Subscribe to our RSS Feed

ဒုသမ္မတ တင်မြှောက်ရန် အရည်အချင်း ပြည့်စုံမှု ရှိ မရှိ စိစစ် ရွေးချယ်ရေး အဖွဲ့ ဖွဲ့


From : The Voice

ကျန်းမာရေး အခြေအနေကြောင့် နုတ်ထွက်စာ တင်ထားသော ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နေရာအတွက် ဒုတိယသမ္မတ တစ်ဦး ထပ်မံ ရွေးချယ် တင်မြှောက်ရန် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၏ အရည်အချင်း ပြည့်စုံမှု ရှိ မရှိ စိစစ် ရွေးချယ်ရေး အဖွဲ့ကို ယနေ့ စတင်ဖွဲ့စည်းလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

ယင်းစိစစ် ရွေးချယ်ရေး အဖွဲ့တွင် အမျိုးသားလွှတ်တော် ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ တစ်ဦး၊ ရွေးကောက်ခံ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ တစ်ဦး၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ တစ်ဦး စုစုပေါင်း ခုနစ်ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း၊ အဆိုပါ အဖွဲ့တွင် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဟင်္သာတမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးနှင့် ရွေးကောက်ခံ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ မန္တလေးတိုင်း ဒေသကြီးမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေတို့ ပါဝင် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း လွှတ်တော်တွင် သွားရောက် သတင်းယူနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက အမည်စာရင်း တင်သွင်းရမည့် ဒုတိယ သမ္မတနေရာအတွက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကို ပြည်ထောင်စု လွှတ်တော်ထံသို့ အမည်စာရင်း တင်သွင်း လိုက်ပြီ ဖြစ်ကြောင်း ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြည်သူ့ လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တစ်ဦး နှင့် နေပြည်တော်ရှိ အစိုးရအဖွဲ့ဝင်များ၏ အဆိုအရ သိရသည်။

ဦးမြင့်ဆွေမှာ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီး(အငြိမ်းစား) သန်းရွှေနှင့်လည်း အလွန် ရင်းနှီးသည့် ဆက်ဆံရေး ရှိပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကို ကိုင်တွယ် ဖြေရှင်းခဲ့သူ တစ်ဦးအဖြစ်လည်း လူသိများသူ တစ်ဦးဖြစ်သည်။

၂၀၁၁ ဇန်န၀ါရီလ ၃၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ကျင်းပသော ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ပုံမှန် အစည်းအဝေးတွင် သမ္မတ ရွေးချယ် တင်မြှောက်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့တွင် သူရဦးရွှေမန်း၊ ဦးနန္ဒကျော်စွာ၊ ဦးသောင်း၊ ဦးခင်အောင်မြင့်၊ ဦးမျိုးမြင့်၊ ဦးမြညိမ်း တို့အပါအဝင် တပ်မတော် အမတ်တစ်ဦး စုစုပေါင်း ၇ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

Myanmar Express

2 comments:

President U Thein Sein is Rakhine.
Vice President (1) Dr.Sai Mauk Kham is Shan.
Vice President (2) U Myint Swe is Mon.
Where is my Bamar President?

အာဏာရှိသူ ငွေကြေးချမ်းသာသူ လူသားအကျိုး ပိုပြီးလုပ်နိင်မှာပါ။
ဂျပန်သူဌေးဆီမှာ၂နှစ်အလုပ်မလုပ်ရဘဲလခယူနေရတာကြာတော့ရှက်လါတယ် တစ်နေ့မှာသူဌေးလါတဲ့အခါ ကျွန်တော်ကအလုပ်ထွက်တော့မယ်ပြောတော့ ဘာကြောင့်လဲမေးတယ် ကုမ္မဏီက၀င်ငွေမရှိလို့ ငါလခယူရတာ ရှက်လါလို့ပါပြောတော့ (ဘက)အရှုးသန့်ရှင်းရေးဘဲလုပ်ကွာဆိုပြီး ဆူသွားခဲ့ပါတယ် တစ်နေ့ကုမ္မဏီဘောနက်(စ်)ပေးတဲ့နေ့ ဘိုးလိန်းကစားရုံမှာရှယ်ယာသူဌေးတွေ စုထိုင်နေရာက ကျွန်တော့်ကိုလှမ်းခေါ်ပြီး မင်းတို့(ဘိရုမာ)ဗမာရဲ့စိက်ဓါတ်တွေ အရမ်းချစ်ဖို့ကောင်းသလို ငါတို့(နီဟွန်းဂျင်း)ဂျပန်လူမျိုးတွေ အကြောင်းလဲပြောပြမယ်နော်ဆိုပြီး ငါတို့ကုမ္မဏီလွန်ခဲ့တဲ့ ၁၀နှစ်ကြော် (ဥပမာ)တစ်နေ့ကို တစ်သန်းမြတ်ခဲ့တယ် ၁၀နှစ်- ယနေ့တစ်နေ့ကိုတစ်သိန်းရှုံးတာ၂နှစ် အဲဒီလိုရှုံးတာကိုကြည့်ပြီး ကုမ္မဏီကိုပိတ်လိုက်ရင် အလုပ်သမားထောင်ပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်သွားမှာစိုးလို့တဲ့လေ။ ၂၀၀၄ခုနှစ် ကျွန်တော်ပြန်ရောက်လါပြီး လူသားအကျိုးပြုရန်မီးကုန်ရမ်းကုန် ကြိုးစားခဲ့ပါတယ်ဒါပေမဲ့……..
နိုင်ငံရေးငါမသိဘူးကွာ တိုင်းပြည်တိုးတက်ဖို့အတွက်အတ္တမရှိဘဲ တကယ့်လက်တွေ့လုပ်နေသူတွေ ပေါင်းပြီးတည်ဆောက်ကြပါ၊ (ဥပမာ)ယခင်က(ပင်လုံစာချုပ်မှလွတ်လပ်ရေး၊လွတ်လပ်ရေးမှပါတီစုံ)ယခု(လက်တွေ့လုပ်နေသူတွေပေါင်းမှဒီမိုကရေစီ၊ဒီမိုကရေစီမှပါတီစုံ) အားလုံးနည်းနည်းလေးမှားနေသလိုဘဲနော်။
အရီးကြီးခေတ်ဆိုတာ ရှိခဲ့တဲ့အတွက် ငါကိုယ်တိုင်မျိုးမစစ်ပေမဲ့ လူစစ်ဖို့ လူပီသဖို့တော့လိုတယ် အမြဲဆန်းစစ်နေတယ်ကွာ၊တို့ကတာဝန်အရဆိုတဲ့စကား မင်းမိသားစုအတွက်ပါ တိုင်းပြည်အတွက် မဟုက်ပါဘူး ပြန်ဆန်းစစ်ပါအုံးကွာ။ မင်းကောလူသားတွေအတွက် သွားကြားထိုးတံ တန်ဘိုးလောက် လုပ်ပြီးပြီလါး၊ တိုင်းပြည်ဖျက်မဲ့ ငါကဘာကောင် ဘာရာထူးကွ ငါကခေါင်းဆောင်ကွ ဆိုတဲ့ဝေလေလေစုန်းပြူးတွေဖယ်ရှားပြီး လက်တွဲကြပါ၊ကောလဟာလနဲ့ အာချောင်မယ်ဆို ဝေးဝေးနေပေးပါ၊မင်းကတကယ်ဘဲ တာဝန်အရဘဲဖြစ်ဖြစ် မျိုးချစ်စိက်နဲ့ဘဲဖြစ်ဖြစ် တိုင်းပြည်တိုးတက်ဖို့ လုပ်မယ်ဆိုရင်(ရှေ့ကသွားရင်အီးမပေါက်နဲ့ နောက်ကလိုက်ရင် ဖိနပ်မနင်းနဲ့ကွာ အရမ်းစိက်ဆိုးတယ်) ငါတို့နိင်ငံက ကမ္ဘာမှာအရမ်းနောက်ကြနေပြီ အချိန်မရှိပါ။
လူသားအကျိုးပြုဂီတဥယျာဉ် (၀၉၅၀ ၈၂၈၀၈) တာမွေလူမိုက်ကြီး ၀င်းကိုလှိုင် JJ (CLUB) နားမှာနေတယ်………
http://www.facebook.com/media/set/?set=a.482823941733642.110392329.100000181218020&type=3&l=a6af18c97d

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်