From :
.. သံတော်ဆင့်
..
www.MyanmarExpress.net
မြန်မာနိုင်ငံတွင် ဘုန်းတော်ကြီးများ၊
ရဟန်းသံဃာတော်များ၏ အရေးကိစ္စများအတွင်း အနုပညာရှင် မင်းသား၊
မင်းသမီးများနှင့် နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမားများ ၀င်ရောက်
လုပ်ဆောင်လာခြင်းမှာ နိုင်ငံရေး အမြတ်ထုတ်၍ ပြဿနာပိုမို ရှုပ်ထွေးခြင်းသာ
ဖြစ်နိုင်ကြောင်း ပြည်တွင်း ပြည်ပသာသနာပြု၊ ၀ိပဿနာတရား ဟောကြား ပြသရာ၌
အနယ်နယ် အရပ်ရပ် တရားနာ ပရိသတ် များပြားသော အဂ္ဂမဟာပဏ္ဍိတ အလိုတော်ပြည့်
ဆရာတော် ဒေါက်တာဘဒ္ဒန္တ အရိယ၀ံသက ဇွန်လ ၉ ရက်တွင် မြန်မာသံတော်ဆင့်သို့
မိန့်ကြားသည်။
မဟာသန္တိသုခ ကျောင်းတော်ကြီး စီမံခန့်ခွဲမှု
ပိုင်ဆိုင်မှုအတွက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နှင့် ပီနန်ဆရာတော်တို့
အငြင်းပွားနေသော အမှုအခင်းဖြစ်ရပ်၌ ရုပ်ရှင် မင်းသားမင်းသမီးများနှင့်
နိုင်ငံရေး သမားများ ပါဝင်၍ ဆောင်ရွက်နေခြင်းကို ရည်ညွှန်း၍ အလိုတော်ပြည့်
ဆရာတော်ကြီးက မိန့်ကြားလိုက် ခြင်းဖြစ်သည်။ ဘုန်းကြီးကိစ္စများတွင် မင်းသား
မင်းသမီးများနှင့် နိုင်ငံရေးပါတီများ ၀င်ရှုပ်နေခြင်းသာ ဖြစ်ကြောင်း
အလိုတော်ပြည့် ဆရာတော်ကြီးက မိန့်ကြားခဲ့သည်။
ပီနန်ဆရာတော် ဦးဆောင်၍ မဟာသန္တိသုခ
ကျောင်းတော်ကြီး ကိစ္စနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲ တစ်ခု၌
ရုပ်ရှင်မင်းသား မင်းသမီးများ၊ နိုင်ငံရေးသမားများ တစ်ခဲနက် ပါဝင်ခဲ့ကြသည်။
ရုပ်ရှင်မင်းသား မင်းသမီးများ အနက်မှ အများစု အနုပညာရှင်များသည်
ခေတ်အဆက်ဆက် နိုင်ငံရေး လှုပ်ရှားမှုများ၌ တက်ကြွစွာ ပါဝင်လေ့ ရှိပြီး
ဦးနေ၀င်း၏ လမ်းစဉ်ပါတီ အစိုးရခေတ် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေ
ထောက်ခံပွဲ၊ အသုံးလုံး စာတတ်မြောက်ရေး လှုပ်ရှားမှုများ၊ ဗိုလ်ချုပ်မှူးကြီး
သန်းရွှေ၏ တပ်မတော် အစိုးရခေတ်တွင် တပ်မတော် အစိုးရ၏ လုပ်ဆောင်ချက်များကို
အမွှမ်းတင် ဂုဏ်ပြုဇာတ်လမ်းများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေး အသင်း ကြီး နှစ်ပတ်လည် ဂုဏ်ပြုရုပ်ရှင်ဇာတ်လမ်းများ၊
ကြံ့ခိုင်ရေး ဂုဏ်ပြုတေးသီချင်းများကို အဆိုပါ ရုပ်ရှင်ဂီတ
အနုပညာရှင်များအနက်မှ အများစုက တစ်ခဲနက် ပါဝင်သီဆို ဂုဏ်ပြုသရုပ်ဆောင်
ရိုက်ကူး ထုတ်လွှင့်ခဲ့ကြသည်။၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပသည့် ကာလတွင်
တပ်မတော် အစိုးရနှင့် ရန်ဘက်သဖွယ် အတိုက်အခံ ဖြစ်ခဲ့သည့် NLD ပါတီနှင့်
ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုဖျော်ဖြေခြင်း များကိုလည်း အဆိုပါ
ရုပ်ရှင်မင်းသားမင်းသမီးများက ပင်ပါဝင်သီဆို တင်ဆက်ခဲ့ကြသည်။
12 comments:
ဘုန်ကြီးကိစ္စ ကွ လူကိစ္စမဟုတ်ဘူး ဝင်မရှ တ်နဲ့
ဝိနည်းတော်နဲ့အညီဆုံးဖြတ်ထားတာ
မင်းကဘာကိုပြေားချင်တာလဲး..
သရုပ်ဆောင်တွေဘဲးဒီလောက်တော့
ရှိမှာပေါ့..ဆရာတော်ကိုခုတုံးလုပ်ပြီး
နောက်ကနေသူများတွေကိုအပုတ်ချနေတဲ့အချောင်သမားအကောင်..
အနုပညာသမားဆိုတာဖက်ခွက်စားပဲ။ သာရာကူးကြ တဏှာရူးကြတာကလွဲ ဖွတ်ချီးတွေပဲ။ အပြင်မှာလုပ်မစားတတ်လို့ အရေပြားလေးပြစားရတယ်။ ပုတ်လိုက်နံလိုက်တဲ့ ဒီကိုယ်လုံးကြီးကို အမျိုးမျိုးဖုန်းထားဖိထားလဲ သေတော့ကျဒီကိုယ်လုံးကြီးပါးစပ်ကအပုတ်ရေတွေထွက် ပြီးလောက်တက်ရတာပဲ။ ဟိုကသာတယ်ထင်ဟိုပြေးကပ်ဒီကသာတယ်ထင်ဒီပြေးကပ်နဲ့ ဆိတ်လစိတွေသေရင်ငရဲကိုတန်းနေတာပဲ။
1-ALL NEED TO STAY TOGETHER AND UNITED
FOR MYANMAR.
2-WE CAN DEFEND OUR COUNTRY AGAINST
ALL ENEMIES IF WE ALL CAN STAY PEACEFULLY
AND SOLVE OUR DIFFERENCES.
3-MYANMAR NEED PEACE MAKERS AND NOT
TROUBLE MAKERS.
4-PLEASE WAKE UP AND FIGHT OUR COMMON
ENEMIES.
WITH MYITTA TO ALL BEINGS.
လန်ဒန်ကဘုန်းကြီးကိုအခုမှလုပ်ပေးတဲ့သူပေါ်ပေါက်လာလို့ ဗုဒ္ဓဘာသာအတွက်တော်တော်လေးစိတ်အေးသွားရပါတယ်၊ ညနေဖက်မှာ အစားတွေစား၊ မွေးနေ့ ပါတီပွဲတွေလုပ်ပြီးသီချင်းတွေဆို၊ဘီယာတွေ၊ဂျင်တွေသောက်၊ ဝါတါလူးက ဒုက္ခသယ်တွေကိုပေးတဲ့ တိုက်ခန်းလေးမှာကျောင်းဖွင့်တုန်းကလဲ အခြောက်တွေတရုံးရုံးနဲ့ အိပ်ခန်းထဲကို အခြောက်တွေ တယောက်တလှည့်တန်းစီဝင်ပြီး ပြောတော့တရားစစ်တယ်ဆိုတာဘဲ ဘာတွေလုပ်ကြလဲဆိုတာတော့လုပ်တဲ့သူဘဲသိမှာပါ၊ အင်္ဂလန်ကိုလာပြီး မပြန်ချင်တဲ့ပညာတော်သင်တွေ၊ ကျောင်းသားတွေ၊အလည်လာတဲ့သူတွေကို နိင်ငံရေးခိုလှုံခွင့်ရအောင် လုပ်ပေးရင်းဒကာတွေတိုးပွားလာတာ၊
အခုတော့မသိ၊ အရင်ကတော့ လန်ဒန်က ရဟန်းခံတခုမှာ ၁၀ ပါးသီလကိုမရလို့သီလချပေးနေတုန်းရပ်သွားတာကို အောက်ကတရားနာတွေက တိုင်ပေးရဘူးတယ်၊ တရားပွဲတို့၊ဝိပဿနာပွဲတို့လိုသာသနပွဲတွေကိုလုပ်လဲမလုပ်၊စိတ်လဲမဝင်စားဘဲ၊ မွေးနေ့ ပါတီပွဲ၊ နိင်ငံရေးပွဲ၊သင်္ကြန်ပွဲတွေကို မြန်မာပြည်က ဇတ်အဖွဲ့တွေ၊အဆိုတော်တွေကိုလန်ဒန်ကိုခေါ်ပြီး ပွဲတွေလုပ်၊ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ဘုန်းကြီးအလုပ်တခုမှလုပ်တာမတွေ့ဘူး။
သူ့အကြောင်းမသိတဲ့ပီနန်ဆရာတော်ကြီးကသူ့ကိုမှကျောင်းသွားအပ်မိတာကိုး၊ အခုတော့လက်ပူးလက်ကြပ်မိပြီနဲ့တူတယ်၊ ရုံးထုတ်ရင်တော့ဖမ်းရတဲ့ အကြောင်းကိုသိရမှာပေါ့လေ။
ဧရာဝတီမှ သတင်းထောက် စည်သူအောင်မြင့် ၏ ဆောင်းပါးအား ကျွန်တော်၏ တုံ့ပြန်ချက်ကလေးကို
ပြန်မျှ ဝေလိုက်ပါတယ်။
ဦးစည်သူအောင်မြင့်ခင်ဗျား
ဒီကျောင်းတိုက်ကြီး ချိပ်ပိတ်တဲ့ကိစ္စနှင့် ပတ်သက်ပြီး ထောင့်စုံကနေ သုံးသပ်ပြသွားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဟာကွက်ကလေး တခုဘဲ ဖြည့်စွက်ပေးပါရစေ။ အဲဒါကတော့မြန်မာနိုင်ငံဟာ ထေရဝါဒဗုဒ္ဓဘာသာကို ကျင့်သုံးတယ်ဆိုတာကို မိတ်ဆွေမေ့သွားတယ်လို. ယူဆရပါတယ်။
အောက်ပါစာပိုဒ်ကြီးမှာ ဒီဝါကျကလေးကိုတွေ့ရပါတယ်။
" ကျောင်းတိုက်မြေကြီးဟာ ပီနန်ဆရာတော်ကြီးရဲ့ နာမည်နဲ့ ထွက်ထားတာပါ။"
ပီနန်ဆရာတော်ကြီးဟာ ထေရဝါဒီ ရဟန်းတော်မှန် ပါက အထက်ပါဝါကျဟာ မှားနေပါတယ်။ထေရဝါဒီ ရဟန်းတော်မှန်သမျှဟာ အနာဂါရိကော အဖြစ် နေကြရပါတယ်။ အိမ်ယာမဲ့သူလို့ အဓိပ္ပါယ်ရပါတယ်။ ဂဟပတိ (အိမ်ပိုင်မြေပိုင်၊ အိမ်ဦးစီး)မဟုတ်ကြပါ။ ဒါကြောင့် "ကျောင်းတိုက်မြေကြီးဟာ ပီနန်ဆရာတော်ကြီးရဲ့ နာမည်နဲ့ ထွက်ထားတာပါ" ဆိုတဲ့ ဝါကျက ဆရာတော်ကြီးကို ဂဟပတိ (ရဟန်းမဟုတ်သူ)လို့ ခေါ်လိုက်တာ နှင့် တူသွားပါတယ်။ ဒါမှမဟုတ်ယင်လည်း၊ ဆရာတော်ကြီးဟာ မဟာယာနဝါဒီရဟန်းလို့ခေါ်လိုက်တာနှင့်လည်း တူသွားပါတယ်။ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နှင့် ကမ္ဘာအေးဘုရားလမ်း အဆုံ ကုက္ကိုင်းမှာ တရုပ်မဟာယနဘုန်းကြီးကျောင်းဟာ ပုဂ္ဂလိကလုပ်ငန်း အဖြစ် စားသောက်ဆိုင်ကြီးဖွင့်ထားပါတယ်။ တောင်ကိုးရီးယား၊ တိဘက် နှင့် ဂျပန်နိုင်ငံတို့မှာ မဟာယနဘုန်းကြီးတွေဟာ သားမယားနှင့် အိမ်ပိုင် အိမ်ဦးစီးများ အဖြစ်နေကြပါတယ်။ တိဘက်လာမာဘုန်ကြီး၊ ဂျပန်ဘုန်းကြီးတို့ဟာ ဘာသာရေး အခမ်းအနား ရှိမှ လာမာလို၊ ဘုန်းကြီးလို ဝတ်ကြ ပြီး ကျန်အချိန်တွေမှာ လူဝတ်နှင့်ဘဲနေကြပါတယ်။
"သံဃာ့မဟာနာယက ဆိုတဲ့အဖွဲ့အစည်းတစ်ခုခုကလည်း ပိုင်ဆိုင်ခွင့် မရှိဘူး။ သံဃိက ပစ္စည်းကို သံဃာကပဲ ထိန်းသိမ်းစောင့်ရှောက်ဖို့တာဝန်ရှိပါတယ်။"
အထက်ပါဝါကျက မဟာသန္တိသုခကျာင်းတိုက်ကြီးဟာ သံဃိကပစ္စည်း လို့ ခေါ်ထားပါတယ်။ အဲဒါ မှန်ပါတယ်။ သံဃိက (ရဟန်းအများပိုင်၊ ဘုံဆိုင်) ပစ္စည်းဖြစ်နေတဲ့အတွက် မူလတုန်းက ပီနန်ဆရာတော်ကြီးကို ရေစက်ချ လှူ တန်းထားပေမယ့် ဆရာတော်ကြီးရဲ့ ပုဂ္ဂလိက ကိုယ်ပိုင်ပစ္စည်း မဟုတ်ဘူးလို့ ဝန်ခံရာရောက်ပါတယ်။ ဒါကြောင့်လည်း ဆရာတော်ကြီး နိုင်ငံခြား
ကို ဆယ်နှစ်ကြွနေချိန်မှာ သံဃမဟာနာယက အဖွဲ့ကြီးကို ပြန်အပ်လိုက်ရတာဖြစ်တယ်လို့ ဖတ်ရှုရပါတယ်။ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးဟာ မြန်မာနိုင်ငံရှိ ထေရဝါဒီရဟန်းတော် အားလုံးကို ကိုယ်စားပြုနေတဲ့ အတွက် သံဃိကပစ္စည်း (ရဟန်းသံဃာအားလုံးနှင့်ဆိုင်သောပစ္စည်း)
ဖြစ်နေသည့် မဟာသန္တိသုခကျာင်းတိုက်ကြီးကို ထိမ်းသိမ်းစောင့်ရှောက်ထားတယ်ဆိုတာ လုပ်သင့်လုပ်ထိုက်တာကို လုပ်ခြင်းမျှသာဖြစ်တယ်လို့ ကျွန်တော် မြင်မိပါတယ်ခင်ဗျား။
Aussie Man
Australia
အထက်ပါသုံးသပ်ချက်ကို ဖြည့်စွက်ရေးသားပါရစေ။
တကယ်လို့များ၊ ပီနန်ဆရာတော်ကြီး ဂျပန်က ပြန်ရောက်လာပြီး မဟာသန္တိသုခကျောင်းတိုက်ကြီးကို ပြန်ရဖို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးကို တရားစွဲတယ်ဘဲ ဆိုကြပါစို့။ အဲဒီလို တရားစွဲတဲ့အခါမှာ ဆရာတော်ကြီးက အနှီကျောင်းတိုက်ကြီးဟာ မိမိ၏ ပုဂ္ဂလိကပိုင်ပစ္စည်း ဖြစ်ကြောင်း သက်သေခံ အထောက်အထားများ အနေဖြင့် ဂရန်ပေါက် စာချုပ်စာတမ်းတွေကို သာသနာ့ခုံရုံးမှာဖြစ်စေ၊ အစိုးရတရားရုံးမှာဖြစ်စေ၊ တရားလိုအဖြစ်နှင့် တင်ပြမိတယ် ဆိုကြပါစို့။ အဲဒီလိုများသာ ဆရာတော်ကြီးက တရားစွဲလိုက်မိပါက၊
(၁) မိမိသည် အနာဂါရိကော (ရဟန်း) မဟုတ်တော့ဘ၊ဲ ဂဟပတိ (အိမ်ပိုင်၊မြေပိုင်၊ အိမ်ဦးစီး) ဖြစ်နေကြောင်း ဝန်ခံလိုက်သည်နှင့် အတူတူဖြစ်သွားပါမည်။
(၂) မိမိသည် ထေရဝါဒီ ရဟန်းတော် မဟုတ်တော့ကြောင်းလည်း ဝန်ခံလိုက်သည်နှင့် လည်း အတူတူဖြစ်သွားပါမည်။
အထက်ပါ ဝန်ခံချက် တခုခုနှင့် ငြိစွန်းနေရုံနှင့်ပင် ပီနန်ဆရာတော်ကြီးကို နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီးက လူဝတ်လဲပေး၊ သိက္ခာချပေးလိုက်လို့ရပါသည်ခင်ဗျား။
ပီနန်ဆရာတော်ကြီးသည် ပိဋကကျမ်းများကိုတတ်ကျွမ်းပြီး ဝိနည်းတော်နှင့်အညီ ထေရဝါဒီ
ရဟန်းတော်အဖြစ် နေထိုင်သူဖြစ်နေပါက အထက်ပါကျွန်တော်တင်ပြထားသော ဝန်ခံချက်နှစ်ခုနှင့် အငြိအစွန်း ခံရဲမည်မဟုတ်ပါခင်ဗျား။ မိမိကို လူဝတ်လဲပေးပါလို့ တရားရုံးမှာ တရားဝင်တောင်းဆိုနေသလို အဖြစ်မျိုးသို့ရောက်အောင် ပြုလုပ်ရဲမည် မဟုတ်ပါခင်ဗျား။
Aussie Man
Australia
ဒီမှာရှိတဲ့ဘုန်ကြီးတွေတော်တော်များများကကေားဘာထူးလိုလဲးအစီုရနဲ့ပက်သက်တဲ့ဘုန်းကြီးတွေဆိုပိုဆိုးသေတယ်..စီးရေးကိုမျိုးစုံလုတ်တယ်လောင်းကစားလဲးလုတ်တယ်..အပေါင်လဲးခံတယ်.ကာထောင်စားတဲဘုန်းကြီးကရှိ့သေးတယ်...
အလိုတော်ပြည့်ဘုန်းကြီးကျောင်းထဲးလဲးသွားကြည့်ပါအုံး...ရခိုင်ကလာတဲအမျိုးတွေအတွက်..တည်းခိုခန်းကြီးသဖွယ်ပါဘဲး
ရှာကြရှာကြ။ လူတယောက်မှာ အိမ်၂လုံးပိုင်လဲ တလုံးမှာပဲနေရတာပဲ။ တတ်နိုင်လို့အိပ်ခန်းဆယ်ခန်းရှိလဲအိပ်ခန်းတခန်းကုတင်တလုံးမှာအိပ်ရမှာပဲ။ကား၂စီးပိုင်လဲ၂စီးလုံးခွမောင်းလို့ရတာမှမဟုတ်တော့တစီးပဲမောင်းရမှာပဲ။ သေရင်ဘာမှကိုယ့်ဖက်ပါမှာမဟုတ်တာကို မသိသရွေ့ဒီလိုပဲဖြစ်နေအုန်းမှာပဲ။ USနိုင်ငံသားလဲ ထမင်းစားပြီးချီးပါရင်ဖင်လှန်နောက်ဆုံးတော့သေရတာပဲ။ အော်ဇီ။ ယူကေ။စလုံး။ မြန်မာ ဘယ်နိုင်ငံသားဖြစ်ဖြစ်ဒီလမ်းသွားရမှာပဲ။ မမြဲတာတွေကိုလိုက်ရင်းလိုက်ရင်း အရေးကြီးတာတွေမမေ့ဖို့ သတိပေးပါရစေ။
ဟုတ်ပါတယ်.သူရှင်းပြတာမှန်ပါတယ်.ပီနန်းဆရာတော်ကြီးပြည်ပမှာသွားပြီးသာသနာတော်ဲပြန့်ပွ်ားအောင်ြုပည်ပမှာဦတင်းသုံးနေတဲ့အချိီန်မှာ.သံဃနာယကအဖွဲကဒီကေကျာင်တိီုက်ကြီးကိုယာယီထိမ်းသိမ်းထားပြီး.ပီနန်းဆရာတော်ကြီးမြန်မာပြည်ကိုပြန်ဲကြွလာတတဲ့အခါဒီးကျောင်တိုက်ကြီးမှာပြန်လည်သီတင်းသုံးပိုင်ခွင့်မရှိဘူးလား...ဆရာတော်ကြီးကလမ်းဘးးမှာကျူးကျော်တဲးထိုးပြီားသနာပြရမှာလား....
မသိလို့ဖြေပေးပါလား
၂၀၀၇ ဘန်းကြီးအတုတွေကိုဖင်ဘူးတောင်းထောင်ကိုးကွယ်ပီး စစ်တပ်ကစည်းကမ်းတကျကိုင်တွယ်မှခွေးလိုဝိုင်းဟောင်ကြသေးတယ်လေ။ အလကားအီးယောင်ဝါးတွေ။
ဟုတ်ပ၊ဒါကြောင့်ဗမာစကားပုံကသေချင်တဲ့ကျားတောပြောင်းတော့ဘုန်းကြီးအမှုရွာပတ်ပြီပေါ့။ဒီလိုဂေးကိစ္စတွေကအင်္ဂလန်လိုနိင်ငံတွေမှာမဆန်းပေမဲ့မြန်မာပြည်မှာတော့သိပ်လက်မခံသေးဘူးလေ၊အထူးသဖြင့်သင်္ကန်းဝတ်နဲ့ဆိုတော့မကောင်းဘူးပေါ့။ဋ္ဌာနဆိုင်ရာတွေကလဲဒီဘုန်းကြီးလိုဟာမျိုးကိုအထောက်အထားမခိုင်လုံဘဲနဲ့တော့အခုလောက်အထိလူဝတ်လဲခိုင်းပြီးမော်စကို ကိုပို့မှာမဟုတ်ဘူး၊ မီဒီယာတွေကလဲရှိသေးတယ်လေ။ ဒါပေမဲ့နိင်ငံရေးအမြတ်ထုပ်ချင်တဲ့လူတွေ၊ ကျောင်းမှာနေပြီး သာဿနအလုပ်မှာပျင်းလို့လမ်းမထွက်ချင်နေတဲ့ဘုန်းကြီးတွေ၊နိင်ငံခြားမှာနေ၊ ဗီဇာကုန်၊ မြန်မာပြည်ကလဲ ဒီမိုကရေစီကိုသွားပြနေ၊ဒေါ်အောင်ဆန်းစုကြည်ကလဲလွှတ်တော်ထဲရောက်နေလို့ ဒုက္ခသည်အနေနဲ့ခိုလှုံခွင့်တောင်းဖို့လမ်းပိတ်နေတဲ့လူတွေအတွက် မလွတ်တမ်းယူရမဲ့အခွင့်အရေးတခုဘဲပေါ့။
သရုပ်ဆောင်က သရုပ်ပဲဆောင်တတ်တာ ဘာသိလို့လဲ သရုပ်ဆောင်ထဲမှာ ပညာရေးပိုင်း နိုင်ငံရေးပိုင်း ထူးချွန်တာ လက်ချိုးရေရင် ငါးချောင်းမပြည့်ဘူး
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်