Subscribe to our RSS Feed

စင်ကာပူနိုင်ငံရှိ East Village ဟိုတယ်တွင် မီးလောင်မှုဖြစ်ပွား


From : planet

စင်ကာပူနိုင်ငံရှိ East Village ဟိုတယ်တွင် ယနေ့နံနက်ပိုင်းက မ်ီးလောင်မှုဖြစ်ပွားကြောင်း Channel News Asia သတင်းက ပြောကြားသည်။ အမှတ် ၂၅၊ Marine Parade လမ်းပေါ်ရှိ အဆိုပါဟိုတယ်မှ ကြီးမားသည့် မီးခိုးထုကြီးထွက်ပေါ်လာသည်ကို မြင်တွေ့ရကြောင်း မျက်မြင်များကဆိုသည်။

စင်ကာပူအချိန် ယနေ့နံနက် ၉း၀၆ မိနစ်တွင် ဟိုတယ်မီးလောင်မှုသတင်းကို ရရှိခဲ့ကြောင်း စင်ကာပူ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့က အတည်ပြု ပြောကြားသည်။ မီးလောင်မှုမှာ ဟိုတယ်၏ မြေအောက်ထပ်မှ စတင်ခဲ့ကြောင်း သိရှိရသည်။ စင်ကာပူအချိန် မွန်းလွဲ ၁း၀၀ အချိန်အထိ East Village ဟိုတယ်မှ မီးခိုးများထွက်နေဆဲဖြစ်သည်။






မီးလောင်မှုအတွင်း လူ ၅၀ ဦးအား ဘေးလွတ်ရာသို့ ကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ရပြီး ကလေး ၄ ဦး၊ လူကြီး ၅ ဦးနှင့် မီသတ်သမား ၂ ဦးမှာ ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ တင်ပို့လိုက်ရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။










Channel News Asia ၏ နောက်ဆွဲတွဲသတင်းအရ မီးလောင်ကျွမ်းမှုမှာ စားသောက်ဆိုင်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်