Subscribe to our RSS Feed

သမ္မတအကြံပေး ဒေါက်တာနေဇင်လတ်၏ ဟောပြောပွဲ မန္တလေး၌ ကျင်းပ


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ အကြံပေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာ ဦးနေဇင်လတ်၏ "အထိန်းညှိခံလား၊ ထိန်းညှိသူလား" ခေါင်းစဉ်ဖြင့် ဟောပြောပွဲတစ်ရပ်ကို မန္တလေးမြို့၊ Hotel Mandalay တွင် ယနေ့ (၃၀-၆-၂၀၁၂) ညနေ ၅ နာရီမှ စတင်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အခမ်းအနားသို့ ပရိတ်သက်များ အခန်းလုံးပြည့် တက်ရောက်ခဲ့ပြီး စည်းကမ်းရှိရှိငြိမ်ငြိမ်သက်သက်ဖြင့် နားထောင်ကာ လူအများအပြား နှစ်ချိတ်သဘောကျကြကြောင်း သိရပသည်။

ဒေါက်တာနေဇင်လတ်သည် ရန်ကုန်၊ စက်မှုတက္ကသိုလ်ကျောင်းဆင်းတစ်ဦးဖြစ်ပြီး MBA, Doctor of Business Administration ဘွဲ့များလည်းရရှိထားသူ ဖြစ်သည်။


Myanmar Express

1 comments:

သူ ပြော သွား တဲ့ စ ကား အ ပြည့် အ စုံ တင် ပေး နိုင် ရင် ကောင်း မယ် ဗျာ။ လက် တော့ နည်း နည်း ညောင်း မှာ ပေါ့။ ကို နေ ဇင် လတ် ပြော တာ သ မ္မ တ ကြီး ရဲ့ အာ ဘော် လည်း နည်း နည်း ပါ မှာ ပေါ့ ဗျာ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်