာတ်ငွေနဲ့ မီတာတစ်ယူနစ်ထုတ်ရင် ကုန်ကျငွေ (၁၃၀)ကျပ်
နေရောင်ခြည်စွမ်းအင်နဲ့ မီတာတစ်ယူနစ်ထုတ်ရင် ကုန်ကျငွေ(၁၆၀)ကျပ်
ရေအားလျှပ်စစ်နဲ့ မီတာတစ်ယူနစ်ထုတ်ရင် ကုန်ကျငွေ (၅၀)ကျပ်မှ (၇၀)ကျပ်
အဲဒီတော့ ပေါင်းခြုံကြည့်ရင် မီတာတစ်ယူနစ်အတွက် ထုတ်လုပ်စရိတ် (၇၈)ကျပ် ကျပါတယ်။ နိုင်ငံတော်ရဲ့ လက်ရှိဓာတ်အား ထုတ်လုပ်မှုမှာ ရေအားလျှပ်စစ်က (၇၀%) ဖြစ်နေလို့ နွေမှာ ရေနည်းတဲ့အခါ ဓာတ်အားမလုံလောက်မှုရှိပါတယ်။
အဲဒီတော့ မီတာတစ်ယူနစ် ရောင်းတိုင်း EPC က (၂၂)ကျပ် ရှုံးပါတယ်။ ဒါကြောင့် ဒီဆောင်းပါး အစမှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက တစ်နှစ်ကိုအရှုံးငွေကျပ်ပေါင်း (၁၈၅)ဘီလီယံရှိတယ် ပြောခြင်း ဖြစ်တယ်။
အဲဒီလို ရှုံးတဲ့အခါ ထုံးစံအတိုင်း ကြွေးတွေထူလာပါတယ်။ World Bank, ADB, JICA တို့က ချေးငွေတွေကလဲ ပြန်ဆပ်ရမှာဖြစ်တယ်။ အဲဒီလို မလှုပ်သာ မလှည့်သာအခြေအနေ ရောက်လာတဲ့ အတွက် ငွေချေးထားတဲ့ အဖွဲ့တွေကလဲ လျှပ်စစ်ဓာတ်အားကို ဒီလောက်ဈေးပေါပေါနဲ့ ရောင်းနေရင် တော့ ငါတို့အကြွေးတွေ ဒီတစ်သက်ပြန်ရစရာရှိတော့ဘူးဆိုပြီး လျှပ်စစ်ဈေးကို နည်းနည်းတိုးမြှင့်ဖို့၊ အာဆီယံနိုင်ငံအားလုံးရဲ့ လက်ရှိဈေးနဲ့ယှဉ်လိုက်ရင် မတန်တဆ ဈေးပေါနေလို့ ဗီယက်နမ်လို နိုင်ငံ မျိုးမှာတောင် မီတာတစ်ယူနစ် (၁၂.၇၅) Cents ပေးနေရတာ မြန်မာက (၃.၇)Cents ဆိုတော့ ဈေးနည်းနည်းတင်သင့်ကြောင်း အကြံပြုကြပါတယ်။
ပြီးတော့ ဒီလိုဈေးတက်တာဟာ ၀န်ကြီးတစ်ယောက်ထဲ သဘောနဲ့ဈေးတက်လိုက်စမ်းကွာလို့ ဆင်ခြင်မဲ့စွာ ဆုံးဖြတ်ခြင်းမဟုတ်။ ၀န်ကြီးဌာနက လက်တန်းလုပ်တာမျိုးမဟုတ်ဘူး။ မြန်မာနိုင်ငံထဲက စီးပွားရေးပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ World Bank, ADB, JICA က ပညာရှင်တွေ လေ့လာ သုံးသပ်တင်ပြချက်တွေကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ခဲ့တာဖြစ်တယ်။ အစိုးရအဖွဲ့ကို တင်ပြ၊ နောက်ဆုံးအစိုးရအဖွဲ့ရဲ့ အတည်ပြုချက်နဲ့ ဆောင်ရွက်ခြင်းဖြစ်လို့ မီဒီယာတစ်ချို့ ရေးသလိုဝန်ကြီး ဌာနရဲ့ ပြည်သူတွေအပေါ် မညှာမတာလုပ်ဆောင်မှု၊ မဆီမဆိုင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မလာ တော့ပါဘူး၊ ပြည်သူတွေ ပိုပြီးဆင်းရဲတွင်း နက်တော့မှာဘဲဆိုတဲ့ စကားလုံးတွေသာလျှင် အဆင်ခြင်
မဲ့ တဲ့ စကားလုံးတွေဆိုတာ ပြည်သူတွေသိစေလိုတယ်။

လျှပ်စစ်ဆိုတာ ဘယ်လိုအကြောင်းကြောင့် ဖြစ်ဖြစ် ချွေတာရမှာပါ။ ကိုယ့်အိတ်ထဲက ပိုက်ဆံ တစ်ပြားမှ မကုန်လဲချွေတာရမယ့်အမျိုးပါဘဲ။ နိုင်ငံခြားမှာ နေဖူးတဲ့ လူတွေအားလုံးအသိပါဘဲ။ မလိုတဲ့ မီး၊ ပန်ကာ၊ အဲယားကွန်း အကုန်ပိတ်ကြပါတယ်။ နိုင်ငံခြား ဟိုတယ်အများစုမှာ အခန်းထဲကို လူဝင်ပြီး သော့ကပ်ပြားထိုးမှ မီးလင်းတယ်။ လူမရှိရင် မီးမရှိပါ။
လွန်ခဲ့သော ရှစ်နှစ်၊ ကိုးနှစ်လောက်က ယခင်အစိုးရလက်ထက်မှာ လျှပ်စစ်မီးကို ချွေတာရမယ်ဆိုပြီး စီမံချက်တစ်ခုလုပ်ဖူးတာ မှတ်မိကြပါလိမ့်မယ်။ ရုံးတွေမှာ မလိုတဲ့ မီး၊ ပန်ကာပိတ်ရမယ်၊ အနည်းဆုံး လိုသလောက်သာ ဖွင့်ရမယ်ဆိုတော့ လူတွေဟာအမိန့်တွေကို ဆင့်ကဲ ဆင့်ကဲ ကြောက်ချေးတွေပါပြီး ရုံးတွေ၊ ဆေးရုံတွေ မှောင်ထဲမှာ ချွေးတလုံးလုံး၊ စမ်းတ၀ါးဝါး ဖြစ်ခဲ့ဖူးပါ တယ် ချွေတာတာနဲ့ ဖြန်းတာ၊ အသုံးနဲ့အဖြုန်းကို နားလည်လောက်အောင် ဥာဏ်မမီ၊ တာဝန်မယူရဲတဲ့ လူတွေ
အဆင့်ဆင့်ကွပ်ကဲခဲ့တဲ့ခေတ်ပါ။

ဒီလိုလျှပ်စစ်ဈေးနှုန်းတွေတက်လို့ ကုန်ဈေးနှုန်းတွေ တက်တော့မယ်ဆိုတာလဲ အတိုင်းအတာတစ်ခုအထိ မှန်ပါတယ်။ လျှပ်စစ်မီးကို အမှီပြုပြီး လုပ်ရတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ယောက်ရဲ့ဝင်ငွေဟာ တစ်လကို သိန်း(၁၀၀)ရှိတယ်ဆိုရင် မီတာဈေးနှုန်းတက်သွားလို့ (၉၅)သိန်းဘဲ ၀င်ငွေရှိမယ်။ နိုင်ငံတော်ရဲ့ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးဖို့ ပြည်သူတွေ မီးလင်းလင်းနေရဖို့၊ ဓာတ်အားစက်ရုံတွေ တည်ဆောက်နိုင်ဘို့ သူ့ဝင်ငွေထဲက မပြောပလောက်တဲ့ ပမာဏတွေ့ စွန့်ရမှာဘဲ။ ဒါပေမယ့် သူက သိန်း(၁၀၀)မှ သိန်း(၁၀၀)ဘဲ၊ တစ်ပြားမှ မလျော့နိုင်ဘူးဆိုရင်တော့ ကုန်ဈေးနှုန်းတွေ မြင့်တက်မယ်။ ပြည်သူတွေ စားဝတ်နေရေး ကျပ်တည်းလာမှာဘဲ။ အဲ့ဒီတော့ ပြည်သူတွေ နားလည်စေချင်တာက ရန်သူဟာ အစိုးရမဟုတ်ဘဲ၊ အဲ့ဒီ သိန်း(၁၀၀)မှ သိန်း(၁၀၀)ဆိုတဲ့ လူတွေဘဲ။
အဲ့ဒီတော့ သိန်း(၁၀၀)သမားတွေက ပြောမယ်။ ကိုင်း ကျုပ်တို့(၅)သိန်း ပေးမယ်ဗျာ။ ကုန်ဈေးနှုန်းတွေလဲ မတက်အောင် ကျုပ်အရင်ဈေးဘဲ ရောင်းမယ်။ အဲ့ဒီကျုပ်ပေးတဲ့ ငွေတွေ တစ်နိုင်ငံလုံးက မီတာခတိုးမြှင့်ကောက်ခံလို့ရတဲ့ ငွေတွေ ခင်ဗျားတို့ ၀န်ကြီးဌာနက စာရင်းအင်းနဲ့ တကွ ပစ္စည်းသက်သေ၊ လူသက်သေ တိတိကျကျနဲ့ ပြည်သူကိုတင်ပြဘို့ တာဝန်ရှိပါတယ်။ ဒီလို မှုန်ဝါးဝါးလုပ်တဲ့ခေတ်တွေ ထားခဲ့ပြီး မှန်သားပြင်လို ပကတိကြည်လင်ပြတ်သားရဲဝံ့စွာ လက်တွဲ လုပ်ဆောင်ရမယ့်အချိန်ရောက်တာကြာပြီ။

ခေတ်ကာလနဲ့ကြည့်ရင်တော့ (၁၈၉၀)မှာ မီတာခ တစ်ယူနစ်ပြား (၅၀)၊ ဆေးလိပ်တစ်လိပ် (၁၅)ပြား၊ လက်ဖက်ရည်တစ်ခွက် ပြား(၅၀)၊ ဓာတ်ဆီတစ်ဂါလံ (၃)ကျပ်ခွဲကနေ ဒီနေ့ (၂၀၁၃)ခုနှစ်မှာ ဆေးလိပ်တစ်လိပ်(၃၅)ကျပ်၊ လက်ဖက်ရည်တစ်ခွက် (၃၀၀)ကျပ်၊ ဓာတ်ဆီတစ်ဂါလံ (၄၀၀၀)ဆိုတော့ အဆပေါင်းတွေ (၁၀၀-၁၅၀) ဆလောက်တက်ချိန်မှာ မီတာခ ငါးမူးကနေ အခု(၃၅)ကျပ်(၅၀)ကျပ်ဆိုတော့ သူလဲဘဲ အဆ(၇၀-၁၀၀)ဆလောက် တက်မှာ ဧကန်မုချပါဘဲ။ မတန်တဆ တိုးမြှင့်တာ မဟုတ်ပါဘူး။

ဒါဟာ ပြည်သူလူထုကို ကျွန်တော်တင်ပြချင်တဲ့ မီတာခတိုးမြှင့်ခြင်းအကြောင်းပါဘဲ။ ဒီလောက်ပါဘဲ။

.. www.MyanmarExpress.net
 

14 comments:

မှန် ပါ တယ်။

အရမ်းရှင်းတယ်...အားလုံးသိအောင် ရှင်းပြပေးပါ

China India ကိုရောင်းလိုက်တဲ့ ဓာတ်အားတွေရော။ မီတာခတတ်တာ လုပ်ငန်းရှင်တွေကိုပဲထိခိုက်တယ် ဟုတ်လား။ အဲလုပ်ငန်းရှင်တွေထုတ်တဲ့ ကုန်ပစ္စည်းတွေက ဘယ်သူတွေဝယ်ရတာလဲ။ မင်းတို့အဖေကုန်ဈေးနှုန်းက ဘယ်အချိန်ဘယ်လို အကြောင်းပြတတ်ရမလဲဘဲချောင်းနေတာ။ တတ်ပြီးရင်ပြန်ကျဖို့ဆိုတာ အိမ်မက်မမက်နဲ့။

သိတ်ကောင်းပါတယ်။fbမှာတင်မဟုတ်ဘဲဂျာနယ်tvရေဒီယိုသတင်းစာအကုန်ဖတ်နိုင်အောင်ဖေါ်ပြသင့်တယ်။

the above article explain the situation.
all person and all department should
stay within the budget allocation.
in every financial month/year
all department put up their department
budget to the ministry of finance and
revenue and writing down full statement
how much revenue will generate and
how much department operational
expenses etc..
all the income and the expenses should
balance so that no financial cries will arise.
now budget deficit shown (185 billion kyat)
why happen and how come?
why running a department with loss income?
can not foresee the one year ahead?

always effect economic,politic and social etc
changes due to the any kind of major changes
in all subject matters.
this is the reason need slow changes step
by step.
all the thing in our world connect one another
and the process of causes and effects keep
going so that we do not need to argue about.

the power supply is too much behind.
one of the small countries in asean
can supply more megawatts for the
population of less than 10 million
without stoppages why we cannot get
enough power supply for the population
of 60 million people with much less
demand than small island.

we have rivers,water falls,dams,coal,gas and
petroleum and now planning for solar
power production is on the way;this means
we have all natural resources we own but
look like we cannot produce enough electricity
for 60 million people.
the small island nation have only land and no
natural resources but need to buy everything
including drinking water can supply more
megawatts than us.
why?

please do not blame and find fault to the
consumers.
please find the real cause and change as
necessary.
everybody knew the real cause.

we are with the government and the
people.
we always think and act good for the
country and the people.
now we have to write the clear comment
we also understand and know our new
democratic government trying to repair
and fix the whole country for development
of country and the people within 33 months
in public office.

we thank a lot but we have to tell the situation
to get better solution.

ဆန္ဒပြတဲ့လူ‌တွေကို သူပုန်‌ရဲ့ စက်‌ရုံက ထုတ်‌ပြီး သူပုန်‌ပိုင်‌တဲ့ ကုမ္ပဏီက ‌ဖြန့်‌တဲ့ မီးကိုပဲ သုံး‌နေခဲ့ရတဲ့..မြစ်‌ကြီးနားမှာ လာ‌နေကြည့်‌‌ခိုင်းချင်‌တယ်‌.. များတယ်‌လို့ ‌အော်‌ရဲမလား ဆိုတာ သိချင်‌လို့.

You are right Ko Aung Zay. We can do nothing without electricity. We need a lot of power stations based on hydro power, coal plant rather than others bcoz cheap price. Developed countries are still using coal plants despite bad environmental effects.Our peoples need to educate. Media should not encouraged to peoples to mis- leading to wrong way.Electricity is vital for building up nation.

Good post. Every Myanmar citizen should understand the facts of matter on it. So they are called good citizenship. Putting the blame on Government doesn't
work for new era.

1-PEOPLE LIVING IN AN INSURGENT AREA
MUST SHUT THEIR MOUTHS EITHER LIKE
IT OR DISLIKE BECAUSE ALL INSURGENT
ARE VERY CRUEL BECAUSE THEY HAVE
ONLY ONE LAW CALLED 303
(303 RIFLE BULLETS) IN OLDEN DAYS
IN THE YEAR 1949 THROUGH 2013?
AND MAY BE THEY ALL HAVE NEW LAW
"MINE BOMB" AND "TORTURE".
2-PLEASE DO NOT FORGET NOW WE
ARE LIVING UNDER THE DEMOCRATIC
GOVERNMENT WITH HUMAN RIGHTS.
3-WE ALL EXPECTED OUR AUTHORITY
SHOULD DEALING ALL DISPUTES IN
DEMOCRATIC WAY.
4-PEOPLE CAN ONLY PROTEST BY BODILY
AND VERBAL ACTIONS ONLY.
5-THIS IS THE ESSENCE OF DEMOCRACY
AND HUMAN RIGHTS BUT SHOULD
FOLLOW LIKE A GOOD CITIZEN.

1-AGREE WITH THE ABOVE COMMENT.
2-ALL ORDINARY CITIZEN AND SALARY
WORKERS ARE KEEP PAYING HIGH
PRICES FOR ALL CONSUMER GOODS
BECAUSE ALL BUSINESS,COMPANIES,
TRADERS,MERCHANTS,BROKERS AND
INCLUDING ALL HAWKERS ARE KEEP DEMANDING MORE AND MORE PRICE.
3-THEY ALL COMPLAINT ABOUT CHANGES
OF DOLLAR MARKET,ENERGY FUEL AND
ELECTRICITY COST TO PRODUCE AND
PRODUCT GOODS.
4-THIS IS THE REAL LIFE STORY IN OUR
DAILY LIFE.
5-THEY INCREASE THE CONSUMER PRICE
WHEN OUR GOVERNMENT INCREASE
EMPLOYEES WAGES.
6-ALL INDUSTRIES AND ALL PRODUCERS
SIMPLY JUST PASS DOWN THE ALL EXTRA
COST DUE TO CHANGES OF DOLLAR
MARKET,ENERGY FUEL COST AND
ELECTRICITY COST TO ALL CONSUMERS.
7-ACTUALLY ALL BUSINESSES,ALL
COMPANIES AND TRADERS AND ALL
MERCHANTS AND BROKERS ARE SECRETLY
SMILING AND THEY NEVER CARE THE HIGH
PRODUCTION COST AND LOST MONEY
BUYING POWER AND INFLATION AND
INTEREST RATES BECAUSE THEY ALL
ARE SUPER MEN AND ALL THE TIMES
ABOVE LOST OF MONEY AND EXTRA COST.
8-ALL SALARY EARNERS AND RETIRED
PERSONS AND ALL ORDINARY CITIZEN
ARE STRUGGLING UNDER THE ALL EXTRA
COST.
9-THIS IS THE REALLY FACING IN EVERY
DAYS IN MYANMAR AND ALL OVER THE
WORLD.
10-BUT MANY CONSUMERS DID NOT NOTICE
HOW OUR DAILY LIFE INFLUENCE BY MONEY
HUNGERS AND TRAPS.

လွှတ်တော် နှစ် ရပ် တွင် ဆွေးနွေး မည်ဖြစ်၍
ပြည်သူများ၏ ရင် တွင်း ဝမ်းမြောက်မိပါသည်
ရှုံးသမျှ ပြည်သူကိုခံ ခိုင်းမယ်ဆိုရင် တာဝန် ရှိသူ
တွေရဲ့အရည်အချင်းက တော့ တော်တော် တော်
တယ်လို့ သတ်မှတ် ရပါမယ် ။အဲ့ဒီလို ဖြေရှင်း
နည်းက တော့ ၈ တန်းလောက် က လေးတောင်
ဖြေရှင်း တတ်ပါလိမ့်မယ်

အစိုးရကို နာနာဆဲမှ စောင်ရေ တက်မယ်ဆိုတော့ မောင် ရင့်ဟာက ပြည်သူတွေက အစိုးရကို နာနာဆဲရင် ဝမ်းသာ
အားရ ဖြစ်နေတဲ့ ပုံစံမျိုး ဖြစ်နေပြီ။ ကြည့်လဲရေး
ပါအုန်းမောင် ရင် ရယ် ။

ပြည်သူက မကြိုက်ပါဘူး။ အဲ့လိုထင်အောင် မွတ်တွေ၊ NLD တွေ
ဟိန်းလောက်၊ ခြောက်လိုက်နဲ့ လုပ်ထားတာပါ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်