Subscribe to our RSS Feed

မီးသတ်ရေသယ် ယာဉ်အစီးရေ ထပ်မံတိုးမြှင့် သွားမည်


From : MRTV-4

မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့မှ ပြည်တွင်းရှိ မီးဘေး အန္တရာယ်တွေကို ပိုမို ကာကွယ် တားဆီးပေး နိုင်ရေး အတွက် လက်ရှိ မီးသတ် ရေသယ်ယာဉ် စီးရေထက်

ထပ်မံ တိုးမြှင့် ဆောင်ရွက် သွားရန် စီစဉ် လျက်ရှိတယ်လို့ မီးသတ် ဦးစီးဌာနမှ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။ အဆိုပါ မီးသတ်ရေသယ် ယာဉ်အစီး ၁၀၀ ကို ဇူလိုင်လ ၉ ရက်နေ့မှ ၁၆ ရက်နေ့ အထိ တင်ဒါ ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ တင်ဒါ တစ်စောင်လျှင် ငွေကျပ် ၁၀၀၀၀ဖြင့် မီးသတ်ဦးစီး ဌာနမှာ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါ မီးသတ် ရေသယ် ယာဉ်ဝယ်ယူ ရာမှာတော့ ရေဂါလံ ၈၀၀ မှ ၁၂၀၀ ထိ ဆန့် တဲ့ရေသယ် ယာဉ်ကို ၀ယ်ယူမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံခြားကား ကုမ္ပဏီများမှ မြန်မာနိုင်ငံတွင် ကိုယ်စားလှယ် ရုံးခွဲဖွင့်လှစ် ထားသူများလည်း ပါဝင် ဆောင်ရွက် နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ မီးသတ်ရေသယ် ယာဉ်များကို ၀ယ်ယူပြီး မြန်မာ တစ်နိုင်ငံလုံး မှာရှိတဲ့ မီးသတ်ဌာန တွေကို ဖြန့်ဝေ အသုံးပြုစေမှာ ဖြစ်တယ်လို့ သိရပါတယ်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်