Subscribe to our RSS Feed

အလယ်တန်းနှင့် မူလတန်း ကျောင်းအုပ်များ၏ လစာအား တိုးမြှင့်ပေးသွားမည်


From : ခေတ်လူငယ်

စွမ်းဆောင်ရည် မြင့်မားပြီး လူမှုစီးပွား အဆင့်အတန်း မြင့်မားလာစေရန်အတွက် အလယ်တန်း ကျောင်းအုပ် ရာထူးနှင့် မူလတန်း ကျောင်းအုပ် ရာထူးများ၏ လစာနှုန်းထားများကို ပြင်ဆင်တိုးမြှင့်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ထိုသို့ သီးခြားလစာစရိတ် တိုးမြှင့်ပေးမှုမှာ လက်ရှိ အစိုးရလက်ထက်တွင် ပထမဆုံးသော အစီအစဉ် ဖြစ်သကဲ့သို့ ပညာရေးလောက အတွက်လည်း ထူးခြားသော အစီအစဉ်တစ်ရပ် ဖြစ်သည်ဟု ပညာရေးအသိုင်းအဝိုင်းများမှ ပုဂ္ဂိုလ်များက သုံးသပ်ခဲ့ကြသည်။ ‘နိုင်ငံတော်အနေနဲ့ ရှေ့အလားအလာကို ကြည့်ပြီး လုပ်ဆောင်တာဖြစ်လို့ ကြိုဆိုပါတယ်။ ပညာရေး လောကရဲ့ လိုအပ်နေတဲ့ အနေအထားကို တွေ့မြင်လို့ ပြင်ဆင်ပေးတာလို့လည်း ယူဆလိှု့ရတယ်’ ဟု အငြိမ်းစား ကျောင်းအုပ်ဆရာမတစ်ဦးက သုံးသပ်သည်။ အလယ်တန်း ကျောင်းအုပ်ဆရာတစ်ဦး၏ လက်ရှိလစာ ၆၄၀၀၀ ကျပ်ဖြစ်ပြီး နောင်တွင် ကျပ်တစ်သိန်းတစ်သောင်းသို့ လည်းကောင်း၊ မူလတန်း ကျောင်းအုပ်ရာထူး၏ လက်ရှိလစာ နှုန်းထားမှာလည်း ကျပ် ၅၈၀၀၀ မှ နောင်တွင် ၆၄၀၀၀ ကျပ်သို့ တိုးမြှင့်ပေးသွားမည် ဖြစ်သည်ဟု သိရသည်။ ‘လစာနှုန်းထား တိုးပေးမယ်ဆိုတော့ ပိုပြီး လုပ်ကိုင်လာနိုင်တယ်။ ဒါက ကျွန်တော်တို့ မျှော်လင့်မထားဘဲ ရလာတဲ့ အခွင့်အရေးပါ’ ဟု ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အလယ်တန်း ကျောင်းအုပ်ဆရာတစ်ဦးက ဆိုသည်။ မြန်မာနိုင်ငံတွင် အလယ်တန်း ကျောင်းအုပ် ၂၂၃၁ ဦး၊ မူလတန်းကျောင်းအုပ် ၃၆၁၆၈ ဦးရှိကာ လက်ရှိဝန်ထမ်းများ၏ အရည်အသွေး အရည်အချင်းများကို စိစစ်ပြီး တိုးမြှင့်ပေးသင့်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူက နိုင်ငံပိုင် သတင်းစာသို့ ပြောကြားထားချက်အရ သိရသည်။ ထို့အပြင် မူလတန်းပြဆရာ၊ ဆရာမ ၆ သောင်းကိုလည်း လုပ်သက်၊ ပညာအရည်အချင်းများ စိစစ်ပြီး အလယ်တန်းပြများအဖြစ် ရာထူးတိုးမြှင့်ပေးဖို့ ရှိကာ နိုင်ငံတော်အနေဖြင့် မူလတန်းပြဆရာတစ်ဦး လစာ ၅၂၀၀၀ ကျပ် အလယ်တန်းပြ လစာ ၅၈၀၀၀ ကျပ် ပေးထားကြောင်း သိရသည်။ နိုင်ငံတော်အနေဖြင့် နိုင်ငံတဝှမ်း ကျောင်းများအတွက် ထပ်မံခန့်အပ် ဖြည့်ဆည်းပေးရမည့် ဆရာ၊ ဆရာမ အရာထမ်း ၆၉၅ ဦး ၊ အမှုထမ်း ၁၉၇၇၀ ၊ ဝန်ထမ်း ၄၄၂၂ ဦး စုစုပေါင်း ၂၄၈၈၇ ဦးတို့ကို နှစ်အလိုက် တိုးချဲ့ခန့်သွားရန်ရှိပြီး ယင်းဝန်ထမ်းများ၏ တစ်လ လစာစရိတ် ငွေကျပ် ၁၃၄၀ ဒသမ ၇၆၂ သန်းနှုန်းဖြင့် တစ်နှစ်အတွက် ငွေကျပ် ၁၆၀၈၉ ဒသမ ၁၄၄ သန်း ကျခံ သုံးစွဲသွားမည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

5 comments:

မှုလတန်း ဆရာ/ဆရာမ တစ်ယောက်၏ ကျုရှင်ပြသော တစ်ဝင်ငွေလစာ မှာ ၃ သိန်းထက်မနည်းရှိပါသည်။ နိုင်ငံတော်ရဲ့ ဘဏ္ဍာ
ငွေ ကိုမလိုဘဲ မဖြုန်းပါနဲ့ ။ဆရာ/ဆရာမ တွေအရည်အချင်းရှိမှ အရည်ချင်းနဲ့ လိုက်ညီသော လစာသာ တိုးမြင့်သင့်ပါသည်။

My Friend, somebody will get i think 5% in the country. You go and the teachers in the village. How they are surviving. But agree to improve their scale.

မှန်ပါတယ် ၄င်းတို့အနေနဲ့ မူလတန်းပြသာ ဖြစ်ချင်ကြတယ် လို့သိရပါတယ် ကျူရှင်ရိုးရိုး တစ်ယောက် တစ်သောင်း။ရှယ်တန်း တစ်ယောက် သုံးသောင်းကျပ် လက်ရှိပေါက်ဈေး ဖြစ်နေပါတယ်။အခါအားလျော်စွာ ၄င်းတို့သာရေး နာရေး လက်ဆောင်ပေးရ တောင်းကြတာတွေ မပါသေးပါ။အမှန်တွေ ဖြစ်ပါတယ်။ကျူရှင်မယူသော ကျူရှင်ကြေး မတတ်နိုင်ကြသော ကလေးများကို အမျိုးမျိုး ပြသနာ ရှာကြပါသေးသည်။မယုံလျှင် စုံစမ်းကြည့်ကြပါ။

၎င်းဈေးနှုန်းများမှာ တစ်လဈေးနှုန်း ဖြစ်ပါတယ်။ရှယ်တန်း ဆိုသည်မှာ စနေ တနင်္ဂနွေ နှစ်ရက်သင်ခြင်းဖြစ်ပြီး ပုံမှန်တန်းမှာ ညနေကျောင်းဆင်းပြီးချိန် ခဏသင်ခြင်း ဖြစ်ပါသည်။

မန္တလေးမှာ မူလတန်းကျောင်းအုပ်ရဲ့သား မင်္ဂလာဆောင်ကို သူငယ်တန်းမှစ၍ ကျောင်းရှိကျောင်းသားကုန် တစ်ယောက်မကျန် ဖိတ်စာဝေပြီး မလာမနေရ လာခိုင်းပါါတယ်။တစ်ယောက်အနဲဆုံး ၃ထောင် လက်ဖွဲ့ရပါတယ်။ကိုယ်တွေ့ပါ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်