Subscribe to our RSS Feed

ရခိုင်အရေးအခင်းကြောင့် ဘင်္ဂလားဒေရှ် နှင့် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်း


From : YPI

ရခိုင်ပြည်နယ် တွင်ဖြစ်ပွားနေသော ဆူပူအုံကြွမှုများကြောင့် ဘင်္ဂလားဒေရှ်နှင့် နယ်စပ်ကုန်သွယ် ရေးမှာ ရပ်ဆိုင်း သွားပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ
်ရေး ဝန်ကြီးဌာန၊ နယ်စပ်ကုန် သွယ်ရေး ဦးစီး ဌာနမှ အဆင့်မြင့် အရာ ရှိကြီး တစ်ဦးကပြောသည်။

ယင်းနယ်စပ်ကုန်သွယ်ရေးစခန်း တွင် ဇွန်လ ၆ရက် နေ့အထိ တင်ပို့မှု များရှိနေခဲ့ပြီး ဇွန်ရ ရက်နေ့ကစတင် ကာ ရပ်ဆိုင်းသွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ''ဘင်္ဂလားနဲ့ နယ်စပ်ကုန်သွယ် ရေးကရပ်သွားပါပြီ။ ဒါပေမဲ့အရင် တစ်ပတ်အ ထိမောင်တော ဂိတ်ကနေ ရေငန် ငါးတန် ၂၀၀ လောက်ပိုပြီး စစ်တွေဂိတ်ကနေ ရေချိုငါး တန် ၈၀ ကျော်ပို့လိုက်သေးတယ်'' ဟု စီးပွားကူး သန်းမှ တာဝန်ရှိသူတစ်ဦး မှပြောသည်။

ဘင်္ဂလား ဒေရှ်နိုင်ငံ သို့ စစ်တွေ နှင့် မောင်တောနယ်စပ်ဂိတ်များမှ အဓိကထား တင်ပို့ နေခြင်းဖြစ်ပြီး ယင်းဒေသများ တွင် လူမျိုးခြားများ ၏အကြမ်းဖက် ဆူပူမှုများကြောင့် နယ်မြေတည်ငြိမ်ရေးကို အဓိက ထား ထိန်းသိမ်း နေရသည်။ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်က ဘင်္ဂလားဒေရှ့်နှင့် ကုန်သွယ်ရေး ပမာဏ အမေရိကန်ဒေါ်လာ ၈၄.၈၁ သန်းရှိပြီး နယ်စပ်ကုန် သွယ်ရေးမှ ကန်ဒေါ်လာ ၂၃ သန်း ကျော်အထိ ကုန်သွယ်မှု ရှိခဲ့ကြောင်း သိရသည်။ ဘင်္ဂလားဒေရှ်နှင့် နယ်စပ်ကုန် သွယ်ရေးသည် ထိုင်းနှင့် တရုတ်ပြီး လျှင် အများဆုံးဖြစ်ကာ အိန္ဒိယ ထက်ပင် နယ်စပ် ကုန်သွယ်ရေး တွင် ပမာဏ ပိုမိုခဲ့သည်။

ဘင်္ဂလားဒေရှ်နိုင်ငံသို့ မြန်မာ နိုင်ငံမှ ရေထွက်ကုန်၊ လယ်ယာ ထွက်ကုန်နှင့် တိရစ္ဆာန် ထွက်ကုန် တို့ကို အဓိက ထားတင်ပို့ကြောင်း သိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်