From : သမ္မတရုံး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စ ရင်လတ်ရှင်နာဝပ်တို့သည် ဇူလိုင် (၁၃) ရက် ညနေ (၃) နာရီခွဲတွင် ခေတ္တတည်းခိုသည့် ဆီရမ်ရိမြို့ Sokha Angkor Resort Hotel ၌ တွေ့ဆုံဆွေးနွေးကြသည်။
ယင်းသို့ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတကြီး၏ ထိုင်းနိုင်ငံ ခရီးစဉ်နှင့် စပ်လျဉ်းသည်များ၊ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် Sanction များ ရုပ်သိမ်းရေးအတွက် ထိုင်းနိုင်ငံမှ ထောက်ခံပေးခဲ့မှုများ၊ မြန်မာ နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် တိုးတက်ပြောင်းလဲမှုများကြောင့် အမေရိကန် ပြည်ထောင်စုအပါအဝင် နိုင်ငံတကာမှ ထိတွေ့ဆက်ဆံမှု များပြားလာမှုများ၊ အမေရိကန်မှ စီးပွားရေးလုပ်ငန်းရှင်ကြီးများ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီး မြှုပ်နှံရန် ပြင်ဆင်နေမှုများ၊ မြန်မာနိုင်ငံ ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံ ပိုမိုပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရေးကိစ္စရပ်များ စသည်တို့နှင့် စပ်လျဉ်း၍ ရင်းနှီးခင်မင်စွာ ညှိနှိုင်း ဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတ နှင့် အတူ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဒေါက်တာ ဝင်းမြင့်၊ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးချိုထွန်းအောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နှင့်အတူ ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ ကြသည်။
Myanmar Express

1 comments:
အင်တာနက်မှာ ဒီမိုသူတောင်းစား ၀ါဒဖြန့် ၊ ၀ါဒမှိုင်းတွေချည်းပဲ
Myanmar Express မရှိရင် ဘာမှ ကြည့်စရာ မရှိတော့ဘူး
မြန်မာပြည်သူတွေဟာ ဒီမိုခွေးတွေကို တဖြည်းဖြည်း ရွံသထက်ရွံလာပါပြီ။
MEG ရှိလို့ သာ ဟိုဘက်၊ ဒီဘက် နှစ်ဘက်မျှမြင်နိုင်တာ
ဒီမိုကရေစီသဘောကို က ဟိုဘက်၊ ဒီဘက် အပြန်အလှန်ရှိရမှာပေါ့
MEG ကို တဖြည်းဖြည်း ပြည်သူတွေက ပိုမိုကြိုက်နှစ်သက်လာကြပါတယ်
အချိန်ကုန်၊ လူပင်ပန်းခံပြီး မြန်မာနိုင်ငံအတွက် ကြိုးစားပေးတဲ့ MEG အဖွဲ့ သားများ ကို မြန်မာပြည်သူတွေကိုယ်စား ကျေးဇူးတင်ပါတယ်
MEG for Myanmar
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်