From : သမ္မတရုံး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်တို့သည် ဇူလိုင် (၁၃) ရက် ညနေ (၅) နာရီ (၄၅) မိနစ်တွင် ခေတ္တတည်းခိုသည့် ဆီရမ်ရိမြို့ Sokha Angkor Resort Hotel ၌ တွေ့ဆုံ၍ အာဆီယံအဖွဲ့အတွင်း ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ- ကမ0x081ဘေဒီးယား နှစ်နိုင်ငံ အကျိုးတူ ပိုမိုပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၌ ပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ် တိုးတက်ပြောင်းလဲမှုများ စသည်တို့နှင့် စပ်လျဉ်း၍ ရင်းနှီးခင်မင်စွာ ဆွေးနွေး ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်နှင့် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်၊ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးချိုထွန်းအောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်နှင့်အတူ ဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်