Subscribe to our RSS Feed

မြန်မာနိုင်ငံက တက္ကသိုလ်ကျောင်းသားများက ဗဟုသုတနည်းတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောစကားကို ပြည်တွင်းရှိ ကျောင်းသားများ မကျေနပ်


ဒီကနေ့ မြန်မာ တက္ကသိုလ်ကျောင်းသားများက ဗဟုသုတနည်းလာတယ်လို့ ဒေါ်အောင်ဆန်းစုကြည်မှ အောက်စဖို့ မြို့ လူပုံအလည်မှာ ပြောဆိုလိုက်သည့်အပေါ် ပြည်တွင်းရှိ တက္ကသိုလ်ကျောင်းသား အများအပြားမှ မကျေမနပ်ဖြစ်နေကြောင်း သတင်းရရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျောင်းသားဘဝ က
အသက် ၃၂ နှစ် ရောက်ချိန်မှာ ဘွဲ့ သုံးခု နှင့် လင် တစ်ယောက် အပြင် သား နှစ်ယောက်ပါ ရရှိနေပြီဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျောင်းတဖက် အလုပ်တဖက် လင်တဖက် သားနှစ်ယောက် တစ်ဖက်နဲ့ ဗဟုသုတပေါင်းစုံ သိအောင် လေ့လာခဲ့ပါတယ်။

ယခုခေတ် မြန်မာကျောင်းသူများတွင် ဒေါ်အောင်ဆန်းစုကြည်ကို မှီအောင် လိုက်နိုင်သူမှာ အနည်းအကျဉ်းမျှသာရှိပြီး အများစုမှာ ယောင်္ကျားတစ်ယောက်နှင့် ကလေး တစ်ယောက် သာ ရရှိလျှက် ရှိကြပါတယ်။ အထူးသဖြင့် ၈၈ မျိုးဆက် ဆိုသူများမှာ ခုချိန် အသက် ၅၀ ထိ မစွန်သေးပေ။

မခင်ဒေါ်ခင်ကြည်နဲ့အတူ အိန္ဒိယနိုင်ငံမှာ ကျောင်းတတ်စဉ်က ပါကစ္စတန် နိုင်ငံသား တစ်ဦးနဲ့ ချစ်ကြိုက်ခဲ့ပြီး အောက်စဖို့ဒ် တက္ကသိုလ် စိန့်ဟူးခ်ျကောလိပ် သို့ ပို့ခံခဲ့ရကာမှ ဗြိတိန်မှာ မိုက်ကယ်အဲရစ်နဲ့ လက်ထပ်ကာ ဘဝအတွက် ရုန်းကန်ရင်း သားနှစ်ယောက် မနားတမ်း မွေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အခု အောက်စဖို့မြို့က ယခင်နေခဲ့တဲ့နေရာကို ရောက်ရှိနေပြီး အရင်တုန်းက အိမ်နီးချင်း ဗြိတိသျှ လူမျိုးများနဲ့တွေ့က အခုမှ ကိုယ့်အိမ်ကိုယ်ယာ ပြန်ရောက်သလိုမျိုး ပျော်ရွှင် မြူးတူးလျှက် ရှိနေပါတယ်။ အခု ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ သားများ ချွေးမများနဲ့ အနည်းဆုံး ၅ ရက် နေထိုင်ပျော်ရွှင် မှာလို့ သတိရရှိပါတယ်။


ဒေါ်အောင်ဆန်းစုကြည်က နေ့စဉ်ပျော်ရွှင် ရယ်မောမြူးတူးနေချိန်မှာပဲ ရခိုင်ပြည်နယ်မှာ ဒုက္ခသည်ပေါင်း သုံးသောင်းကျော်ဟာ စားစရာမလုံမလောက်ဖြစ်ကာ ဝမ်းရောဂါနဲ့ ရင်ဆိုင်နေရပြီး အကူအညီများလိုအပ်နေကြောင်း သတင်းရရှိပါတယ်။

Myanmar Express

2 comments:

ပြောချက်ကတော့
လန်ထွက်နေတာပဲတော့
စုတို့များ တော်ချက်က ငယ်ငယ်တည်းက
ဂလိုကိုး
ဘာပဲပြောပြော အဲလိုဘယ်သူလုပ်နိုင်တာလိုက်လို့အေ
မင်းတို့မလဲ စု..စု .စုနဲ့ အဲလိုတောင် ဆုတွေ စုနိုင်လို့လားအေ့
ခမျာများ...ဆုတွေအများကြီးနဲ့ တထောကြီးပြန်လာကာမှ မင်းတို့စုထား
တဲ့ဆုတွေထပ်ပေးလိုက်ပေါ့အေ..အဟတ်ဟတ်...

မြန်မာနိုင်ငံကတက္ကသိုလ်ကျောင်းသားများက ဗဟုသုတနည်းလာတယ်တဲ့။
သူ့အနေနဲ့တက္ကသိုလ်ထဲကိုရောက်ဖူးလို့လား။ တက္ကသိုလကျောင်းသားတွေနဲ့ရော ဆွေးနွေးဖူးလို့လား။
၈၈ မျိုးဆက်ဆိုတဲ့ ထောင်ထွက် တက္ကသိုလ်ကျောင်းသားအတုတွေ လောက်ဘဲတွေ့ဖူးလို့
ဒီလိုသုံးသပ်ချက်ထွက်လာတာထင်တယ်။ ကျုပ်တို့တက္ကသိုလ်ကျောင်းသားတွေက
ကမ္ဘာ့ရေးရာမှာလည်း ခင်ဗျားကိုယှဉ်နိုင်တယ်။ မြန်မာ့ရေးရာမှာတော့ ခင်ဗျားဟာ
အခုမှ မူလတန်းအဆင့်ဘဲရှိသေးတယ်၊ ကျုပ်တို့ကို လာမယှဉ်နဲ့။ ၈၈ ကျောင်းသားဆိုတဲ့ ထောင်ထွက်ကျောင်းသားအတုတွေလောက်တွေ့ဖူးရုံနဲ့ လူတတ်ကြီးလာလုပ်မနေနဲ့။ ကျုပ်တို့တွေက ဒီကောင်တွေကို ကျောင်းသားစာရင်းထဲမှာ ဘယ်တုန်းကမှ ထည့်မထားဘူး။ နားလည်လား။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်