Subscribe to our RSS Feed

လေကြောင်း ဆိုင်ရာ ပုဂ္ဂလိက ကုမ္ပဏီ တည်ထောင် သွားမည်


From : MRTV-4

လေဆိပ် လုပ်ငန်းများ တွင်ကျယ် လာစေဖို့နဲ့ လေကြောင်း ဆိုင်ရာ စီးပွားရေး လုပ်ငန်းများကို ပုဂ္ဂလိက လုပ်ငန်းရှင်များ လုပ်ကိုင်နိုင်ဖို့ အတွက် လေကြောင်း

ဆိုင်ရာ ပုဂ္ဂလိက ကုမ္ပဏီ တည်ထောင် သွားရန် ရှိတယ်လို့ သိရပါတယ်။ အဆိုပါ လေကြောင်း ဆိုင်ရာ ပုဂ္ဂလိက ကုမ္ပဏီ Myanmar Airport Group Holding Co.,Ltd ဟာ လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနနဲ့ သက်ဆိုင်မှု မရှိပဲ နိုင်ငံတော် အစိုးရပိုင်းမှ တာဝန်ယူပြီး အစိုးရ ကုမ္ပဏီ အဖြစ် ဖွဲ့စည်း သွားမှာ ဖြစ်ပြီး နောက်ပိုင်း မှာတော့ တဖြည်းဖြည်းနဲ့ ပုဂ္ဂလိက ကုမ္ပဏီ အဖြစ် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါ ပုဂ္ဂလိက ကုမ္ပဏီ တည်ထောင်ရာမှာ အစိုးရပိုင်းမှ အကြီးအကဲများနဲ့ လေဆိပ် လုပ်ငန်း တွေကို နားလည် တတ်ကျွမ်းတဲ့ ကြီးကြပ်ရေးမှူး များမှ ဖွဲ့စည်း တည်ထောင် သွားမှာ ဖြစ်ပါတယ်။ ဒီလို တည်ထောင် ရာမှာ လေဆိပ် စီမံခန့်ခွဲမှုများ ဆောင်ရွက်ဖို့ အတွက် အဖွဲ့အစည်းနဲ့ လေဆိပ် တွေကို ကြီးကြပ်ဖို့ အတွက် အဖွဲ့ဆိုပြီး ၂ ဖွဲ့ထားရှိ သွားမှာ ဖြစ်တယ် လို့လည်း လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

အဆိုပါ လေကြောင်း ဆိုင်ရာ ပုဂ္ဂလိက ကုမ္ပဏီဟာ လေကြောင်းနဲ့ သက်ဆိုင်တဲ့ စီးပွားရေး ဆိုင်ရာ လုပ်ငန်းများ ကိုသာ လုပ်ကိုင်မှာ ဖြစ်ပြီး ဌာန အနေဖြင့် စည်းမျဉ်း စည်းကမ်း ချမှတ်ရေးနဲ့ ကြီးကြပ် စစ်ဆေးရေး လုပ်ငန်းများ ကိုသာ လုပ်ကိုင် သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ လေကြောင်း ဆိုင်ရာ ပုဂ္ဂလိက ကုမ္ပဏီ လုပ်ငန်းရပ်များ ဖွံ့ဖြိုး လာပါက အများပိုင် ကုမ္ပဏီ အနေနဲ့ အစု ရှယ်ယာများ ရောင်းချ သွားဖို့ပါ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်