Subscribe to our RSS Feed

ဆွေးနွေးပွဲနီးရင် ပိုကြောက်နေတဲ့သူများ . . .

From : KDN

ကချင်ပြည်နယ်ငြိမ်းချမ်းရေးရရှိဖို့ အသစ်ပြန်လည်ဖွဲ့စည်းခဲ့တဲ့ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ KIA ကချင်လက်နက်ကိုင်အဖွဲ့တို့ အလွတ်သဘောဆွေးနွေးခဲ့တာ (၃)ကြိမ်ရှိခဲ့ပါပြီ။ သို့သော် လည်း နှစ်ဖက်အပစ် အခတ်ရပ်စဲရေးအတွက် ရေရာတဲ့အဖြေမရရှိသေးတဲ့အပြင် ဆွေးနွေးပွဲနီးရင် စစ်တပ်က စခန်းတွေကို ခဏခဏသွား ပစ်ခိုင်းနေလို့ KIA တပ်ဖွဲ့ဝင်များအကြား ဘာဆက်လုပ်ရမည်ကို ဝေခွဲ၍မရကြောင်း ကြားသိရပါတယ်။ လဂျားယန်အပေါ်ကုန်းမှာနေရတဲ့ KIA တပ်ကြပ်ကြီးတစ်ဦးကတော့ `` မိုင်ဂျာယန်မှာ ဆွေးနွေးပွဲ လုပ်တော့မယ် ဆိုရင် ကျွန်တော်တို့ အဖွဲ့တွေဆီလှမ်းပြောတယ်။ အစည်းအဝေးလုပ်တော့မယ် ဆိုတဲ့အကြောင်းပေါ့၊ တစ်ပတ် လောက် ကြိုပြောတယ်၊ လွယ်ဂျယ်လမ်းကြောင်းပေါ်မှာ ဆွေးနွေးမဲ့အဖွဲ့တွေလာရင် မပစ်ဖို့ မခတ်ဖို့ပေါ့၊


ဒါပေမဲ့ ၃/၄ ရက်အလိုလောက်ကျရင် ကျွန်တော်တို့ကို စစ်တပ်ကိုသွားပစ်ခိုင်းတယ်၊ မှတ်မှတ်ရရဗျာ မေလ ၂၈ ရက်လောက်မှာ လဂျားယန်ရယ်၊ နားလုံရယ်၊ နန်ပေါင်ရယ် တစ်နေကုန်ပစ်ခိုင်းတယ်။ စစ်တပ်က လက်နက်အကြီးကြီးတွေ ပြန်မပစ် မချင်း တောက်လျှောက် ပစ်ခိုင်းတယ်၊ ကံကောင်းလို့မသေတာဗျာ၊ နောက်တစ်ခါလည်း ဒီလိုပဲဗျ . . ဇွန်လ ၂၀ ရက်နေ့ မိုင်ဂျာယန်ဘက်မှာ လူကြီးတွေဆွေးနွေးမယ်ပြောတယ်။ ၁၆ရက်နေ့ညကျတော့ ကျွန်တော်တို့ကို အလုပ် ခိုင်းတယ်လေ၊ ၁၇/၁၈ နှစ်ရက်ဆက်တိုက်ဘဲ ထမင်းတောင် ငတ်တယ်။ ဘာဖြစ်လို့ပစ်ခိုင်း တာလဲလို့ ဗိုလ်ကြီးကို မေးကြည့်တော့ . . ဆွေးနွေးပွဲကျရင် စစ်တပ်က လက်နက် အကြီးကြီးတွေပစ်ပါတယ်လို့ ပြောလို့ရအောင်လို့ကွာလို့ ပြန်ပြောတယ်၊ ကျွန်တော်တို့တော့ တော်တော်လေးအံ့သြနေပြီ၊ နောက်တစ်ခါဆွေးနွေးတော့မယ်ဆိုရင် ဘယ်ကို သွားပစ်ခိုင်းအုံးမလဲ မသိဘူး ´´ လို့ပြောဆိုလာ ပါတယ်။

Myanmar Express

3 comments:

KIA က KNU လိုမဟုတ်ဘူးဆိုတာ အစကတဲက ပြောသားဘဲ ကလိန်ကကျစ်တွေ သွေးမရှိတဲ့ကောင်တွေ အနုနည်းနဲ့မရရင် အကြမ်းနည်း သုံးရမှာဘဲ

KIA ဆိုတာ ချီးထုပ်တွေ။ ဗုံးခွဲတယ် ကချင်တွေ။ သေကုန်တယ် ကချင်တွေဘဲ။ အဓိပ္ပါယ် မရှိတာတွေ လျှောက်လုပ်နေတဲ့ ဆောက်ရူးတွေ။

စစ်တပ်က တကယ့်လက်နက်အကြီးကြီးတွေနဲ့
ပစ်ပြီး တကယ်တိုက်ရင် နင်တောင်စကားပြော
နိုင်မှာ မဟုတ်တော့ဘူး။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်