Subscribe to our RSS Feed

ရခိုင်တိုင်းရင်းသားများ လုံခြုံရေးသာမက ကူညီထောက်ပံ့ရေးကိုပါ တပ်မတော်က ဦးဆောင်နေ


ရခိုင်ပြည်နယ်စစ်တွေ့မြို့တွင်လုံခြုံရေးအတွက်တာဝန်ယူဆောင်ရွက်နေသောတပ်မတော်သားများဦးဆောင်ပါဝင်သည့်ကူညီထောက်ပံ့ရေးယာဉ်တန်းသည် ဘင်္ဂါလီလူမျိုးများနေထိုင်ရာသဲချောင်းကျေးရွာသို့ ကူညီထောက်ပံ့ရေး ပစ္စည်းများပေးအပ်ရန်ယနေ့ဒေသ စံတော်ချိန်ညနေ ၅း၄၅ နာရီတွင်စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း The Messengerသတင်းထောက် ကသတင်းပေးပို့သည်။

ခိုင်ပြည်နယ်စစ်တွေမြို့နှင့်အနီးတဝိုက်ကျေးရွာများတွင်နှစ်ရက်တိုင်လေပြင်းများတိုက်ခတ်ပြီးမိုးသည်းထန်စွာရွာသွန်းလျက်ရှိသောကြောင့် ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များအတွက် နေရာထိုင်ခင်းများသို့ မိုးရေများဝင်ရောက်ကာ အခက်အခဲများနှင့်ကြုံတွေ့နေရသည်။

“မိုးဆက်တိုက်ရွာနေတာ နှစ်ရက်ရှိပြီ။ မိုးတင်မဟုတ်ဘူး လေပါလာတော့ဒုက္ခသည်စခန်းတွေက လုံခြုံမှုမရှိကြတော့ လူတွေကို မိုးစိုကုန်တယ်။ ပြီးတော့အစားအသောက်အတွက်လည်း မလုံလောက်တော့ ဒုက္ခရောက်နေကြတယ်”ဟု ရခိုင်ပြည်နယ် စစ်တွေဒေသခံတစ်ဦးက ပြောသည်။

သက်ဆိုင်ရာမှ ဒုက္ခသည်များထားရှိရာ ကယ်ဆယ်ရေးစခန်းများသို့စားနပ်ရိက္ခာများ သွားရောက်ပို့ရန်အတွက် စီစဉ်ထားသော်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သွားလာရန် အခက်အခဲဖြစ်နေကြောင်းကိုလည်းသိရှိရသည်။

ထို့အပြင် စစ်တွေမြို့ရှိ အချို့သောဒုက္ခသည်စခန်းများသို့ အစားအသောက်နှင့်ထောက်ပံ့ပစ္စည်းများ မရောက်ရှိသေးကြောင်းနှင့် ဘုန်းကြီးကျောင်းများရှိဆရာတော်များနှင့် ရပ်ရွာတွင်းရှိ အလှုရှင်များကအကြမ်းဖက်မှုဖြစ်ပွားရာနေရာများမှ ရှောင်တိမ်း လာကြသော ဒုက္ခသည်များအားစောင့်ရှောက်လျက်ရှိသည်။

“ဘုန်းကြီးတွေကပဲ ကျွေးနေကြတာ၊ ဒုက္ခသည်တွေကများတော့ နေရာထိုင်ခင်းကမလောက်ဘူးလေ။ မိုးရွာတော့ အမိုးအကာ အပြင်ဘက်ရောက်နေတဲ့ ဒုက္ခသည်တွေအကုန်မိုးရေတွေစိုပြီး ဒုက္ခရောက်ကုန် ကြတာပေါ့”ဟု စစ်တွေမြို့နယ်သံဃနာယအဖွဲ့ဝင် ဆရာတော်တစ်ဦးက ပြောသည်။

တစ်ပတ်ကျော်ကြာသည်အထိ ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်ခဲ့သောဆူပူအကြမ်းဖတ်မှုများကြောင့် လူဦးရေများစွာ အိုအိမ်မဲ့ဖြစ်ခဲ့ရပြီး နိုင်ငံတော်အစိုးရနှင့် အခြား အဖွဲ့အစည်းများ အလှုရှင်များမှ ဒုက္ခသည်စခန်းများ ဖွင့်လှစ်ထားရာနေရာများသို့ အစားအသောက်နှင့် အခြားထောက်ပံ့မှုများ သွားရောက် ပြုလုပ်လျက်ရှိကြကြောင်း သိရသည်။

ထို့ပြင် စစ်တွေမြို့နှင့် အနည်းငယ်အလှမ်းဝေးသောဂွိုင်လာသဲချောင်းကျေးရွာ၊ ခေါင်းတကာကျေးရွာ၊ သဲချောင်း အုန်းတောကျေးရွာ၊ အောင်မင်္ဂလာကျေးရွာနှင့် သက်ကယ်ပြင်ကျေးရွာတို့တွင် မွတ်စလင် ဒုက္ခသည်များရောက်ရှိနေကြောင်းနှင့် ၎င်းတို့အနေဖြင့် အထောက်အပံ့အကူ အညီများလိုအပ်နေသည်ဟု ဒေသ ခံများကဆိုသည်။

“အခုချိန်အထိ ဘာအကူအညီ အထောက်အပံ့မှ မရသေးပါဘူးဗျာ။ကျွန်တော်တို့ဆီမှာလည်း ဒုက္ခသည် ငါးထောင်ကျော် ရှိနေတယ်။ သူတို့ကစစ်တွေမြို့တို့ ပြီးတော့ အခြားအဓိကရုဏ်းဖြစ်တဲ့ နေရာတွေကနေရောက်လာကြတာ”ဟု စစ်တွေမြို့နယ် ဂွိုင်လာတင်ကျေးရွာမှဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလှစိန်က ပြောသည်။

ရခိုင်ပြည်နယ် အတွင်း တရားဥပဒေစိုးမိုးမှုရရှိပြီး စစ်တွေ မြို့ အတွင်းတွင် ပုဂလိ က ဘဏ်များ ပင်ပြန်လည် ဖွင့်လစ်နေပြီ ဖြစ်ကြောင်း သိရှိရပါသည်။ ဒီလို မြန်မြန် ဆန်ဆန် နဲ့ အကွက်ချချ ပြန်ပြီးလုပ်ဆောင်သွားနိုင်တာဟာ တပ်မတော်နဲ့ ပြည်သူ ကြည်ဖြူပြီး သမ္မတကြီး ကာကွယ်ရေးဦးစီးချုပ် များနှင့် အကြီးကဲများ အားလုံး ရဲ့ အကွက်မြင်မြင် လုပ်ဆောင်မှုတွေကြောင့် လေးစားပါတယ်။ထို့ ပြင် လူဝင်မှုကြီးကြပ်ရေးနဲ့  လုပ်ဆောင်မှုများကိုလည်း အားပေးခဲ့သူများ လှုံဆော် ခဲ့သူများကိုလည်း တရားဥပဒေနည်းလမ်းတိုင်းလည်းအရေးယူဆောင်ရွက်လျက်ရှိပါသည်။ ရရှိခဲ့သော်အကျိုးလဒ်ကြောင့် ရခိုင်တိုင်းရင်းသားများကိုဖေးကူရန်လူမှုရေးအသင့် ဖွဲ့ များ ပြန်လည်ထူထောင်ရေးလုပ်ငန်များကို စနစ်တကျ ပြန်လည် လုပ်ဆောင် နေကြောင်းသိရှိရပါသည်။ထို့ ပြင် တပ်မတော်မှအကြီးကဲများ ကိုယ်တိုင်းလည်း ရောက်ရှိ ပစ္စည်းများ ပေးအပ်ခြင်းနှင့် နယ်မြေစိုးမိုးခြင်းဆောင်ရွက်နေပါသည်။

ပြည်သူနှင့်တပ်မတော်သွေးကွဲ စေရန် အလို့ ငှာ တပ်ကယောင်ယောင် ပြည်သူယောင်ယောင် လုပ်ပြီး အခကြေးငွေယူပြီးလုပ်နေသယောင်ယောင်များ အခြေမြစ်မရှိဘဲထွက်လာပြီးရန်တိုက်မှုများရှိနေပါသည်။ ရန်ကုန်မြို့ တော်တွင် လည်းလုံးခြုံရေးတင်းကြပ်စွာစောင့်ကြပ်နေကြောင်း သတင်းရရှိပါတယ်။

Myanmar Express

5 comments:

We always on the same side with Myanma Thamadaw.

သူတို့ တွေ တပ်မတော်ကို သွေးကွဲ အောင်ရန်တိုက်ပေးလေလေ ပြည်သူက ထောက်ခံ လေလေပဲ ။

Our Army is Patriotic Army.

ကျေးဇူးတင် ပါတယ် သမ္မတ ကြီးနှင့် တပ် မတော်ရယ်

မှတ်ချက် ဟို မိန်းမကြီး မပါ

how many money n other they support to those who are in Rakhing.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်