Subscribe to our RSS Feed

အမျိုးသမီးများ ကိုယ်တွင်း အင်္ဂါကြွက်သားများ အတွက် ဒေါက်ဖိနပ် စီးသင့်


From : Planet

ဒေါက်မြင့်ဖိနပ်များ ၀တ်ဆင်ခြင်းသည် အမျိုးသမီးများ၏ ကိုယ်တွင်းရှိ ကြွက်သား ထိန်းချုပ်နိုင်မှုကို တိုးတက်စေနိုင်ပြီး အိမ်ထောင်မှု ကိုပါ ပိုမိုကောင်းမွန် စေနိုင်ကြောင်း လေ့လာတွေ့ရှိရသည်။

ဒေါက်မြင့်ဖိနပ်များ ကို ၀ါသနာကြီးစွာ စုဆောင်းတက်လေသူ အီတလီလူမျိုး ဆီးလမ်းကြောင်းဗေဒ ဆိုင်ရာ အမျိုးသမီး တစ်ဦးက လူအချို့ အကြံပေးကြသည့် ဒေါက်မြင့်မြင့် ဖိနပ်များ စီးခြင်းသည် အမျိုးသမီးထု ကျန်းမာရေးအတွက် ကောင်းကျိုးမပေးနိုင်သည်မှာ မဟုတ်မှန်ကြောင်းကို သက်သေပြလိုက်သည်။

ဒေါက်မြင့်ဖိနပ်သည် ခြေဆစ်များ ရောင်ရမ်း နာကျင် ကိုက်ခဲခြင်းမှ အစ schoizophrenia ခေါ် ဦးနှောက်ပိုင်း ဆိုင်ရာ ရောဂါများ အထိ စသည့် ပြဿနာများနှင့် ဆက်စပ်နေသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ဥရောပမှ ဆီးလမ်းကြောင်း ဆရာဝန်တစ်ဦး၏ သုတေသန အရ ယခုအချိန်တွင် ဒေါက်မြင့်ဖိနပ်များဖြင့် ရပ်တန့်၊ လျှောက်လှမ်း နိုင်ပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။

သူမ၏ လေ့လာချက်အရ အသက် ၅၀ အောက်ရှိ အမျိုးသမီး(၆၆) ဦးအား လေ့လာရာ မြေပြင်နှင့် ခြေထောက် အကြား ၁၅ဒီဂရီရှိသော (တစ်နည်းအားဖြင့် နှစ်လက်မ အမြင့်နှင့် ညီမျှသော ဒေါက်) အမြင့်သည် ပုံမှန် ဖိနပ် (flat shoes) ၀တ်သူများထက် (ကိုယ်တွင်း ကြွက်သား ကျန်းမာရေးအတွက် အထူးတလည် ကုသရန်မလိုအပ်ဘဲ) ကောင်းမွန်သည့် အနေအထား ဖြစ်ကြောင်း သက်သေပြနေသည်။ ယင်းအမြင့်သည် ကိုယ်တွင်း ကြွက်သားများကို အကောင်းဆုံး အနေအထားတွင် ရှိနေစေကာ ကြွက်သား ကျန်းမာသန်စွမ်း၊ ထိန်းချုပ်နိုင်မှုကို အားပေးကြောင်း အကြံပြုထားသည်။

ကိုယ်တွင်း ကြွက်သားများ (pelvic floor muscles) သည် အမျိုးသမီး ကိုယ်ခန္ဓာတစ်ခုလုံးတွင် အရေးပါဆုံး အစိတ်အပိုင်းဖြစ်သည်။ ထို့အပြင် ခန္ဓာကိုယ်ရှိ အခြားအရေးကြီး အစိတ်ပိုင်းများနှင့်လည်း ဆက်စပ်နေသည့် အတွက်လည်း အထူးဂရုပြု အလေးထားရမည့် ကျန်းမာရေး ဖြစ်လေသည်။ “အမျိုးသမီးတွေ အနေနဲ့ အဆိုပါ အပိုင်းရှိ ကြွက်သားများ ကျန်းမာရေးအတွက် လေ့ကျင်ခန်းများ ပြုလုပ်ရာမှာ အဆင်မပြေမှု၊ အခက်အခဲ များနှင့် ရင်ဆိုင် ကြရပြီး ဒေါက်မြင့် ဖိနပ်စီးခြင်းဖြင့် အဆိုပါ ပြဿနာများကို ဖြေရှင်နိုင်လိမ့် မှာပါ” ဟု သူမက ပြောကြားခဲ့သည်။

“ဘရက်ဖို့ဒ်” ပြည်နယ်မှ အမျိုးသမီး ကာယဗေဒ ပညာရှင်တစ်ဦးက ယခုကဲ့သို့ ကြွက်သား ကျန်းမာရေး သီးသန့်အတွက် အာရုံစိုက်ကာ ဒေါက်မြင့်ချွန်ချွန် စီးနိုင်ကြောင်း သက်သေကို သူမနေဖြင့် မထောက်ခံကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ “အမျိုးသမီးဆိုတာ ဒေါက်မြင့်မြင့် ကြိုက်တက်ကြ တာပါပဲ။ အခု လေ့လာတွေ့ရှိချက်က အမျိုးသမီးတွေ ကိုယ်တွင်း အင်္ဂါကြွက်သားများအတွက် အထူးတလည် လေ့ကျင့်ခန်းများ မလုပ်ဆောင် နိုင်ကြသော် ငြားလည်း အမျိုးသမီးထု အတွက် (ဒေါက်မြင့်မြင့် နှင့် အမျိုးသမီး ကျန်းမာရေး ထိခိုက်ခြင်းကို) စိတ်ဖြေပေးလိုက်တဲ့ တွေ့ရှိမှု တစ်ခုပါ” ဟု ပြောကြားခဲ့သည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်