ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်  ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်  ကိုယ်စားလှယ်) ဦးဌေးဦး သည် ဇူလိုင်လ (၇) ရက်နေ့ နေ့လည်ပိုင်းက  ဧရာဝတီတိုင်းဒေ သကြီး အစိုးရအဖွဲ့၊ သစ်တောနှင့် သတ္တုဝန်ကြီးဌာန  ၀န်ကြီးဦးစိုးမြင့်၊ ကရင် တိုင်းရင်းသား ရေးရာဝန်ကြီး  ဦးမန်းသန်းရွှေတို့နှင့် အတူ ယုန်သ လင်းကျေးရွာနှင့် တလုထ္ထော်ကျေးရွာ  သွားလမ်း၊ ဒါးကချောင်းပေါ် တည်ဆောက်ထားသော အလျား ၈၀ ပေ အကျယ် ၁၆ ပေ၊ အမြင့်  ၂၅ ပေရှိ သံကူ ကွန်ကရစ်တံတား ဆောက် လုပ်ပြီးစီးမှုအား သွားရောက်  ကြည့်ရှုခဲ့သည်။
 
 ပြည်ခိုင်ဖြိုးပါတီ  အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)  ဦးဌေးဦး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သစ်တောနှင့် သတ္တုဝန်ကြီးဌာန  ၀န်ကြီးဦးစိုးမြင့်၊ ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး  ဦးမန်းသန်းရွှေတို့နှင့်အတူ ယုန်သလင်းကျေးရွာနှင့် တလုထ္ထော်ကျေးရွာ  သွားလမ်း၊ ဒါးကချောင်းပေါ် တည်ဆောက်ထားသော သံကူကွန်ကရစ်တံတား  ဆောက်လုပ်ပြီးစီးမှုအား သွားရောက်ကြည့်ရှုစဉ်
  
     ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီ  အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)  ဦးဌေးဦး သည် ယုန် သလင်းကျေးရွာ အထက်တန်းကျောင်း သို့ သွားရောက်၍ ယုန်သလင်းကျေးရွာ အထက်တန်းကျောင်း "သမူဟ"  ခန်းမတွင် ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ၊  လူမှုရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့သည်။
 
 
 ပြည်ခိုင်ဖြိုးပါတီ  အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)  ဦးဌေးဦး ယုန်သလင်းကျေးရွာ အထက်တန်းကျောင်း  "သမူဟ" ခန်းမတွင်  ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေး အသင်း  အဖွဲ့များနှင့် တွေ့ဆုံအမှာစကား ပြောကြားစဉ်
 Myanmar Express
 
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်